စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို၌ CNDF အကြမ်းဖက်သမားတစ်ဦးကို ယနေ့ ဧပြီ ၁၀ ရက်၊ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် သက်သေခံများနှင့်တကွ ဖမ်းဆီးရမိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ ကလေးမြို၊ တောင်ဇလပ်ရပ်ကွက်နှင့်တောင်ဖီလာရပ်ကွက်တိုတွင် နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲမှ လုံခြုံရေးအရ စစ်ဆေးမှုများဆောင်ရွက်လျှက်ရှိရာ ကလေးမြို၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ (၉)၌ နေထိုင်သည့် “ဇလိတ်ဘွဲတွမ်ထန်း” ဆိုသူအား စစ်ဆေးခဲ့ရာ၌ ၎င်းသည် CNDF အကြမ်းဖက်အဖွဲဝင်တစ်ဦးဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်အတွက် သင်တန်းများတက်ရောက်ထားပြီး ကလေးမြိုတွင် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကာ ၎င်း၏လက်ကိုင်ဖုန်းအတွင်းမှလည်း အကြမ်းဖက်အဖွဲအစည်းများနှင့် ပတ်သက်ဆက်နွယ်ကြောင်း အထောက်အထားမှတ်တမ်းဓာတ်ပုံများကို ရရှိခဲ့ခြင်းဖြစ်သည်။

သိုဖြစ်သဖြင့် ၎င်းအား လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျှက်ရှိပြီး အရေးယူနိုင်ရေး လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ကလေးမြို့၌ CNDF အကြမ်းဖက်သမားတစ်ဦးကို သက်သေခံများနှင့်တကွ ဖမ်းဆီးရမိ”

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ CNDF အကြမ်းဖက်သမားတစ်ဦးကို ယနေ့ ဧပြီ ၁၀ ရက်၊ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် သက်သေခံများနှင့်တကွ ဖမ်းဆီးရမိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ဖြစ်စဉ်မှာ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်နှင့်တောင်ဖီလာရပ်ကွက်တို့တွင် နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့မှ လုံခြုံရေးအရ စစ်ဆေးမှုများဆောင်ရွက်လျှက်ရှိရာ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ (၉)၌ နေထိုင်သည့် “ဇလိတ်ဘွဲ့တွမ်ထန်း” ဆိုသူအား စစ်ဆေးခဲ့ရာ၌ ၎င်းသည် CNDF အကြမ်းဖက်အဖွဲဝင်တစ်ဦးဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်အတွက် သင်တန်းများတက်ရောက်ထားပြီး ကလေးမြို့တွင် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကာ ၎င်း၏လက်ကိုင်ဖုန်းအတွင်းမှလည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်ကြောင်း အထောက်အထားမှတ်တမ်းဓာတ်ပုံများကို ရရှိခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်သဖြင့် ၎င်းအား လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျှက်ရှိပြီး အရေးယူနိုင်ရေး လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
#mhtnews