
ကိုဗစ်- ၁၉ ရောဂါကူးစက်မှုတွေကြောင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တောင်သမန်အင်းအနီးရှိ မဟာဂန္ဓာရုံကျောင်းတိုက်သို့ ကမ္ဘာ့လှည့် ခရီးသွားများ လာရောက် လေ့လာ လည်ပတ်ခွင့်ကို ၂၀၂ဝခုနစ် မတ်လ က စတင်ပိတ်ထားခဲ့ရာ ယခုအခါ ပြန်လည် လာရောက် လေ့လာ လည်ပတ်ခွင့် ပြုလိုက်ပြီဖြစ်တဲ့အတွက် ဂျပန်နိုင်ငံနဲ့ သြစီနိုင်ငံတို့က ပြည်ပခရီးသွားဧည့်သည်အချို့ စတင်လာရောက်လျှရှိတယ်လို့ သိရပါတယ်။
ယခင်က အဆိုပါ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်သို့ နေ့စဉ် တရုတ်နိုင်ငံသား ခရီသွားဧည့်သည်များ အပါအဝင် ကမ္ဘာ့လှည့် ခရီသွားဧည့်သည် ၁၀၀၀ ကျော် လာရောက်လည်ပတ်မှုရှိခဲ့တယ်လို့လည်း သိရှိရပါတယ်။
မဟာဂန္ဓာရုံကျောင်းတိုက်ကို ၁၉၁၄-ခုနှစ်ခန့်က အမရပူရ၊ စစ်ကိုင်းစုရပ်မှ ဦးဘိုးသာက မူလတောရကျောင်း နေရာအား စတင်ရည်စူးခဲ့၍ ၁၉၁၈-ခုနှစ်ခန့်တွင် သားဖြစ်သူ ဦးစံဒွန်းက အကောင်အထည်ဖော် တည်ဆောက်ခဲ့တာဖြစ်ပြီး စစ်ကိုင်း မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်က ကျောင်းတိုက်အမည်ပေးခဲ့တာဖြစ်ပါတယ်။
အဆိုပါကျောင်းတိုက်မှာ ပထမဆုံး သီတင်းသုံးခဲ့တဲ့ ဆရာတော်ကတော့ သက်တော်ငယ်စဉ်ကပင် ပျံလွန်တော်မူသွားတဲ့ အတိသုခ ဆရာတော်နဲ့ အတီးစုရပ် ဦးသီလဝန္တ ဆရာတော်နှစ်ပါးတို့ဖြစ်ပြီး အဲဒီနောက် ဒုတိယကမ္ဘာစစ်အပြီးမှာ မဟာဂန္ဓာရုံဆရာတော်လို့ လူသိများ ထင်ရှားတဲ့ အရှင်ဇနကာဘိဝံသက စာပေပရိယတ်ကျောင်းကြီးကို စတင်ထူထောင်ခဲ့ရာမှ ကမ္ဘာကစိတ်ဝင်စားခဲ့တာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လေ့လာခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။
#mhtnews

(Zawgyi)
ကိုဗစ္ေၾကာင့္ ပိတ္ထားခဲ့တဲ့ မဟာဂႏၶာ႐ုံေက်ာင္းတိုက္သို႔ ကမၻာ့လွည့္ ခရီးသြားမ်ား လာေရာက္ေလ့လာလည္ပတ္ခြင့္ကို ႐ုတ္သိမ္းၿပီး ျပန္လည္ခြင့္ျပဳ”
ကိုဗစ္- ၁၉ ေရာဂါကူးစက္မႈေတြေၾကာင့္ မႏၱေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္ ေတာင္သမန္အင္းအနီးရွိ မဟာဂႏၶာ႐ုံေက်ာင္းတိုက္သို႔ ကမၻာ့လွည့္ ခရီးသြားမ်ား လာေရာက္ ေလ့လာ လည္ပတ္ခြင့္ကို ၂၀၂ဝခုနစ္ မတ္လ က စတင္ပိတ္ထားခဲ့ရာ ယခုအခါ ျပန္လည္ လာေရာက္ ေလ့လာ လည္ပတ္ခြင့္ ျပဳလိုက္ၿပီျဖစ္တဲ့အတြက္ ဂ်ပန္နိုင္ငံနဲ႕ ၾသစီနိုင္ငံတို႔က ျပည္ပခရီးသြားဧည့္သည္အခ်ိဳ႕ စတင္လာေရာက္လွ်ရွိတယ္လို႔ သိရပါတယ္။
ယခင္က အဆိုပါ အမရပူရၿမိဳ႕နယ္ မဟာဂႏၶာ႐ုံေက်ာင္းတိုက္သို႔ေန႕စဥ္ တ႐ုတ္နိုင္ငံသား ခရီသြားဧည့္သည္မ်ား အပါအဝင္ ကမၻာ့လွည့္ခရီသြားဧည့္သည္ ၁၀၀၀ ေက်ာ္လာေရာက္လည္ပတ္မႈရွိခဲ့တယ္လို႔လည္း သိရွိရပါတယ္။
မဟာဂႏၶာ႐ုံေက်ာင္းတိုက္ကို ၁၉၁၄-ခုႏွစ္ခန႔္က အမရပူရ၊ စစ္ကိုင္းစုရပ္မွ ဦးဘိုးသာက မူလေတာရေက်ာင္း ေနရာအား စတင္ရည္စူးခဲ့၍ ၁၉၁၈-ခုႏွစ္ခန႔္တြင္ သားျဖစ္သူ ဦးစံဒြန္းက အေကာင္အထည္ေဖာ္ တည္ေဆာက္ခဲ့တာျဖစ္ၿပီး စစ္ကိုင္း မဟာဂႏၶာ႐ုံေက်ာင္းတိုက္ ဆရာေတာ္က ေက်ာင္းတိုက္အမည္ေပးခဲ့တာျဖစ္ပါတယ္။
အဆိုပါေက်ာင္းတိုက္မွာ ပထမဆုံး သီတင္းသုံးခဲ့တဲ့ ဆရာေတာ္ကေတာ့ သက္ေတာ္ငယ္စဥ္ကပင္ ပ်ံလြန္ေတာ္မူသြားတဲ့ အတိသုခ ဆရာေတာ္နဲ႕ အတီးစုရပ္ ဦးသီလဝႏၱ ဆရာေတာ္ႏွစ္ပါးတို႔ျဖစ္ၿပီး အဲဒီေနာက္ဒုတိယကမၻာစစ္အၿပီးမွာမဟာဂႏၶာ႐ုံဆရာေတာ္လို႔ လူသိမ်ား ထင္ရွားတဲ့အရွင္ဇနကာဘိဝံသက စာေပပရိယတ္ေက်ာင္းႀကီးကို စတင္ထူေထာင္ခဲ့ရာမွ ကမၻာကစိတ္ဝင္စားခဲ့တာျဖစ္ၿပီး ကမၻာလွည့္ခရီးသြားေတြ လာေရာက္ေလ့လာခဲ့ၾကတာျဖစ္ေၾကာင္း သိရပါတယ္။
#mhtnews
Recent Comments