
ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြိုနေ့တွင် ပြည်သူ့ရင်ပြင်နှင့် ဧရာဦးပန်းခြံတို့၌ ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်ရာ ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးဉာဏ်မြင့်ကျော်၊ ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက လမ်းလျှောက် သင်္ကြန်ပွဲတော်အတွင်း ပါဝင်ဆင်နွှဲလျက်ရှိသည့် ယိမ်းအဖွဲ့များနှင့် ပြည်သူများအား သပြေခက်ဖြင့် အတာရေကို လိုက်လံဖျန်းပက်ခဲ့ကြကာ ပွဲတော်အတွင်း စတုဒိသာမဏ္ဍပ်များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက် ပွဲတော်အတွင်း ဖျော်ဖြေရေးအစီအစဉ် တစ်ရပ်အနေဖြင့် ယိမ်းအကအလှများ၊ ခေတ်ပေါ် တေးဂီတသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
မြစ်ကြီးနားမြို့၌ ကျင်းပသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း ဒေသခံပြည်သူအများ အပြား အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိရာ ခေတ်ပေါ်တေးသီချင်းများ၊ ခေတ်ပေါ်အကအလှ များဖြင့်လည်း ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း သိရှိရသည်။

(Zawgyi)
“ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ျမစ္ႀကီးနားၿမိဳ႕၌ လမ္းေလွ်ာက္သၾကၤန္ပြဲေတာ္ ဖြင့္လွစ္၍ ေဒသခံျပည္သူမ်ားႏွင့္အတူ အတာေရသဘင္ပြဲ ေအးခ်မ္းေပ်ာ္႐ႊင္စြာဆင္ႏႊဲ”
ကခ်င္ျပည္နယ္၏ၿမိဳ႕ေတာ္ ျမစ္ႀကီးနားၿမိဳ႕၌ ျမန္မာသကၠရာဇ္ ၁၃၈၃ ခုႏွစ္ ျမန္မာ့ရိုးရာ ယဥ္ေက်းမႈမဟာသၾကၤန္ပြဲေတာ္ အႀကိဳေန႕တြင္ ျပည္သူ႕ရင္ျပင္ႏွင့္ ဧရာဦးပန္းၿခံတို႔၌ က်င္းပျပဳလုပ္သည့္ လမ္းေလွ်ာက္သၾကၤန္ပြဲေတာ္ကို ယေန႕နံနက္ ၉ နာရီက စတင္ဖြင့္လွစ္ရာ ေဒသခံျပည္သူမ်ား ေအးခ်မ္းေပ်ာ္႐ႊင္စြာ ပါဝင္ဆင္ႏႊဲခဲ့ၾကသည္။
အဆိုပါ လမ္းေလွ်ာက္သၾကၤန္ပြဲေတာ္ကို ျပည္နယ္အစိုးရအဖြဲ႕ဝင္ စီးပြားေရးရာဝန္ႀကီး ဦးမ်ိဳးေဆြ၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ရဲမႉးႀကီးဉာဏ္ျမင့္ေက်ာ္၊ ျပည္နယ္သယံဇာတ ေရးရာဝန္ႀကီး ဦးတိန႔္ေဆာင္တို႔က ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးၾကၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးခက္ထိန္နန္ႏွင့္ ဇနီးေဒၚနန္ဆိုင္း၊ ျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္ႏွင့္ဇနီး၊ ျပည္နယ္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားႏွင့္ဇနီးမ်ားက လမ္းေလွ်ာက္ သၾကၤန္ပြဲေတာ္အတြင္း ပါဝင္ဆင္ႏႊဲလ်က္ရွိသည့္ ယိမ္းအဖြဲ႕မ်ားႏွင့္ ျပည္သူမ်ားအား သေျပခက္ျဖင့္ အတာေရကို လိုက္လံဖ်န္းပက္ခဲ့ၾကကာ ပြဲေတာ္အတြင္း စတုဒိသာမ႑ပ္မ်ားျဖင့္ တည္ခင္းဧည့္ခံေကြၽးေမြးေနမႈကို လွည့္လည္ၾကည့္ရႈ အားေပးခဲ့ၾကသည္။
ထို႔ေနာက္ ပြဲေတာ္အတြင္း ေဖ်ာ္ေျဖေရးအစီအစဥ္ တစ္ရပ္အေနျဖင့္ ယိမ္းအကအလွမ်ား၊ ေခတ္ေပၚ ေတးဂီတသီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္မႈကို ၾကည့္ရႈအားေပးခဲ့ၾကၿပီး ယိမ္းအဖြဲ႕မ်ားႏွင့္ ေဖ်ာ္ေျဖေရးအဖြဲ႕မ်ားအား ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီးတို႔က ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ခဲ့ၾကသည္။
ျမစ္ႀကီးနားၿမိဳ႕၌ က်င္းပသည့္ လမ္းေလွ်ာက္သၾကၤန္ပြဲေတာ္အတြင္း ေဒသခံျပည္သူအမ်ား အျပား ေအးခ်မ္းေပ်ာ္႐ႊင္စြာ ေရကစားလ်က္ရွိရာ ေခတ္ေပၚေတးသီခ်င္းမ်ား၊ ေခတ္ေပၚအကအလွ မ်ားျဖင့္လည္း ေဖ်ာ္ေျဖတင္ဆက္လ်က္ရွိေၾကာင္း သိရွိရသည္။
Recent Comments