ကမ္ဘာဂြိုဟ်အနီးရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားများ(NEAs)၏ အန္တရာယ်များမှ ဂြိုဟ်အား ကာကွယ်စောင့်ရှောက်ရေးအတွက် စောင့်ကြည့်ရေး နှင့် ကာကွယ်ရေးစနစ်များအား တည်ဆောက်ရန် တရုတ်နိုင်ငံက စီစဉ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) ၏ ဒုတိယညွှန်ကြားရေးမှူး Wu Yanhua က လုံခြုံရေး ၊ တည်ငြိမ်ရေး နှင့် အာကာသယာဉ် စနစ်တကျလည်ပတ်လုပ်ဆောင်ရေး သေချာစေရန် တရုတ်နိုင်ငံသည် ကမ္ဘာဂြိုဟ်အခြေပြုနှင့် အာကာသအခြေပြု ကမ္ဘာဂြိုဟ်အနီးရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှား စောင့်ကြည့်သတိပေးခြင်းစနစ်အား တည်ဆောက်ရန် စတင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ CCTV သတင်းဌာနသို့ မကြာသေးမီက ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာဂြိုဟ်အနီးရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားများ(NEAs)က ဖြစ်ပေါ်လာသည့် အန္တရာယ်များကို အတန်းအစား ခွဲခြားသွားမည်ဖြစ်ပြီး ယင်းအန္တရာယ်များ ပျက်ပြယ်လျော့ပါးစေရန် နည်းပညာများကို လေ့လာဖော်ထုတ်သွားမည် ဖြစ်ကြောင်း CNSA ၏ ဒုတိယညွှန်ကြားရေးမှူး Wu Yanhua က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘာဂြိုဟ်အနီးရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားကာကွယ်ရေးစနစ်ကို ထူထောင်ရန်၊ ကမ္ဘာဂြိုဟ်အနီးရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားကာကွယ်ရေးအသေးစိတ်အစီအစဉ်ရေးဆွဲပြီး ကမ္ဘာဂြိုဟ်အနီးရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားဆင်းသက်သည့် အန္တရာယ်ဖြစ်နိုင်ချေများကို လေ့ကျင့်သုတေသနပြုလုပ်ရန် သရုပ်သကန်ဖန်တီးရေးအတွက် virtual ဆော့်ဖ်ဝဲလ် ထုတ်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ် သို့မဟုတ် ၂၀၂၆ ခုနှစ်တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုကို ၎င်း၏ ပတ်လမ်းပြောင်းလဲရန် ဆောင့်တိုက်မိခြင်းမပြုမီတွင် အနီးကပ်စောင့်ကြည့်ရေးအတွက် ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုကို ချဉ်းကပ်နိုင်ရန် မျှော်လင့်ထားပြီး အနာဂတ်တွင် ကမ္ဘာဂြိုဟ်အနီးရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားများသည် ကမ္ဘာဂြိုဟ်အား ဘေးသင့်စေခြင်းမှ ကာကွယ်ရန် ကြိုတင်လေ့ကျင့်မှုတစ်ရပ် ဖြစ်ကြောင်း Wu Yanhua ၏ ပြောကြားချက်အရ သိရသည်။

(Zawgyi)

“ကမၻာၿဂိဳဟ္အနီးရွိ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားမ်ားကို ေစာင့္ၾကည့္ရန္အတြက္ ကာကြယ္ေရးစနစ္ တည္ေဆာက္ရန္ တ႐ုတ္နိုင္ငံက စီစဥ္”

ကမၻာၿဂိဳဟ္အနီးရွိ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားမ်ား(NEAs)၏ အႏၱရာယ္မ်ားမွ ၿဂိဳဟ္အား ကာကြယ္ေစာင့္ေရွာက္ေရးအတြက္ ေစာင့္ၾကည့္ေရး ႏွင့္ ကာကြယ္ေရးစနစ္မ်ားအား တည္ေဆာက္ရန္ တ႐ုတ္နိုင္ငံက စီစဥ္ထားေၾကာင္း သိရသည္။

