ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြိုနယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က တစ်သောင်းတန်ငွေစက္ကူအတုတွေကို Wave Money ဆိုင်မှာ လာလွှရာက ငွေလွှသူရော ငွေထုတ်သူပါ ဖမ်းဆီးရမိခဲ့တယ်လို တာဝန်ရှိသူတွေထံက သိရပါတယ်။

အသက်(၂၇)နှစ်အရွယ်ခန့်ရှိတဲ့ အမျိုးသမီး တစ်ဦးဟာ ကန်ကြီးထောင့်မြို၊(၁)ရပ်ကွက်က စျေးဆိုင်တစ်ဆိုင်ဆီကိုလာရောက်ပြီး ခရိုင်ပြည်နယ်၊ ဂွမြိုနယ်၊ ဆင်ကူကျေးရွာမှာနေထိုင်တဲ့ သူ့အမျိုးဖြစ်သူဆီ Wave Money နဲ့ ငွေကျပ် ၁ သိန်းလွှပေးခဲ့ရာမှာ အဆိုပါ ငွေကျပ်တစ်သိန်းဖြစ်တဲ့ တစ်သောင်းကျပ်တန် ၁၀ ရွက်အနက် ၆ ရွက်မှာ နံပါတ်တူတွေ ဖြစ်နေတာကို တွေ့ရှိရတဲ့အတွက် ဆိုင်ပိုင်ရှင်က တာဝန်ရှိသူများထံဆက်သွယ်သတင်း ပေးပိုခဲ့တာဖြစ်ပါတယ်။

တာဝန်ရှိသူတွေက လာရောက်စစ်ဆေးပြီး ငွေလွှသူအမျိုးသမီးနဲ့ ငွေထုတ်ယူသူအမျိုးသား(လင်မယား)တိုကို ဖမ်းဆီးအမှုဖွင့်ပြီး ဆက်စပ်ငွေစက္ကူအတုပြုလုပ်သုံးစွဲသူ ကွင်းဆက်တရားခံတွေကို ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိတယ်လို သိရပါတယ်။
#mhtnews

(Zawgyi)
“ကန်ကြီးထောင့်မြို့မှာ တစ်သောင်းတန်ငွေအတုတွေကို Wave Money မှာ လာလွှဲရာက လွှဲသူရော ထုတ်သူကိုပါ ဖမ်းဆီးရမိ”

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က တစ်သောင်းတန်ငွေစက္ကူအတုတွေကို Wave Money ဆိုင်မှာ လာလွှဲရာက ငွေလွှဲသူရော ငွေထုတ်သူပါ ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိသူတွေထံက သိရပါတယ်။

အသက်(၂၇)နှစ်အရွယ်ခန့်ရှိတဲ့ အမျိးသမီး တစ်ဦးဟာ ကန်ကြီးထောင့်မြို့၊(၁)ရပ်ကွက်က ဈေးဆိုင်တစ်ဆိုင်ဆီကိုလာရောက်ပြီး ခရိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆင်ကူကျေးရွာမှာနေထိုင်တဲ့ သူ့အမျိးဖြစ်သူဆီ Wave Money နဲ့ ငွေကျပ် ၁ သိန်းလွှဲပေးခဲ့ရာမှာ အဆိုပါ ငွေကျပ်တစ်သိန်းဖြစ်တဲ့ တစ်သောင်းကျပ်တန် ၁၀ ရွက်အနက် ၆ ရွက်မှာ နံပါတ်တူတွေ ဖြစ်နေတာကို တွေ့ရှိရတဲ့အတွက် ဆိုင်ပိုင်ရှင်က တာဝန်ရှိသူများထံဆက်သွယ်သတင်း ပေးပို့ခဲ့တာဖြစ်ပါတယ်။

တာဝန်ရှိသူတွေက လာရောက်စစ်ဆေးပြီး ငွေလွှဲသူအမျိးသမီးနဲ့ ငွေထုတ်ယူသူအမျိးသား(လင်မယား)တို့ကို ဖမ်းဆီးအမှုဖွင့်ပြီး ဆက်စပ်ငွေစက္ကူအတုပြုလုပ်သုံးစွဲသူ ကွင်းဆက်တရားခံတွေကို ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
#mhtnews