
ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်အပြင် ပြည်နယ်ဝန်ကြီးဟောင်းများဖြစ်ကြသောဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း(ခ)ဦးဒါရှီလဆိုင်း၊ ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်း၊ ဦးနေဝင်းနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် တို့အပေါ် အလုပ်နှင့် ထောင်ဒဏ်ပြစ်ဒဏ်များ အသီးသီးချမှတ်လိုက်ကြောင်း MOI သတင်းအရ သိရသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးဟောင်း ဦးဝေလင်းနှင့် ဦးဝင်းညွန့်တို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလလျာထားချက်တွင် ပါရှိခြင်းမရှိသည့် မြစ်ကြီးနား- ဗန်းမော်လမ်း AC ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၂၃ မိုင်လုပ်ငန်းကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတော်သို့ အပ်နှံရမည့် ငွေကျပ်သန်း ၁၁၀၀၇ ဒသမ ၀၀၉ ဖြင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့ခြင်း၊ QC အဖွဲ့၏ စစ်ဆေးချက်အရ လမ်းအရည်အသွေးမပြည့်မီသဖြင့်ပြန်လည်ပြုပြင်ရခြင်း၊ စာချုပ်စည်းကမ်းနှင့်အညီ ဆောင်ရွက်မှုမရှိခြင်း တို့ကြောင့် နိုင်ငံတော်၏ ငွေကြေးကို နစ်နာဆုံးရှုံးစေခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုဆိုသည်။
ထို့အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီး ဟောင်း ဦးဝေလင်းနှင့် ဦးလဆိုင်း(ခ) ဦးဒါရှီလဆိုင်း တို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၂၀ ပြည့်နှစ်အတွင်း ဖမ်းဆီးရမိသည့် သလင်းကျောက် တန်ချိန် ၁၀၀၀၀ ကို ရောင်းချခဲ့ရာ၌ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မှုမရှိဘဲ တစ်တန်လျှင် ကျပ် ၃၆၀၀၀ ဖြင့် ဈေးနှုန်းလျှော့၍ ကုမ္ပဏီနှစ်ခုအား တန် ၅၀၀၀ စီ ခွဲဝေရောင်းချခဲ့ရာ နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သန်း ၂၄၀ နစ်နာဆုံးရှုံးစေခဲ့သည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အမိန့်ကြော်ငြာစာအမှတ်(၇၀/၂၀၂၀) အရ သလင်းကျောက် ရောင်းချရရှိငွေ၏၂၀ ရာခိုင်နှုန်း ငွေကျပ် ၇၂ သန်းကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းမှုမရှိခြင်းတို့ကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးစေခဲ့ကြောင်း သိရသည်။
