မြန်မာ့တို့၏ ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတဝန်းကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ညနေ ၃ နာရီတွင် မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် အား/ကာတိုက်တန်းလမ်းထောင့် မြို့တော်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဖွင့်လှစ်လိုက်ကြောင်း ကြေညာပြီး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက ဖွင့်ပွဲအဖြစ် “မန်းတောင်ရိပ်ခို” တေးသီချင်းဖြင့် ယိမ်းအဖွဲ့များ၏ စုပေါင်းကပြဖျော်ဖြေမှုကို အမွှေးနံ့သာရည်များဖြင့် လိုက်လံပက်ဖျန်းပေးကြပြီး ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ နာမည်ကျော် တေးသံရှင်များနှင့် ဒေသခံ တိုင်းရင်းသားအဆိုရှင်များ၏ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ ကြသည်။

အလားတူ ညပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများနှင့် ခေတ်ပေါ်တေးသီချင်းများ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးလျက်ရှိသည့် ပရိတ်သတ်များဖြင့် မြန်မာ့ရိုးရာသင်္ကြန်အား စည်ကားစွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

(Zawgyi)

“ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ျမန္မာ့ရိုးရာယဥ္ေက်းမႈ မဟာသၾကၤန္ပြဲေတာ္အား တက္ေရာက္ဖြင့္လွစ္ေပး”

ျမန္မာ့တို႔၏ ရိုးရာအစဥ္အလာမပ်က္ က်င္းပၿမဲျဖစ္သည့္ မဟာသၾကၤန္ပြဲေတာ္ကို နိုင္ငံတဝန္းက်င္းပလ်က္ရွိရာ ျမန္မာသကၠရာဇ္ ၁၃၈၃ ခုႏွစ္ ကခ်င္ျပည္နယ္ ျမန္မာ့ရိုးရာမဟာသၾကၤန္ပြဲေတာ္ ဗဟိုမ႑ပ္ဖြင့္ပြဲအခမ္းအနားကို ဧၿပီ ၁၃ ရက္ (သၾကၤန္အႀကိဳေန႕) ညေန ၃ နာရီတြင္ ျမစ္ႀကီးနားၿမိဳ႕ ႐ုံးႀကီးလမ္းႏွင့္ အား/ကာတိုက္တန္းလမ္းေထာင့္ ၿမိဳ႕ေတာ္ခန္းမေရွ႕ရွိ ဗဟိုမ႑ပ္၌ စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္သည္။

ဖြင့္ပြဲတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးခက္ထိန္နန္က ျမန္မာ့ရိုးရာယဥ္ေက်းမႈမဟာသၾကၤန္ပြဲေတာ္ကို ဖြင့္လွစ္လိုက္ေၾကာင္း ေၾကညာၿပီး၊ ျပည္နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး ေအာင္ၾကည္လင္း၊ ျပည္နယ္စီးပြားေရးရာဝန္ႀကီး ဦးမ်ိဳးေဆြ၊ ျပည္နယ္သယံဇာတေရးရာဝန္ႀကီး ဦးတိန႔္ေဆာင္ႏွင့္ ျပည္နယ္တိုင္းရင္းသားေရးရာဝန္ႀကီး ဦးေက်ာ္မင္းခိုင္တို႔က ဖဲႀကိဳးျဖတ္ဖြင့္ လွစ္ေပးၾကသည္။

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဇနီးေဒၚနန္ဆိုင္း၊ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ျမတ္သက္ဦး၊ ျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္၊ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားႏွင့္ ဇနီးမ်ားက ဖြင့္ပြဲအျဖစ္ မန္းေတာင္ရိပ္ခို ေတးသီခ်င္းျဖင့္ ယိမ္းအဖြဲ႕မ်ား၏ စုေပါင္းကျပေဖ်ာ္ေျဖမႈကို အေမႊးနံ႕သာရည္မ်ားျဖင့္ လိုက္လံပက္ဖ်န္းေပးၾကၿပီး ဗဟိုမ႑ပ္၌ ယိမ္းအဖြဲ႕မ်ား၏ အကအလွမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္မႈ၊ နာမည္ေက်ာ္ ေတးသံရွင္မ်ားႏွင့္ ေဒသခံ တိုင္းရင္းသားအဆိုရွင္မ်ား၏ ေခတ္ေပၚေတးသီခ်င္းမ်ားျဖင့္ သီဆိုေဖ်ာ္ေျဖမႈကို ၾကည့္ရႈအားေပးခဲ့ ၾကသည္။

အလားတူ ညပိုင္းတြင္ ျမစ္ႀကီးနားၿမိဳ႕ရွိ ဗဟိုမ႑ပ္၌ ယိမ္းအဖြဲ႕မ်ား၏ ကျပေဖ်ာ္ေျဖမႈမ်ားႏွင့္ ေခတ္ေပၚေတးသီခ်င္းမ်ား သီဆိုေဖ်ာ္ေျဖမႈမ်ားကို ၾကည့္ရႈအားေပးလ်က္ရွိသည့္ ပရိတ္သတ္မ်ားျဖင့္ ျမန္မာ့ရိုးရာသၾကၤန္အား စည္ကားစြာ က်င္းပျပဳလုပ္လ်က္ရွိေၾကာင္း သိရွိရသည္။