ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း QR code ပါသည့်ကဒ်ကို ဧပြီ ၇ ရက်မှစ၍ ငွေကျပ် (၅ဝဝဝ)ပေးသွင်းကာ online မှအလွယ်တကူ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး Electronic မှတ်တမ်း (English Version) ကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာဖြစ်သည့် c19vc.moh.gov.mm တွင် လျှောက်ထားရယူရမည်ဖြစ်ကြောင်းသိရသည်။

Electronic Vaccination Certificate သည် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ၏ ကာကွယ်ဆေးထိုးအချက်အလက်များကို Vaccination Management Information System (VMIS) စနစ်တွင် စာရင်းမှတ်တမ်းသွင်းပြီး အဆိုပါ VMIS စနစ်မှ မြန်မာဘာသာဖြင့်ထုတ်ပေးသည့် QR code, Check ID ပါသည့် ကာကွယ်ဆေးထိုးမှတ်တမ်းရှိသူများ လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။

ထိုသို့လျှောက်ထားရာတွင် တင်သွင်းရန်လိုအပ်သည့်အချက်များမှာ Online စနစ်ဖြင့် လျှောက်ထားသူမှ အမည်၊ အဘအမည်၊ Passport No.၊ VMIS စနစ်မှ မြန်မာဘာသာဖြင့် ထုတ်ပေးသည့် ကာကွယ်ဆေးထိုးမှတ်တမ်းပေါ်ရှိ Check ID (CHK_ID) နှင့် ဖုန်းနံပါတ် စသည့်အချက်များကို ဖြည့်သွင်းရမည်ဖြစ်ကြောင်း၊ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (အရှေ့ဘက်)၊ Passport ၏ Bio data ပါသည့် စာမျက်နှာနှင့် VMIS-မြန်မာဘာသာ ဆေးထိုးမှတ်တမ်းဓါတ်ပုံများတွဲ၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အချက်အလက်များဖြည့်သွင်းပြီးပါက mobile payment ဖြင့် လျှောက်ထားသူ တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ ပေးသွင်းရမည်ဖြစ်ပြီး mobile payment အသုံးပြုမှုအတွက် transaction charge (၂ဝဝ)ကျပ် ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

mobile payment အတွက် ကနဦးအနေဖြင့် CB Pay, Myanmar Citizen Pay, UAB Pay, KBZ Pay တို့ အသုံးပြု၍ ငွေပေးသွင်းနိုင်မည်ဖြစ်သည်။

Vaccination Certificate လျှောက်ထားသူများအနေဖြင့် အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းလျှောက်ထားပါက ရုံးဖွင့်ရက် (၅) ရက်အတွင်း COVID-19 Vaccination Electronic Certificate ကို c19vc.moh.gov.mm တွင် မိမိကိုယ်တိုင် ရယူနိုင်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရန် မိမိတို့ စတင်လျှောက်ထားစဉ်က ရရှိသည့် Token Key နှင့် Check ID (CHK_ID) အသုံးပြု၍ ရယူရမည်ဖြစ်ကြောင်း၊ အချက်အ လက်မပြည့်စုံသူများ၊ မှားယွင်းနေသူများမှ လိုအပ်သည့် ပြင်ဆင်မှုများဖြင့် ပြန်လည်လျှောက်ထားနိုင်မှာဖြစ်ကြောင်းနှင့် အမှားပြင်ဆင်ခြင်းအတွက် နောက်တစ်ကြိမ် ငွေထပ်မံပေးဆောင်ရန် မလိုအပ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပေးပြီးသည့် COVID-19 Vaccination Electronic Certificate ပျောက်ဆုံးပါကလည်း c19vc.moh.gov.mm တွင် Token Key နှင့် Check ID (CHK_ID) အသုံးပြု၍ ထပ်မံရယူခြင်း (download)ပြုလုပ်နိုင်မည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာခရီးသွားလာမှုအတွက် မည်သည့် မိုဘိုင်းဖုန်း/ တက်ဘလက် နှင့်မဆို အသုံးပြုနိုင်သည့် QR code ပါရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး Electronic မှတ်တမ်း (COVID-19 Vaccination Electronic Certificate) (English Version) ကို Online စနစ်ဖြင့် ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၇ ရက်နေ့တွင် လျှောက်ထားရယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

#mhtnews

(Zawgyi)

“ကိုဗစ္ကာကြယ္ေဆးထိုးၿပီးေၾကာင္း QR code ပါသည့္ကဒ္ကို ဧၿပီ ၇ ရက္မွစ၍ ေငြက်ပ္ (၅ဝဝဝ)ေပးသြင္းကာ online မွအလြယ္တကူ ေလွ်ာက္ထားနိုင္”

ကိုဗစ္ကာကြယ္ေဆးထိုးၿပီးေၾကာင္း QR code ပါသည့္ကဒ္ကို ဧၿပီ ၇ ရက္မွစ၍ ေငြက်ပ္ (၅ဝဝဝ)ေပးသြင္းကာ online မွအလြယ္တကူ ေလွ်ာက္ထားနိုင္ၿပီျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ၾကာသပေတးေန႕က သတင္းထုတ္ျပန္ခဲ့သည္။

အဆိုပါ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးထိုး Electronic မွတ္တမ္း (English Version) ကို က်န္းမာေရးဝန္ႀကီးဌာန၏ တရားဝင္အင္တာနက္စာမ်က္ႏွာျဖစ္သည့္ c19vc.moh.gov.mm တြင္ ေလွ်ာက္ထားရယူရမည္ျဖစ္ေၾကာင္းသိရသည္။