ထိုမျှမက ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ခက်အောင်နှင့် ပြည်နယ်ဝန်ကြီးဟောင်း ဦးဝေလင်းတို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ဂေဟာ နှစ်ထပ်ဆောင် ဆောက်လုပ်ရာတွင်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ(General Reserve Fund- GRF) မှ သုံးစွဲခွင့်မရှိသည့် ငွေကျပ် ၁၄၉၂ သန်းကျော်ကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိဘဲ သုံးစွဲဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ငွေကြေးများ နစ်နာဆုံးရှုံးစေခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးဟောင်း ဦးဝေလင်းတို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် မြေမြင့်ရပ်ကွက်၊ တပ်ကုန်းရပ်ကွက်နှင့် ဒူကထောင်ရပ်ကွက်တို့အတွင်း ကတ္တရာလမ်းသစ်ခင်းခြင်း၊ ကွန်ကရစ်တံတားနှင့် ကွန်ကရစ်ရေပြွန်တည်ဆောက်ခြင်း လုပ်ငန်းသုံးခုတို့အတွက် စုစုပေါင်းတန်ဖိုး ငွေကျပ် ၂၄၈ သန်းကျော်ကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံး လုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်မှုမရှိဘဲ ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ လုပ်ကိုင်ခွင့်ပြုပေးခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေ နစ်နာဆုံးရှုံးစေခဲ့သည့်အပြင် ပြည်နယ်ဝန်ကြီးဟောင်း ဦးဇော်ဝင်းသည်လည်း နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း နယ်စပ်စစ်ဆေးရေးဂိတ် တာဝန်ခံဝန်ထမ်းများထံမှ ငွေနှင့် ပစ္စည်းတန်ဖိုး ငွေကျပ် ၂၁ သိန်းခန့်ကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးဟောင်း ဦးဝေလင်းသည်လည်း နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်အတွင်း ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီးလမ်းတွင် ဖမ်းဆီးရမိသော ဓာတ်မြေဩဇာများ လေလံတင် ရောင်းချ ရရှိငွေကျပ် ၅၂၅ သန်းကျော်အနက် ဖမ်းဆီးရာတွင်ပါဝင်သော အဖွဲ့များအား ဆုကြေးငွေခွဲဝေပေးရာတွင် ၎င်းအတွက် ငွေကျပ် ၅၇ သန်းကျော်ကို ဥပဒေနှင့်မညီဘဲ အကျိုးခံစားခွင့်ရယူခဲ့ခြင်းနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း မိုးကောင်းမြို့နယ် ပါတီရုံး ဆောက်လုပ်ရန် အကြောင်းပြကာ ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီပိုင်ရှင်များထံမှ စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ ကို တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးဟောင်း ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်းသည်လည်း ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ပြည်နယ်ပါတီရုံးနှင့် ဖားကန့်မြို့နယ်ပါတီရုံး ဆောက်လုပ်ရန်အတွက် အကြောင်းပြကာ ကျောက်မျက်လုပ်ငန်းရှင်များထံမှ စုစုပေါင်း ငွေကျပ် သိန်း ၉၆၀ ကို တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးဟောင်း ဦးဝင်းညွန့်သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ဝိုင်းမော်မြို့နယ် ပါတီရုံး ဆောက်လုပ်ရန်အကြောင်းပြကာ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကျပ်သိန်း ၂၀၀ ကိုလည်းကောင်း၊ နေပြည်တော်ပါတီသုတေသနရုံးအတွက် လိုအပ်သော ပစ္စည်းများဝယ်ယူရန် အကြောင်းပြကာ ငွေကျပ် သိန်း ၂၅၀ တို့ကိုလည်းကောင်း တောင်းခံ ရယူခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးဟောင်း ဦးနေဝင်းနှင့် ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်၊ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့သည် ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ တရားဝင် သုံးစွဲခွင့်မရှိသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၂၃ စီးအတွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်၊ အကြီးစားပြင်ဆင်စရိတ် စုစုပေါင်းငွေကျပ် ၂၁၉ သန်းကျော်ကို ထုတ်ယူသုံးစွဲခဲ့၍ နိုင်ငံတော်၏ငွေကြေးများ ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရှိရသည်။
အဆိုပါ စစ်ဆေးတွေ့ရှိချက်ချက်များအရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးဟောင်းများ ဖြစ်ကြသော ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း (ခ)ဦးဒါရှီလဆိုင်း၊ ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ကချင်ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးစိုးနိုင်အပေါ် ယင်းဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း ကချင်ပြည်နယ် တရားလွှတ်တော်တွင် ၂၀-၉-၂၀၂၁ ရက်နေ့၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၁၂/၂၀၂၁ အထိ အမှု ၁၂ မှုဖြင့် လက်ခံစစ်ဆေးခဲ့ရာ ပြစ်မှုထင်ရှားသဖြင့် ကချင် ပြည်နယ်တရားလွှတ်တော်က ဧပြီ ၂၂ ရက်တွင် ဒေါက်တာခက်အောင်အားအဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန်၊ ဦးဝေလင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၉ နှစ် ကျခံစေရန်၊ ဦးဝင်းညွန့်၊ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်း၊ ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်းတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီ ကျခံစေရန်နှင့် ညွှန်ကြားရေးမှူး ဦးစိုးနိုင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ အလုပ်နှင့် ထောင်ဒဏ် ၈ လနှင့် ဒဏ်ငွေကျပ် သုံးသိန်းကို တစ်ပေါင်းတည်းကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
#mhtnews

(Zawgyi)
“ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာခက္ေအာင္အျပင္ ျပည္နယ္ဝန္ႀကီးေဟာင္း ၆ ဦးႏွင့္ ျပည္နယ္စည္ပင္သာယာေရးအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးစိုးနိုင္တို႔အေပၚ ျပစ္ဒဏ္မ်ား အသီးသီးခ်မွတ္”
ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာခက္ေအာင္အျပင္ ျပည္နယ္ဝန္ႀကီးေဟာင္းမ်ားျဖစ္ၾကေသာဦးေဝလင္း၊ ဦးဝင္းၫြန႔္၊ ဦးလဆိုင္း(ခ)ဦးဒါရွီလဆိုင္း၊ ဦးေနာ္လီ(ခ)ဇေခါင္ခမ္းရယ္၊ ဦးေဇာ္ဝင္း၊ ဦးေနဝင္းႏွင့္ ျပည္နယ္စည္ပင္သာယာေရးအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးစိုးနိုင္ တို႔အေပၚ အလုပ္ႏွင့္ ေထာင္ဒဏ္ျပစ္ဒဏ္မ်ား အသီးသီးခ်မွတ္လိုက္ေၾကာင္း MOI သတင္းအရ သိရသည္။
ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာခက္ေအာင္၊ ျပည္နယ္ဝန္ႀကီးေဟာင္း ဦးေဝလင္းႏွင့္ ဦးဝင္းၫြန႔္တို႔သည္ နိုင္ငံေရးရာထူး လက္ရွိျဖစ္ခဲ့စဥ္က ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ မူလလ်ာထားခ်က္တြင္ ပါရွိျခင္းမရွိသည့္ ျမစ္ႀကီးနား- ဗန္းေမာ္လမ္း AC ကတၱရာ ထပ္ပိုးလႊာခင္းျခင္း ၂၃ မိုင္လုပ္ငန္းကို နိုင္ငံေတာ္သမၼတ႐ုံး၏ ၫႊန္ၾကားခ်က္အမွတ္၁/၂၀၁၇ႏွင့္အညီတင္ဒါေခၚယူ ေဆာင္႐ြက္ျခင္းမရွိဘဲ နိုင္ငံေတာ္သို႔အပ္ႏွံရမည့္ ေငြက်ပ္သန္း ၁၁၀၀၇ ဒသမ ၀၀၉ ျဖင့္ ပုဂၢလိကကုမၸဏီတစ္ခုအားလုပ္ငန္းေဆာင္႐ြက္ခြင့္ျပဳခဲ့ျခင္း၊ QC အဖြဲ႕၏ စစ္ေဆးခ်က္အရ လမ္းအရည္အေသြးမျပည့္မီသျဖင့္ျပန္လည္ျပဳျပင္ရျခင္း၊ စာခ်ဳပ္စည္းကမ္းႏွင့္အညီေဆာင္႐ြက္မႈမရွိျခင္း တို႔ေၾကာင့္ နိုင္ငံေတာ္၏ ေငြေၾကးကို နစ္နာဆုံးရႈံးေစခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရသည္ဟုဆိုသည္။
ထို႔အျပင္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာခက္ေအာင္၊ ျပည္နယ္ဝန္ႀကီး ေဟာင္း ဦးေဝလင္းႏွင့္ ဦးလဆိုင္း(ခ) ဦးဒါရွီလဆိုင္း တို႔သည္ နိုင္ငံေရးရာထူးလက္ရွိျဖစ္ခဲ့စဥ္က ၂၀၂၀ ျပည့္ႏွစ္အတြင္း ဖမ္းဆီးရမိသည့္ သလင္းေက်ာက္ တန္ခ်ိန္၁၀၀၀၀ ကို ေရာင္းခ်ခဲ့ရာ၌ နိုင္ငံေတာ္သမၼတ႐ုံး၏ ၫႊန္ၾကားခ်က္အမွတ္ ၁/၂၀၁၇ တင္ဒါလုပ္ထုံးလုပ္နည္းႏွင့္အညီ ေဆာင္႐ြက္မႈမရွိဘဲ တစ္တန္လွ်င္ က်ပ္ ၃၆၀၀၀ျဖင့္ ေဈးႏႈန္းေလွ်ာ့၍ ကုမၸဏီႏွစ္ခုအား တန္ ၅၀၀၀ စီ ခြဲေဝေရာင္းခ်ခဲ့ရာ နိုင္ငံေတာ္ဘ႑ာေငြ က်ပ္သန္း ၂၄၀ နစ္နာဆုံးရႈံးေစခဲ့သည့္အျပင္ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး၏ အမိန႔္ေၾကာ္ျငာစာအမွတ္(၇၀/၂၀၂၀) အရ သလင္းေက်ာက္ ေရာင္းခ်ရရွိေငြ၏၂၀ ရာခိုင္ႏႈန္းေငြက်ပ္ ၇၂ သန္းကို ျပည္ေထာင္စု ဘ႑ာရန္ပုံေငြသို႔ ေပးသြင္းမႈမရွိျခင္းတို႔ေၾကာင့္ နိုင္ငံေတာ္ဘ႑ာေငြမ်ား ဆုံးရႈံးေစခဲ့ေၾကာင္း သိရသည္။
ထိုမွ်မက ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာ ခက္ေအာင္ႏွင့္ ျပည္နယ္ဝန္ႀကီးေဟာင္း ဦးေဝလင္းတို႔သည္နိုင္ငံေရးရာထူးလက္ရွိျဖစ္ခဲ့စဥ္က ကခ်င္ျပည္နယ္အစိုးရအဖြဲ႕႐ုံး၊ ဧည့္ေဂဟာ ႏွစ္ထပ္ေဆာင္ ေဆာက္လုပ္ရာတြင္၂၀၁၈-၂၀၁၉ဘ႑ာႏွစ္ ျပည္နယ္အေထြေထြပိုလွ်ံရန္ပုံေငြ(General Reserve Fund- GRF) မွ သုံးစြဲခြင့္မရွိသည့္ ေငြက်ပ္ ၁၄၉၂ သန္းေက်ာ္ကို ဘ႑ာေရးစည္းမ်ဥ္းစည္းကမ္းႏွင့္ ကိုက္ညီမႈမရွိဘဲ သုံးစြဲေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ နိုင္ငံေတာ္၏ေငြေၾကးမ်ား နစ္နာဆုံးရႈံးေစခဲ့သည္။
