
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် “မဟာသဒ္ဓမ္မ ဇောတိကဓဇ” ဘွဲ့တံဆိပ် ရရှိသူ ကမ္ဘောဒီးယားနိုင်ငံမှ လူပုဂ္ဂိုလ် Agga Maha Upasika Buddhasasanupatham SOK IM အား ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းသည့် အခမ်း အနားကို ယနေ့ (ဧပြီ ၂၅ ရက်)တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင် မြို့ရှိ Wat Munisuvan (Wat Cham Puh Ka-Ek) ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ၊ သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဆမ်ဒက် ပရယ် ဗောဓိဝံသ ကိတ္တိ ပဏ္ဍိတ Am Limheng ကြီးမှူး သည့် သံဃာတော်များ ကြွရောက်ချီးမြှင့်ခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံ၊ သာသနာရေးဝန်ကြီး H.E. CHHIT Sokhon နှင့် အစိုးရအရာရှိကြီးများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ အပါအဝင် စုစုပေါင်း ဧည့်သည်တော် (၂၅၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနား အစီအစဉ်များအရ ကမ္ဘောဒီးယားနိုင်ငံ၊ သာသနာရေးဝန်ကြီး H.E. CHHIT Sokhon က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်း က Agga Maha Upasika Buddhasasanupatham SOK IM အား “မဟာသဒ္ဓမ္မ ဇောတိကဓဇ” ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားပြီး ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်တို့ကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် Agga Maha Upasika Buddhasasanupatham SOK IM က ကြွရောက်လာကြသည့် သံဃာတော်များကို လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာသူများကို အမှတ်တရလက် ဆောင်များ ပေးအပ်ခဲ့ကာ ကမ္ဘောဒီးယားနိုင်ငံ၊ သံဃမဟာနာယကအဖွဲ့ ကိုယ်စား ဆရာတော် Cherng Bunchhea က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
#mhtnews

(Zawgyi)
“ကေမၻာဒီးယားနိုင္ငံမွ Agga Maha Upasika Buddhasasanupatham SOK IM အား နစကမွခ်ီးျမႇင့္သည့္ မဟာသဒၶမၼ ေဇာတိကဓဇ ဘြဲ႕တံဆိပ္ ခ်ီးျမႇင့္အပ္ႏွင္းသည့္ အခမ္းအနားက်င္းပ”
ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္၊ နိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ခ်ီးျမႇင့္သည့္ မဟာသဒၶမၼ ေဇာတိကဓဇ ဘြဲ႕တံဆိပ္ ရရွိသူ ကေမၻာဒီးယားနိုင္ငံမွ လူပုဂၢိုလ္ Agga Maha Upasika Buddhasasanupatham SOK IM အား ဘြဲ႕တံဆိပ္ ခ်ီးျမႇင့္အပ္ႏွင္းသည့္ အခမ္း အနားကို ယေန႕ (ဧၿပီ ၂၅ ရက္)တြင္ ကေမၻာဒီးယားနိုင္ငံ၊ ဖေနာင္ပင္ ၿမိဳ႕ရွိ Wat Munisuvan (Wat Cham Puh Ka-Ek) ေက်ာင္းတိုက္၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဘြဲ႕တံဆိပ္ ခ်ီးျမႇင့္အပ္ႏွင္းျခင္း အခမ္းအနားသို႔ ကေမၻာဒီးယားနိုင္ငံ၊ သံဃမဟာနာယကအဖြဲ႕ ဒုတိယဥကၠ႒ ဆရာေတာ္ ဆမ္ဒက္ ပရယ္ ေဗာဓိဝံသ ကိတၱိ ပ႑ိတ Am Limheng ႀကီးမႉး သည့္ သံဃာေတာ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ခဲ့ၾကၿပီး ကေမၻာဒီးယားနိုင္ငံ၊ သာသနာေရးဝန္ႀကီး H.E. CHHIT Sokhon ႏွင့္ အစိုးရအရာရွိႀကီးမ်ား၊ ကေမၻာဒီးယားနိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးသစ္လင္းအုန္းႏွင့္ဇနီး၊ ျမန္မာသံ႐ုံးႏွင့္ စစ္သံ႐ုံးတို႔မွ ဝန္ထမ္းမ်ားႏွင့္ မိသားစုဝင္မ်ား အပါအဝင္ စုစုေပါင္း ဧည့္သည္ေတာ္ (၂၅၀)ဦးခန႔္ ပါဝင္တက္ေရာက္ခဲ့ၾကသည္။
အခမ္းအနား အစီအစဥ္မ်ားအရ ကေမၻာဒီးယားနိုင္ငံ၊ သာသနာေရးဝန္ႀကီး H.E. CHHIT Sokhon က ႀကိဳဆိုႏႈတ္ခြန္းဆက္စကား ေျပာၾကားၿပီး ျမန္မာ သံအမတ္ႀကီး ဦးသစ္လင္းအုန္း က Agga Maha Upasika Buddhasasanupatham SOK IM အား မဟာသဒၶမၼ ေဇာတိကဓဇ ဘြဲ႕တံဆိပ္ ခ်ီးျမႇင့္အပ္ႏွင္းရသည့္ အေၾကာင္းအရင္းကို ရွင္းလင္းေျပာၾကားၿပီး ဘြဲ႕တံဆိပ္ႏွင့္ အေဆာင္အေယာင္တို႔ကို ခ်ီးျမႇင့္ေပးအပ္ခဲ့သည္။
ထို႔ေနာက္ Agga Maha Upasika Buddhasasanupatham SOK IM က ႂကြေရာက္လာၾကသည့္ သံဃာေတာ္မ်ားကို လႉဖြယ္ပစၥည္းမ်ားျဖင့္ ဆက္ကပ္လႉဒါန္းခဲ့ၿပီး တက္ေရာက္လာသူမ်ားကို အမွတ္တရလက္ ေဆာင္မ်ား ေပးအပ္ခဲ့ကာ ကေမၻာဒီးယားနိုင္ငံ၊ သံဃမဟာနာယကအဖြဲ႕ ကိုယ္စား ဆရာေတာ္ Cherng Bunchhea က ေက်းဇူးတင္စကား ေျပာၾကားခဲ့ေၾကာင္း သိရွိရပါသည္။
#mhtnews
Recent Comments