တ႐ုတ္နိုင္ငံ အမ်ိဳးသားအာကာသစီမံခန႔္ခြဲမႈဦးစီးဌာန (CNSA) ၏ ဒုတိယၫႊန္ၾကားေရးမႉး Wu Yanhua က လုံၿခဳံေရး ၊ တည္ၿငိမ္ေရး ႏွင့္ အာကာသယာဥ္ စနစ္တက်လည္ပတ္လုပ္ေဆာင္ေရး ေသခ်ာေစရန္ တ႐ုတ္နိုင္ငံသည္ ကမၻာၿဂိဳဟ္အေျချပဳႏွင့္ အာကာသအေျချပဳ ကမၻာၿဂိဳဟ္အနီးရွိ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊား ေစာင့္ၾကည့္သတိေပးျခင္းစနစ္အား တည္ေဆာက္ရန္ စတင္သြားမည္ ျဖစ္ေၾကာင္း တ႐ုတ္နိုင္ငံ CCTV သတင္းဌာနသို႔ မၾကာေသးမီက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

တ႐ုတ္နိုင္ငံအေနျဖင့္ ကမၻာၿဂိဳဟ္အနီးရွိ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားမ်ား(NEAs)က ျဖစ္ေပၚလာသည့္ အႏၱရာယ္မ်ားကို အတန္းအစား ခြဲျခားသြားမည္ျဖစ္ၿပီး ယင္းအႏၱရာယ္မ်ား ပ်က္ျပယ္ေလ်ာ့ပါးေစရန္ နည္းပညာမ်ားကို ေလ့လာေဖာ္ထုတ္သြားမည္ ျဖစ္ေၾကာင္း CNSA ၏ ဒုတိယၫႊန္ၾကားေရးမႉး Wu Yanhua က ေျပာၾကားခဲ့သည္။

ထို႔ျပင္ တ႐ုတ္နိုင္ငံသည္ ကမၻာၿဂိဳဟ္အနီးရွိ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားကာကြယ္ေရးစနစ္ကို ထူေထာင္ရန္၊ ကမၻာၿဂိဳဟ္အနီးရွိ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားကာကြယ္ေရးအေသးစိတ္အစီအစဥ္ေရးဆြဲၿပီး ကမၻာၿဂိဳဟ္အနီးရွိ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားဆင္းသက္သည့္ အႏၱရာယ္ျဖစ္နိုင္ေခ်မ်ားကို ေလ့က်င့္သုေတသနျပဳလုပ္ရန္ သ႐ုပ္သကန္ဖန္တီးေရးအတြက္ virtual ေဆာ့္ဖ္ဝဲလ္ ထုတ္လုပ္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

တ႐ုတ္နိုင္ငံသည္ ၂၀၂၅ ခုႏွစ္ သို႔မဟုတ္ ၂၀၂၆ ခုႏွစ္တြင္ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားတစ္ခုကို ၎၏ ပတ္လမ္းေျပာင္းလဲရန္ ေဆာင့္တိုက္မိျခင္းမျပဳမီတြင္ အနီးကပ္ေစာင့္ၾကည့္ေရးအတြက္ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားတစ္ခုကို ခ်ဥ္းကပ္နိုင္ရန္ ေမွ်ာ္လင့္ထားၿပီး အနာဂတ္တြင္ ကမၻာၿဂိဳဟ္အနီးရွိ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားမ်ားသည္ ကမၻာၿဂိဳဟ္အား ေဘးသင့္ေစျခင္းမွ ကာကြယ္ရန္ ႀကိဳတင္ေလ့က်င့္မႈတစ္ရပ္ ျဖစ္ေၾကာင္း Wu Yanhua ၏ ေျပာၾကားခ်က္အရ သိရသည္။