ထို႔အျပင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာခက္ေအာင္ႏွင့္ ျပည္နယ္ဝန္ႀကီးေဟာင္း ဦးေဝလင္းတို႔သည္ နိုင္ငံေရးရာထူးလက္ရွိျဖစ္ခဲ့စဥ္က ၂၀၁၉-၂၀၂၀ဘ႑ာေရးႏွစ္တြင္ ေျမျမင့္ရပ္ကြက္၊ တပ္ကုန္းရပ္ကြက္ႏွင့္ဒူကေထာင္ရပ္ကြက္တို႔အတြင္း ကတၱရာလမ္းသစ္ခင္းျခင္း၊ကြန္ကရစ္တံတားႏွင့္ ကြန္ကရစ္ေရႁပြန္တည္ေဆာက္ျခင္း လုပ္ငန္းသုံးခုတို႔အတြက္ စုစုေပါင္းတန္ဖိုး ေငြက်ပ္ ၂၄၈ သန္းေက်ာ္ကို နိုင္ငံေတာ္သမၼတ႐ုံး၏ ၫႊန္ၾကားခ်က္အမွတ္ ၁/၂၀၁၇ တင္ဒါလုပ္ထုံး လုပ္နည္းႏွင့္အညီ တင္ဒါေခၚယူေဆာင္႐ြက္မႈမရွိဘဲ ပုဂၢလိကကုမၸဏီတစ္ခုသို႔ လုပ္ကိုင္ခြင့္ျပဳေပးခဲ့ျခင္းေၾကာင့္ နိုင္ငံေတာ္၏ ဘ႑ာေငြ နစ္နာဆုံးရႈံးေစခဲ့သည့္အျပင္ ျပည္နယ္ဝန္ႀကီးေဟာင္းဦးေဇာ္ဝင္းသည္လည္း နိုင္ငံေရးရာထူးလက္ရွိျဖစ္ခဲ့စဥ္က ၂၀၁၉ ခုႏွစ္ႏွင့္ ၂၀၂၀ ျပည့္ႏွစ္အတြင္းနယ္စပ္စစ္ေဆးေရးဂိတ္ တာဝန္ခံဝန္ထမ္းမ်ားထံမွ ေငြႏွင့္ ပစၥည္းတန္ဖိုး ေငြက်ပ္ ၂၁ သိန္းခန႔္ကို တံစိုးလက္ေဆာင္အျဖစ္ လက္ခံရယူခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရသည္ဟု သိရသည္။
ထို႔အျပင္ ျပည္နယ္ဝန္ႀကီးေဟာင္းဦးေဝလင္းသည္လည္း နိုင္ငံေရးရာထူးလက္ရွိျဖစ္ခဲ့စဥ္က ၂၀၁၉ ခုႏွစ္အတြင္းဝိုင္းေမာ္-ဆဒုံး-ကန္ပိုက္တီးလမ္းတြင္ ဖမ္းဆီးရမိေသာ ဓာတ္ေျမဩဇာမ်ား ေလလံတင္ ေရာင္းခ် ရရွိေငြက်ပ္ ၅၂၅ သန္းေက်ာ္အနက္ ဖမ္းဆီးရာတြင္ပါဝင္ေသာ အဖြဲ႕မ်ားအား ဆုေၾကးေငြခြဲေဝေပးရာတြင္ ၎အတြက္ ေငြက်ပ္ ၅၇ သန္းေက်ာ္ကို ဥပေဒႏွင့္မညီဘဲ အက်ိဳးခံစားခြင့္ရယူခဲ့ျခင္းႏွင့္ ၂၀၂၀ ျပည့္ႏွစ္အတြင္း မိုးေကာင္းၿမိဳ႕နယ္ ပါတီ႐ုံး ေဆာက္လုပ္ရန္ အေၾကာင္းျပကာ ျပည္နယ္အတြင္း စီးပြားေရးလုပ္ငန္း လုပ္ကိုင္လ်က္ရွိေသာ ကုမၸဏီပိုင္ရွင္မ်ားထံမွ စုစုေပါင္း ေငြက်ပ္သိန္း ၃၀၀ ကို ေတာင္းခံရယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။
ထို႔အတူ ျပည္နယ္ဝန္ႀကီးေဟာင္း ဦးလဆိုင္း (ခ) ဦးဒါရွီလဆိုင္းသည္လည္း ၂၀၁၉ ခုႏွစ္ႏွင့္ ၂၀၂၀ ျပည့္ႏွစ္အတြင္း ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ ျပည္နယ္ပါတီ႐ုံးႏွင့္ ဖားကန႔္ၿမိဳ႕နယ္ပါတီ႐ုံး ေဆာက္လုပ္ရန္အတြက္ အေၾကာင္းျပကာ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားထံမွ စုစုေပါင္းေငြက်ပ္သိန္း ၉၆၀ ကို ေတာင္းခံရယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။
