YBS ကားမှတ်တိုင်များတွင်ရပ်နားသည့် City Taxi များကို ဧပြီလဆန်းမှစပြီး အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပိုဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရသည်။
ရန်ကုန်မြိုရှိ YBS ကားမှတ်တိုင်များတွင်ရပ်နားသည့် City Taxi များကို YRTC ၏ ယာဥ်စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးအဖွဲမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှရှိပြီး စည်းကမ်းမလိုက်နာသည့် အငှားယာဥ်များကို လာမည့်ဧပြီလဆန်းပိုင်းမှစတင်ကာ အရေးယူသွားမှာဖြစ်သည်။
လက်ရှိတွင် Yangon City Taxi အသင်းဟူ၍ ယာယီဖွဲစည်းထားကာ အသင်းအဖွဲစည်းမျဥ်းများရေးဆွဲ၍ ရန်ကုန်တိုင်းအစိုးရအဖွဲထံ တင်ပြထားကြောင်းနှင့် အတည်ပြုရရှိပြီးပါက Yangon City Taxi အသင်း ဖွဲစည်းသွားမည်ဖြစ်ကြောင်း၊ ထိုသိုဖွဲစည်းပြီးပါက Taxi ယာဥ်များ စနစ်တကျပြေးဆွဲရေးအတွက် YRTC နှင့် Yangon City Taxi အသင်းတိုပူးပေါင်းပြီး ကြီကြပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပြီး ယခုအခါ YRTC ထံမှတ်ပုံတင်ထားသည့် City Taxi အငှားယာဥ်ပေါင်း ၆၅၀၀၀ ခန့်ရှိကြောင်း သိရသည်။
#mhtnews
(Zawgyi)
YBS ကားမှတ်တိုင်များတွင်ရပ်နားသည့် City Taxi များကို ဧပြီလဆန်းမှစပြီး အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရသည်။
ရန်ကုန်မြို့ရှိ YBS ကားမှတ်တိုင်များတွင်ရပ်နားသည့် City Taxi များကို YRTC ၏ ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးအဖွဲ့မှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှရှိပြီး စည်းကမ်းမလိုက်နာသည့် အငှားယာဉ်များကို လာမည့်ဧပြီလဆန်းပိုင်းမှစတင်ကာ အရေးယူသွားမှာဖြစ်သည်။
လက်ရှိတွင် Yangon City Taxi အသင်းဟူ၍ ယာယီဖွဲ့စည်းထားကာ အသင်းအဖွဲ့စည်းမျဉ်းများရေးဆွဲ၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားကြောင်းနှင့် အတည်ပြုရရှိပြီးပါက Yangon City Taxi အသင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဖွဲ့စည်းပြီးပါက Taxi ယာဉ်များ စနစ်တကျပြေးဆွဲရေးအတွက် YRTC နှင့် Yangon City Taxi အသင်းတို့ပူးပေါင်းပြီး ကြီကြပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပြီး ယခုအခါ YRTC ထံမှတ်ပုံတင်ထားသည့် City Taxi အငှားယာဉ်ပေါင်း ၆၅၀၀၀ ခန့်ရှိကြောင်း သိရသည်။
#mhtnews
Recent Comments