ကမ္ဘာ့အကြီးဆုံး အစားအသောက် ကုမ္ပဏီဖြစ်သည့် Nestlé သည် ယခုနှစ်၏ ပထမသုံးလတာ ကာလပတ်တွင် ထုတ်ကုန်များ၏ တန်ဖိုးကို ၅ ရာခိုင်နှုန်းကျော် မြှင့်တင်ခဲ့ပြီး ကုန်ကျစရိတ်မြင့်မားမှုကို သုံးစွဲသူများထံမှ ကောက်ခံခဲ့ကြောင်း CNN သတင်းက ဖော်ပြသည်။

မြောက်အမေရိကရှိ စားသုံးသူများမှာ အထိအနာဆုံးဖြစ်ပြီး ဈေးနှုန်းမှာ ၈.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကာ ဒုတိယအမြင့်ဆုံးနှုန်းထားမှာ ၇.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် လက်တင်အမေရိက ဖြစ်ကြောင်း သိရသည်။

“ငွေကြေးဖောင်းပွမှုရဲ့ ကုန်ကျစရိတ်တွေက မြင့်တက်လာတာကြောင့် နောက်ပိုင်းမှာလည်း ဈေးနှုန်းမြင့်တက်ဖို့ လိုလာတာဖြစ်ပြီး ဒီနှစ်အတွင်းမှာ ထိရောက်မှုတွေ နည်းပါးနိုင်သမျှ နည်းပါးအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု စီအီးအို မာ့ခ် ရှနိုက်ဒါက ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု မြင့်တက်နေပြီး အမေရိကန်၏ စားသုံးသူဈေးနှုန်း ငွေကြေးဖောင်းပွမှုသည် မတ်လတွင် ၈.၅ ရာခိုင်နှုန်း အထိ ရောက်ရှိခဲ့ပြီး နှစ် ၄၀ အတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။

ဥရောပတွင်လည်း အချက်အလက်များ စတင်ကောက်ရာ ၂၅ နှစ်အတွင်း အမြင့်ဆုံးအဖြစ် ၇.၅ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် လက်လီဈေးနှုန်းများကို သက်ရောက်မှုရှိစေသည့် ဂျာမနီစက်ရုံများမှ ကုန်ပစ္စည်းများသည် မတ်လတွင် ယခင်နှစ် ကာလတူထက် ၃၀ ရာခိုင်နှုန်း ဈေးမြင့်သွားခြင်းဖြစ်ပြီး ၇၃ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

ငွေကြေးဖောင်းပွမှု၏ အကြီးဆုံးပြဿနာမှာ စွမ်းအင်ဖြစ်သော်လည်း ကမ္ဘာလုံးဆိုင်ရာ အစားအစာဈေးနှုန်းများသည်လည်း အလွန်မြင့်တက်နေခြင်းဖြစ်သည်။

ပထမ သုံးလတာကာလပတ်တွင် Nestlé က ရောင်းချမှုနှုန်း ၅.၄ ရာခိုင်နှုန်း တိုးလာပြီး တစ်နှစ်ပတ်လုံးအတွက် ၅ ရာခိုင်နှုန်း တိုးလာရန် မျှော်မှန်းထားသည်။ သို့သော် ကုန်ကျစရိတ်မြင့်တက်သောကြောင့် အကျိုးအမြတ်ကိုလည်း ထိပါးစေနိုင်ခြင်းဖြစ်သည်။

ကပ်ရောဂါ၊ ရာသီဥတုအခြေအနေဆိုးဝါးခြင်းနှင့် စိုက်ပျိုးရေးကျဆင်းမှုတို့ကြောင့် လူပေါင်းသန်းချီကို အစားအစာလုံခြုံရေးအတွက် ခြိမ်းခြောက်နေသည့် ကမ္ဘာလုံးဆိုင်ရာ ဈေးနှုန်းများသည် ရုရှား၏ ယူကရိန်းသို့ ကျူးကျော်စစ်ကြောင့် အခြေအနေပိုဆိုးလာခဲ့ပြီး ဂျုံနှင့် ဟင်းသီးဟင်းရွက်ဆီကဲ့သို့သော အဓိက ကုန်စည်များ၏ ဈေးနှုန်းမှာ တိုးမြင့်လာခဲ့သည်။

