ယမန်နေ့ (မတ်လ ၈ ရက်) နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က မိုးညှင်းတက္ကသိုလ်၏ အရှေ့မြောက်ဘက်မီတာ ၄၅၀ ခန့်က နေ၍ ကျောင်းဝင်းအတွင်းသို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲဝင်များ၏ ပြန်လည်ပစ်ခတ်မှုကြောင့် တက္ကသိုလ်၏ အရှေ့ဘက်သို ဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်။

အဆိုပါကျောင်းဝင်းအတွင်း၌ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် Quaratine Center တွင်ထားရှိသည့် ဒေသခံ ပြည်သူများနေထိုင် လျက်ရှိရာ အဆိုပါပစ်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန်ထိခိုက်သေဆုံးမှု မရှိသော်လည်း အိပ်ဆောင်နှင့် ထမင်းစားဆောင်များရှိ ပြူတင်းပေါက်မှန်များ၊ လေကာမှန်များ ပျက်စီးခဲ့ပြီး အဆောက်အဦနံရံများ လက်နက်ကြီး၊ လက်နက်ငယ်များ ကျည်များ ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။
#mhtnews

(Zawgyi)
“PDF အမည်ခံအကြမ်းဖက်သမားများက မိုးညှင်းတက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်”

ယမန်နေ့ (မတ်လ ၈ ရက်) နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က မိုးညှင်းတက္ကသိုလ်၏ အရှေ့မြောက်ဘက်မီတာ ၄၅၀ ခန့်က နေ၍ ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ပစ်ခတ်မှုကြောင့် တက္ကသိုလ်၏ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်။

အဆိုပါကျောင်းဝင်းအတွင်း၌ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် Quaratine Center တွင်ထားရှိသည့် ဒေသခံ ပြည်သူများနေထိုင် လျက်ရှိရာ အဆိုပါပစ်ခတ်မှုကြောင့် လူ၊ တိရစ်ဆာန်ထိခိုက်သေဆုံးမှု မရှိသော်လည်း အိပ်ဆောင်နှင့် ထမင်းစားဆောင်များရှိ ပြူတင်းပေါက်မှန်များ၊ လေကာမှန်များ ပျက်စီးခဲ့ပြီး အဆောက်အဦနံရံများ လက်နက်ကြီး၊ လက်နက်ငယ်များ ကျည်များ ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။
#mhtnews