စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်၊ ကျည်ကုန်းကျေးရွာ၊ ကလေး တမူးကားလမ်း၊ ကျည်ကုန်း စစ်ဆေးရေးဂိတ်မှာ ဧပြီ ၂ ရက်၊ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်မှာ လုံခြုံရေးပူးပေါင်းအဖွဲတွေက ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ပါ၊ မပါ စစ်ဆေးရာက ကားပေါ်မှာပါလာတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို ဒေသတွင်းသတင်းများအရ သိရပါတယ်။

ဖြစ်စဥ်မှာ တမူးမြို၊ ဈေးတန်း (၂) ရပ်ကွက်မှာနေထိုင်တဲ့ ယာဉ်မောင်း စည်သူအောင် ၂၈ နှစ်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြိုနယ်မှာနေထိုင်တဲ့ စည်သူလင်း ၂၉ နှစ်၊ သူလိုက်ပါလာတဲ့၊ ယာဉ်ကို ရပ်တန့်စစ်ဆေးရာက WY/R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ ထုပ်လျှင် ၁၀၀၀၀ ပြားပါ ၂၀ ထုပ်၊ ပေါင်း ၂၀၀၁၃၀ ပြား၊ ရောင်စုံဆပ်ပြာခွက်များအတွင်း ပလပ်စတစ် အိတ်နဲ့ထုပ်ပိုးထားတဲ့ ဘိန်းဖြူ ၃၃၀ ခွက်တိုကို သိမ်းဆည်းရမိခဲ့တာလို ဆိုပါတယ်။

ယခုအခါမှာတော့ ဖမ်းဆီးရမိသူတွေကို ကလေးခရိုင် မူးယစ်အထူးအဖွဲက အမှုဖွင့်အရေးယူဖို စီစဥ်ဆောင်ရွက်နေတယ်လို သိရပါတယ်။
#mhtnews

(Zawgyi)
“ကလေး – တမူး ကားလမ်းမှာ မှတ်ပုံတင်စစ်ဆေးရာက စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းကျော်နဲ့ ဘိန်းဖြူတွေဖမ်းမိ”

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျည်ကုန်းကျေးရွာ၊ ကလေး တမူးကားလမ်း၊ ကျည်ကုန်း စစ်ဆေးရေးဂိတ်မှာ ဧပြီ ၂ ရက်၊ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်မှာ လုံခြုံရေးပူးပေါင်းအဖွဲ့တွေက ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ပါ၊ မပါ စစ်ဆေးရာက ကားပေါ်မှာပါလာတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ဒေသတွင်းသတင်းများအရ သိရပါတယ်။

ဖြစ်စဉ်မှာ တမူးမြို့၊ ဈေးတန်း (၂) ရပ်ကွက်မှာနေထိုင်တဲ့ ယာဉ်မောင်း စည်သူအောင် ၂၈ နှစ်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ စည်သူလင်း ၂၉ နှစ်၊ သူလိုက်ပါလာတဲ့၊ ယာဉ်ကို ရပ်တန့်စစ်ဆေးရာက WY/R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ ထုပ်လျှင် ၁၀၀၀၀ ပြားပါ ၂၀ ထုပ်၊ ပေါင်း ၂၀၀၁၃၀ ပြား၊ ရောင်စုံဆပ်ပြာခွက်များအတွင်း ပလပ်စတစ် အိတ်နဲ့ထုပ်ပိုးထားတဲ့ ဘိန်းဖြူ ၃၃၀ ခွက်တို့ကို သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။

ယခုအခါမှာတော့ ဖမ်းဆီးရမိသူတွေကို ကလေးခရိုင် မူးယစ်အထူးအဖွဲ့က အမှုဖွင့်အရေးယူဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#mhtnews