ထိုကဲ့သို့ ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းသည် လူသားတို့အတွက် ကပ်ဘေးတစ်ခုဖြစ်သည်ဟု ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဒေးဗစ် မာပက်စ်က ဆိုခဲ့သည်။

ရုရှားက ကျူးကျော်စစ်ပြုလုပ်ပြီးနောက်တွင် Nestlé က KitKat နှင့် Nesquik အပါအဝင် နာမည်ကျော် အမှတ်တံဆိပ်များကို ရုရှားမှ ဖယ်ရှားခဲ့သော်လည်း လူသားချင်းစာနာထောက်ထားမှုအတွက် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းတစ်ချို့ကို ထောက်ပံ့ပေးနေဆဲဖြစ်ကြောင်း သိရသည်။

#mhtnews

============================

(Zawgyi)

“ကမၻာ့အႀကီးဆုံး အစားအေသာက္ကုမၸဏီျဖစ္သည့္ Nestl က ထုတ္ကုန္မ်ားကို ၅ ရာခိုင္ႏႈန္း ေဈးႏႈန္းျမႇင့္တင္”

ကမၻာ့အႀကီးဆုံး အစားအေသာက္ ကုမၸဏီျဖစ္သည့္ Nestl သည္ ယခုႏွစ္၏ ပထမသုံးလတာ ကာလပတ္တြင္ ထုတ္ကုန္မ်ား၏ တန္ဖိုးကို ၅ ရာခိုင္ႏႈန္းေက်ာ္ ျမႇင့္တင္ခဲ့ၿပီး ကုန္က်စရိတ္ျမင့္မားမႈကို သုံးစြဲသူမ်ားထံမွ ေကာက္ခံခဲ့ေၾကာင္း CNN သတင္းက ေဖာ္ျပသည္။

ေျမာက္အေမရိကရွိ စားသုံးသူမ်ားမွာ အထိအနာဆုံးျဖစ္ၿပီး ေဈးႏႈန္းမွာ ၈.၅ ရာခိုင္ႏႈန္းျမင့္တက္ခဲ့ျခင္းျဖစ္ကာ ဒုတိယအျမင့္ဆုံးႏႈန္းထားမွာ ၇.၇ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည့္ လက္တင္အေမရိက ျဖစ္ေၾကာင္း သိရသည္။

ေငြေၾကးေဖာင္းပြမႈရဲ႕ ကုန္က်စရိတ္ေတြက ျမင့္တက္လာတာေၾကာင့္ ေနာက္ပိုင္းမွာလည္း ေဈးႏႈန္းျမင့္တက္ဖို႔ လိုလာတာျဖစ္ၿပီး ဒီႏွစ္အတြင္းမွာ ထိေရာက္မႈေတြ နည္းပါးနိုင္သမွ် နည္းပါးေအာင္ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္ ဟု စီအီးအို မာ့ခ္ ရွနိုက္ဒါက ဆိုသည္။

ကမၻာလုံးဆိုင္ရာ ေငြေၾကးေဖာင္းပြမႈ ျမင့္တက္ေနၿပီး အေမရိကန္၏ စားသုံးသူေဈးႏႈန္း ေငြေၾကးေဖာင္းပြမႈသည္ မတ္လတြင္ ၈.၅ ရာခိုင္ႏႈန္း အထိ ေရာက္ရွိခဲ့ၿပီး ႏွစ္ ၄၀ အတြင္း အျမင့္ဆုံးျဖစ္ခဲ့သည္။