Electronic Vaccination Certificate သည္ ကိုဗစ္ကာကြယ္ေဆး အႀကိမ္ျပည့္ထိုးႏွံၿပီးသူ၏ ကာကြယ္ေဆးထိုးအခ်က္အလက္မ်ားကို Vaccination Management Information System (VMIS) စနစ္တြင္ စာရင္းမွတ္တမ္းသြင္းၿပီး အဆိုပါ VMIS စနစ္မွ ျမန္မာဘာသာျဖင့္ထုတ္ေပးသည့္ QR code, Check ID ပါသည့္ ကာကြယ္ေဆးထိုးမွတ္တမ္းရွိသူမ်ား ေလွ်ာက္ထားနိုင္မည္ျဖစ္ေၾကာင္းသိရသည္။

ထိုသို႔ေလွ်ာက္ထားရာတြင္ တင္သြင္းရန္လိုအပ္သည့္အခ်က္မ်ားမွာ Online စနစ္ျဖင့္ ေလွ်ာက္ထားသူမွ အမည္၊ အဘအမည္၊ Passport No.၊ VMIS စနစ္မွ ျမန္မာဘာသာျဖင့္ ထုတ္ေပးသည့္ ကာကြယ္ေဆးထိုးမွတ္တမ္းေပၚရွိ Check ID (CHK_ID) ႏွင့္ ဖုန္းနံပါတ္ စသည့္အခ်က္မ်ားကို ျဖည့္သြင္းရမည္ျဖစ္ေၾကာင္း၊ ေလွ်ာက္ထားသူ၏ နိုင္ငံသားစိစစ္ေရးကတ္ျပား (အေရွ႕ဘက္)၊ Passport ၏ Bio data ပါသည့္ စာမ်က္ႏွာႏွင့္ VMIS-ျမန္မာဘာသာ ေဆးထိုးမွတ္တမ္းဓါတ္ပုံမ်ားတြဲ၍ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း၊ အခ်က္အလက္မ်ားျဖည့္သြင္းၿပီးပါက mobile payment ျဖင့္ ေလွ်ာက္ထားသူ တစ္ဦးလွ်င္ ေငြက်ပ္ ၅ဝဝဝ ေပးသြင္းရမည္ျဖစ္ၿပီး mobile payment အသုံးျပဳမႈအတြက္ transaction charge (၂ဝဝ)က်ပ္ ေပးသြင္းရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

mobile payment အတြက္ ကနဦးအေနျဖင့္ CB Pay, Myanmar Citizen Pay, UAB Pay, KBZ Pay တို႔ အသုံးျပဳ၍ ေငြေပးသြင္းနိုင္မည္ျဖစ္သည္။

Vaccination Certificate ေလွ်ာက္ထားသူမ်ားအေနျဖင့္ အခ်က္အလက္မ်ား ျပည့္စုံမွန္ကန္စြာ ျဖည့္သြင္းေလွ်ာက္ထားပါက ႐ုံးဖြင့္ရက္ (၅) ရက္အတြင္း COVID-19 Vaccination Electronic Certificate ကို c19vc.moh.gov.mm တြင္ မိမိကိုယ္တိုင္ ရယူနိုင္ေၾကာင္း၊ ယင္းကဲ့သို႔ ေဆာင္႐ြက္ရန္ မိမိတို႔ စတင္ေလွ်ာက္ထားစဥ္က ရရွိသည့္ Token Key ႏွင့္ Check ID (CHK_ID) အသုံးျပဳ၍ ရယူရမည္ျဖစ္ေၾကာင္း၊ အခ်က္အ လက္မျပည့္စုံသူမ်ား၊ မွားယြင္းေနသူမ်ားမွ လိုအပ္သည့္ ျပင္ဆင္မႈမ်ားျဖင့္ ျပန္လည္ေလွ်ာက္ထားနိုင္မွာျဖစ္ေၾကာင္းႏွင့္ အမွားျပင္ဆင္ျခင္းအတြက္ ေနာက္တစ္ႀကိမ္ ေငြထပ္မံေပးေဆာင္ရန္ မလိုအပ္ေၾကာင္း ယင္းထုတ္ျပန္ခ်က္အရ သိရသည္။

ထုတ္ေပးၿပီးသည့္ COVID-19 Vaccination Electronic Certificate ေပ်ာက္ဆုံးပါကလည္း c19vc.moh.gov.mm တြင္ Token Key ႏွင့္ Check ID (CHK_ID) အသုံးျပဳ၍ ထပ္မံရယူျခင္း (download)ျပဳလုပ္နိုင္မည္ျဖစ္သည္။

က်န္းမာေရးဝန္ႀကီးဌာနသည္ အျပည္ျပည္ဆိုင္ရာခရီးသြားလာမႈအတြက္ မည္သည့္ မိုဘိုင္းဖုန္း/ တက္ဘလက္ ႏွင့္မဆို အသုံးျပဳနိုင္သည့္ QR code ပါရွိသည့္ ကိုဗစ္-၁၉ေရာဂါ ကာကြယ္ေဆးထိုး Electronic မွတ္တမ္း (COVID-19 Vaccination Electronic Certificate) (English Version) ကို Online စနစ္ျဖင့္ ထုတ္ေပးနိုင္ရန္ စီစဥ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး ဧၿပီလ ၇ ရက္ေန႕တြင္ ေလွ်ာက္ထားရယူနိုင္ၿပီျဖစ္ေၾကာင္း အသိေပးေၾကညာခဲ့ျခင္းျဖစ္သည္။

#mhtnews