PDF အကြမ်းဖက်သများရဲ့ သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ကြရတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များနဲ့ ဝန်းရံထောက်ခံသူ ၁၃၀၀ကျော်အတွက် ဂုဏ်ပြုအထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ရုံးမှာ ယနေ့ (မတ်လ ၂၆ ရက်) မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားသို ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲဝင်များ၊ မိတ်ဖက်ပါတီဝင်များ တက်ရောက်ခဲ့ကြ တာတွေ့ရပါတယ်။

လက်ရှိအချိန်မှာ NUG သြဇာခံ PDF အကြမ်းဖက်သမားများရဲ့ လက်ချက်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်ပေါင်း ၁၃၂၇ ဦးအသတ်ခံထားရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ အများအများရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးရဲ့ ပြောဆိုမှုအရ သိရပါတယ်။
#mhtnews

(Zawgyi)
“PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြရသည့် ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ ဝန်းရံထောက်ခဲ့သူများအတွက် ဂုဏ်ပြုအထိမ်းအမှတ်ကျောက်တိုင်ဖွင့်ပွဲအခမ်းအနားပြုလုပ်”


အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မိတ်ဖက်ပါတီဝင်များ တက်ရောက်ခဲ့က တာတွေ့ရပါတယ်။

#mhtnews