ဥေရာပတြင္လည္း အခ်က္အလက္မ်ား စတင္ေကာက္ရာ ၂၅ ႏွစ္အတြင္း အျမင့္ဆုံးအျဖစ္ ၇.၅ ရာခိုင္ႏႈန္းသို႔ ေရာက္ရွိခဲ့သည္။ ထို႔ေၾကာင့္ လက္လီေဈးႏႈန္းမ်ားကို သက္ေရာက္မႈရွိေစသည့္ ဂ်ာမနီစက္႐ုံမ်ားမွ ကုန္ပစၥည္းမ်ားသည္ မတ္လတြင္ ယခင္ႏွစ္ ကာလတူထက္ ၃၀ ရာခိုင္ႏႈန္း ေဈးျမင့္သြားျခင္းျဖစ္ၿပီး ၇၃ ႏွစ္အတြင္း အျမင့္ဆုံးသို႔ ေရာက္ရွိခဲ့သည္။

ေငြေၾကးေဖာင္းပြမႈ၏ အႀကီးဆုံးျပႆနာမွာ စြမ္းအင္ျဖစ္ေသာ္လည္း ကမၻာလုံးဆိုင္ရာ အစားအစာေဈးႏႈန္းမ်ားသည္လည္း အလြန္ျမင့္တက္ေနျခင္းျဖစ္သည္။

ပထမ သုံးလတာကာလပတ္တြင္ Nestl က ေရာင္းခ်မႈႏႈန္း ၅.၄ ရာခိုင္ႏႈန္း တိုးလာၿပီး တစ္ႏွစ္ပတ္လုံးအတြက္ ၅ ရာခိုင္ႏႈန္း တိုးလာရန္ ေမွ်ာ္မွန္းထားသည္။ သို႔ေသာ္ ကုန္က်စရိတ္ျမင့္တက္ေသာေၾကာင့္ အက်ိဳးအျမတ္ကိုလည္း ထိပါးေစနိုင္ျခင္းျဖစ္သည္။

ကပ္ေရာဂါ၊ ရာသီဥတုအေျခအေနဆိုးဝါးျခင္းႏွင့္ စိုက္ပ်ိဳးေရးက်ဆင္းမႈတို႔ေၾကာင့္ လူေပါင္းသန္းခ်ီကို အစားအစာလုံၿခဳံေရးအတြက္ ၿခိမ္းေျခာက္ေနသည့္ ကမၻာလုံးဆိုင္ရာ ေဈးႏႈန္းမ်ားသည္ ႐ုရွား၏ ယူကရိန္းသို႔ က်ဴးေက်ာ္စစ္ေၾကာင့္ အေျခအေနပိုဆိုးလာခဲ့ၿပီး ဂ်ဳံႏွင့္ ဟင္းသီးဟင္း႐ြက္ဆီကဲ့သို႔ေသာ အဓိက ကုန္စည္မ်ား၏ ေဈးႏႈန္းမွာ တိုးျမင့္လာခဲ့သည္။

ထိုကဲ့သို႔ ေဈးႏႈန္းမ်ား အဆမတန္ျမင့္တက္ျခင္းသည္ လူသားတို႔အတြက္ ကပ္ေဘးတစ္ခုျဖစ္သည္ဟု ကမၻာ့ဘဏ္ ဥကၠ႒ ေဒးဗစ္ မာပက္စ္က ဆိုခဲ့သည္။

႐ုရွားက က်ဴးေက်ာ္စစ္ျပဳလုပ္ၿပီးေနာက္တြင္ Nestl က KitKat ႏွင့္ Nesquik အပါအဝင္ နာမည္ေက်ာ္ အမွတ္တံဆိပ္မ်ားကို ႐ုရွားမွ ဖယ္ရွားခဲ့ေသာ္လည္း လူသားခ်င္းစာနာေထာက္ထားမႈအတြက္ မရွိမျဖစ္လိုအပ္ေသာ ကုန္ပစၥည္းတစ္ခ်ိဳ႕ကို ေထာက္ပံ့ေပးေနဆဲျဖစ္ေၾကာင္း သိရသည္။

#mhtnews