အလားတူ ျပည္နယ္ဝန္ႀကီးေဟာင္းဦးဝင္းၫြန႔္သည္ ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ ၂၀၁၉ ခုႏွစ္ႏွင့္ ၂၀၂၀ ျပည့္ႏွစ္အတြင္း ဝိုင္းေမာ္ၿမိဳ႕နယ္ ပါတီ႐ုံး ေဆာက္လုပ္ရန္အေၾကာင္းျပကာ စီးပြားေရးလုပ္ငန္းရွင္မ်ားထံမွ ေငြက်ပ္သိန္း ၂၀၀ ကိုလည္းေကာင္း၊ ေနျပည္ေတာ္ပါတီသုေတသန႐ုံးအတြက္ လိုအပ္ေသာ ပစၥည္းမ်ားဝယ္ယူရန္အေၾကာင္းျပကာ ေငြက်ပ္ သိန္း ၂၅၀ တို႔ကိုလည္းေကာင္း ေတာင္းခံ ရယူခဲ့သည္။
ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးေဟာင္း ဦးေနဝင္းႏွင့္ ဦးေနာ္လီ (ခ) ဇေခါင္ခမ္းရယ္၊ ကခ်င္ျပည္နယ္ စည္ပင္သာယာေရးအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးစိုးနိုင္တို႔သည္ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ အတြင္း လုပ္ထုံးလုပ္နည္းႏွင့္မညီဘဲ တရားဝင္ သုံးစြဲခြင့္မရွိသည့္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ ၂၃ စီးအတြက္ စက္သုံးဆီ၊ ယာဥ္ျပင္ဆင္စရိတ္၊ အႀကီးစားျပင္ဆင္စရိတ္ စုစုေပါင္းေငြက်ပ္ ၂၁၉ သန္းေက်ာ္ကို ထုတ္ယူသုံးစြဲခဲ့၍ နိုင္ငံေတာ္၏ေငြေၾကးမ်ား ထိခိုက္နစ္နာဆုံးရႈံးေစခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္ဟု သိရွိရသည္။
အဆိုပါ စစ္ေဆးေတြ႕ရွိခ်က္ခ်က္မ်ားအရ ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာခက္ေအာင္၊ ျပည္နယ္ဝန္ႀကီးေဟာင္းမ်ား ျဖစ္ၾကေသာ ဦးေဝလင္း၊ ဦးဝင္းၫြန႔္၊ ဦးလဆိုင္း (ခ)ဦးဒါရွီလဆိုင္း၊ ဦးေနာ္လီ (ခ) ဇေခါင္ခမ္းရယ္၊ ဦးေဇာ္ဝင္းႏွင့္ ဦးေနဝင္းတို႔အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ အရလည္းေကာင္း၊ ကခ်င္ျပည္နယ္စည္ပင္ သာယာေရးအဖြဲ႕ ၫႊန္ၾကား ေရးမႉး ဦးစိုးနိုင္အေပၚ ယင္းဥပေဒ ပုဒ္မ ၅၆ အရ လည္းေကာင္း ကခ်င္ျပည္နယ္ တရားလႊတ္ေတာ္တြင္ ၂၀-၉-၂၀၂၁ ရက္ေန႕၌ တရားစြဲဆိုတင္ပို႔ခဲ့ရာ ရာဇဝတ္ႀကီးမႈအမွတ္ ၁/၂၀၂၁ မွ ၁၂/၂၀၂၁ အထိ အမႈ ၁၂ မႈျဖင့္ လက္ခံစစ္ေဆးခဲ့ရာ ျပစ္မႈထင္ရွားသျဖင့္ ကခ်င္ ျပည္နယ္တရားလႊတ္ေတာ္က ဧၿပီ ၂၂ ရက္တြင္ ေဒါက္တာခက္ေအာင္အားအဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၂ ႏွစ္ က်ခံေစရန္၊ ဦးေဝလင္းအား အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၉ႏွစ္က်ခံေစရန္၊ ဦးဝင္းၫြန႔္၊ဦးလဆိုင္း (ခ) ဦးဒါရွီလဆိုင္း၊ ဦးေနာ္လီ(ခ) ဇေခါင္ခမ္းရယ္၊ဦးေဇာ္ဝင္းႏွင့္ ဦးေနဝင္းတို႔အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၃ ႏွစ္စီ က်ခံေစရန္ႏွင့္ၫႊန္ၾကားေရးမႉး ဦးစိုးနိုင္အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၆ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၈ လႏွင့္ဒဏ္ေငြက်ပ္ သုံးသိန္းကို တစ္ေပါင္းတည္းက်ခံေစရန္ အမိန႔္ ခ်မွတ္ခဲ့ေၾကာင္း သတင္းရရွိသည္။
#mhtnews
Recent Comments