ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ YPS ကတ်အရောင်းဆိုင်များကို ပြန်လည်ဖွင့်လှစ်ပြီး ကတ်အသုံးပြုစီးနင်းနိုင်မည့် YBS ယာဥ်လိုင်းများကို ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ YPS ကဒ်များကို “YPS” အမှတ်တံဆပ်ပါသည့် g & g ဆိုင်များအပြင် ဆူးလေမှတ်တိုင် မြန်မာပလာဇာရှေ့၊ သခင်မြပန်းခြံ (ကမ်းနားလမ်း)၊ ယုဇနပလာဇာရှေ့နှင့် စိုက်ပျိုးရေးမှတ်တိုင်အနီးတို့၌ YPS အရောင်းကောင်တာများ ဖွင့်လှစ်ထားပြီး အဆိုပါအရောင်းကောင်တာများတွင် တနင်္လာ နေ့မှ သောကြာနေ့အထိ နံနက် ၈နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း ဝယ်ယူနိုင်မည်ဖြစ်ကာ စနေနေ့တွင် နံနက်နက် ၈ နာရီခွဲမှ နေ့လည် ၁၂ ခွဲအတွင်း ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

“YPS” ကတ်ကိုအသုံးပြု၍ YBS ယာဥ်လိုင်း ၂၊ ၃၊ ၄၊ ၇၊ ၈၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၂၄၊ ၂၅၊ ၂၈၊ ၂၉၊ ၃၀၊ ၃၂၊ ၃၆၊ ၃၇၊ ၃၈၊ ၄၀၊ ၄၃၊ ၅၅၊ ၅၇၊ ၅၈၊ ၅၉၊ ၆၂၊ ၆၅၊ ၇၂၊ ၇၈၊ ၈၇၊ ၈၈၊ ၈၉၊ ၉၃၊ ၉၄၊ ၉၆၊ ၉၇၊ ၁၀၄၊ ၁၀၅၊ ၁၀၆၊ ၁၀၇၊ ၁၁၀၊ ၁၁၂၊ ၁၁၃၊ ၁၁၄၊ ၁၁၅၊ ၁၁၆၊ ၁၁၇၊ ၁၁၈၊ တို့တွင် စီးနင်းနိုင်မည်ဖြစ်ကြောင်း YRTC ၏ ထုတ်ပြန်ချက်အရ သိရသည်။

#mhtnews

====================================

(Zawgyi)

“YPS ကတ်အရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်ပြီး ကတ်အသုံးပြုစီးနင်းနိုင်မည့် ယာဉ်လိုင်းများအား YRTC ထုတ်ပြန်”




#mhtnews