ကိုဗစ်-၁၉ ကပ်ရောဂါ၏သက်ရောက်မှုကြောင့် အမှန်တကယ်ထိခိုက်နစ်နာခဲ့ရသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် ကု စားပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ် မေလ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်နှင့်ရှစ်လကို ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်း တည်ဆောက်မှုသို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်မှုကာလအဖြစ် ထည့်သွင်းရေတွက်ခြင်းမပြုရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏(၁/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီတို့၏ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများကြောင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတည်ဆောက်မှု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်မှုကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှောင့်နှေးကြန့်ကြာခဲ့သဖြင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာကြသည်။

အဆိုပါ တင်ပြမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်ရရှိပြီး တည်ဆောက်ရေး(သို့မဟုတ်) ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအနေဖြင့် အဆိုပါကာလအတွင်း အကျုံးဝင်ပါက ကော်မရှင်သို့ တည်ဆောက်ရေးကာလ ထပ်မံတိုးမြှင့်ခွင့်ပြုရေးတင်ပြရန် မလိုကြောင်းနှင့် ကော်မရှင်အနေဖြင့် တည်ဆောက်ရေးကာလ တွက်ချက်ရာတွင် အဆိုပါကာလကို ထည့်သွင်းရေတွက်ခြင်းမပြုကြောင်း MIC က ကြေညာထားသည်။

ခြောက်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် စင်ကာပူက ဒေါ်လာ ၂၉၇ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

#mhtnews

(Zawgyi)

“ကိုဗစ္ကပ္ေရာဂါေၾကာင့္ အမွန္တကယ္ထိခိုက္နစ္နာခဲ့ရသည့္ ရင္းႏွီးျမႇုပ္ႏွံမႈလုပ္ငန္းမ်ားအေပၚ ကုစားေပးနိုင္ရန္ ရည္႐ြယ္၍ ၂၀၂၀ ျပည့္ႏွစ္ ေမလ ၁ ရက္မွ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္အထိကို ရင္းႏွီးျမႇုပ္ႏွံမႈလုပ္ငန္း တည္ေဆာက္မႈသို႔မဟုတ္ ရင္းႏွီးျမႇုပ္ႏွံမႈလုပ္ငန္း ျပင္ဆင္မႈကာလအျဖစ္ MIC ဆုံးျဖတ္”

ကိုဗစ္-၁၉ ကပ္ေရာဂါ၏သက္ေရာက္မႈေၾကာင့္ အမွန္တကယ္ထိခိုက္နစ္နာခဲ့ရသည့္ ရင္းႏွီးျမႇုပ္ႏွံမႈလုပ္ငန္းမ်ားအေပၚ ကု စားေပးနိုင္ရန္ ရည္႐ြယ္၍ ၂၀၂၀ ျပည့္ႏွစ္ ေမလ ၁ ရက္မွ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္အထိ တစ္ႏွစ္ႏွင့္ရွစ္လကို ရင္းႏွီးျမႇုပ္ႏွံ မႈလုပ္ငန္း တည္ေဆာက္မႈသို႔မဟုတ္ ရင္းႏွီးျမႇုပ္ႏွံမႈလုပ္ငန္း ျပင္ဆင္မႈကာလအျဖစ္ ထည့္သြင္းေရတြက္ျခင္းမျပဳရန္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီ ၁၄ ရက္တြင္ က်င္းပေသာ ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈေကာ္မရွင္၏(၁/၂၀၂၂) ႀကိမ္ေျမာက္အစည္းအေဝးက ဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။

ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈေကာ္မရွင္ ႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္ရင္းႏွီးျမႇုပ္ႏွံမႈ ေကာ္မတီတို႔၏ ခြင့္ျပဳမိန႔္၊ အတည္ျပဳမိန႔္မ်ားျဖင့္ လုပ္ငန္းေဆာင္႐ြက္လ်က္ရွိသည့္ ရင္းႏွီးျမႇုပ္ႏွံသူမ်ားအေနျဖင့္ ကိုဗစ္-၁၉ ကပ္ေရာဂါအေျခအေနမ်ားေၾကာင့္ ရင္းႏွီး ျမႇုပ္ႏွံမႈလုပ္ငန္းတည္ေဆာက္မႈ သို႔မဟုတ္ ရင္းႏွီးျမႇုပ္ႏွံမႈလုပ္ငန္း ျပင္ဆင္မႈကာလအတြင္း လုပ္ငန္းေဆာင္႐ြက္မႈမ်ားႏွောင့္ႏွေးၾကန႔္ၾကာခဲ့သျဖင့္ တည္ေဆာက္ေရးကာလ တိုးျမႇင့္ခြင့္ျပဳပါရန္ တင္ျပလာၾကသည္။

အဆိုပါ တင္ျပမႈမ်ားႏွင့္ပတ္သက္၍ ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈေကာ္မရွင္ႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္ ရင္းႏွီးျမႇုပ္ႏွံမႈေကာ္မတီတို႔၏ ခြင့္ျပဳမိန႔္၊ အတည္ျပဳမိန႔္ရရွိၿပီး တည္ေဆာက္ေရး(သို႔မဟုတ္) ျပင္ဆင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေသာ လုပ္ငန္းမ်ားအေနျဖင့္ အဆိုပါကာလအတြင္း အက်ဳံးဝင္ပါက ေကာ္မရွင္သို႔ တည္ေဆာက္ေရးကာလ ထပ္မံတိုးျမႇင့္ခြင့္ျပဳေရးတင္ျပရန္ မလိုေၾကာင္းႏွင့္ ေကာ္မရွင္အေနျဖင့္ တည္ေဆာက္ေရးကာလ တြက္ခ်က္ရာတြင္ အဆိုပါကာလကို ထည့္သြင္းေရတြက္ျခင္းမျပဳေၾကာင္း MIC က ေၾကညာထားသည္။

ေျခာက္လအတြင္း ျမန္မာနိုင္ငံအတြင္းသို႔ နိုင္ငံအလိုက္ နိုင္ငံျခားရင္းႏွီး ျမႇုပ္ႏွံမႈဝင္ေရာက္မႈအေနျဖင့္ စင္ကာပူက ေဒၚလာ ၂၉၇ သန္းေက်ာ္ျဖင့္ အမ်ားဆုံးျဖစ္ေၾကာင္း ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ ၾကားမႈဦးစီးဌာနမွ သိရသည္။

#mhtnews