မြန်မာနိုင်ငံတွင် ထုတ်လုပ်လျှက်ရှိသည့် Myancopharm ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထုတ်လုပ်မှု နှင့် မိတ်ဆက်ခြင်းအခမ်းအနားကို စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)၌ ယနေ့ မတ် ၂၃ ရက်တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက “ကိုဗစ်- ၁၉ ရောဂါနဲ့အတူ ယှဉ်တွဲနေထိုင်ရာမှာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို လူတိုင်းထိုးနှံနိုင်ရေးနဲ့ ကာကွယ်ဆေးစွမ်းအားမြှင့် Booster ထိုးနှံနိုင်ရေးတို့အတွက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာကိုတွေ့ရှိရပါတယ်။ ရေတိုစီမံချက်အနေနဲ့ Sinopharm China National Biotec Group က ထုတ်လုပ်တဲ့ ကိုဗစ်-ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးကို Ready to Fill Bulk အနေနဲ့ ဝယ်ယူ၍ ပုလင်းသွင်း ဖြည့်တင်းခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ယနေ့ Myancopharm ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကို စတင်ထုတ်လုပ်မှုနဲ့ မတ်ဆက်ခြင်း အခမ်းအနား ကို အောင်မြင်စွာ ကျင်းပနိုင်တာ တွေ့ရပါတယ်’’ ဟုပြောကြားခဲ့သည်။
ထိုဝို့ ပုလင်းသွင်းဖြည့်တင်းခြင်းဆောင်ရွက်သည် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အာဆီယံဒေသ၌ပင် မြန်မာနိုင်ငံအပါအဝင် ၅ နိုင်ငံသာဆောင်ရွက်နိုင်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ဆိုသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်(Chen Hai) က“နှစ်နိုင်ငံက ကပ်ရောဂါတိုက်ဖျက်မှု ပူးပေါင်းဆောင်ရွက်ရေးမှု ဖော်ဆောင်တာနဲ့ ပတ်သက်ပြီး ဆေးဝါးကျန်းမာရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါရှိပါတယ်။ကျွန်တော်က ဒါအတွက်လှိုက်လှဲစွာ ဂုဏ်ပြုပြီး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ နှစ်ဦးနှစ်ဘက်ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ Sinopharm က ကိုဗစ်-၁၉ ကာကွယ်ဆေး သုတေသနပြုလုပ်တာ နဲ့ ထုတ်လုပ်တဲ့အပိုင်းမှာ တစ်ကမ္ဘာလုံးကို ဦးဆောင်တဲ့ နေရာမှာ ရှိနေပါတယ်။ Sinopharm က မြန်မာနိုင်ငံနဲ့ Vaccine ပူးပေါင်းဆောင်ရွက်မှုထုတ်လုပ်တဲ့စက်ရုံဟာ Sinopharm အာရှပစိဖိတ်ဒေသမှာ ပထမဆုံး တရားဝန်ထုတ်လုပ်တဲ့ ကိုဗစ်- ၁၉ စက်ရုံပါ။ တရုတ်နိုင်ငံက ယနေ့အထိ မြန်မာနိုင်ငံကို ကိုဗစ်- ၁၉ ကာကွယ်ဆေး ၃၁ သန်းကျော်ထောက်ပံ့ပေးပြီးမြန်မာနိုင်ငံက ကပ်ရောဂါတိုက်ဖျက်ရေး ကိုထိရောက်စွာ အကူအညီပေးခဲ့ပါတယ်’’ ဟု ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်တွင် ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်သည့် ခရီးစဉ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနဆောင်ရွက်ခြင်းနှင့် ထုတ်လုပ်ရေးကိစ္စများအား ရေတို၊ ရေရှည် စီမံချက်ရေးဆွဲ၍ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့သည်။
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက “ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ စတင်ဆောင်ရွက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်ရေးကြီးကြပ်မှု ဗဟိုကော်မတီကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်’’ ဟုပြောကြားခဲ့သည်။
Myancopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရေတိုစီမံချက်အနေဖြင့် ပုလင်းသွင်းဖြည့်တင်း ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းစီမံချက်ရေးဆွဲ၍ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် Myancopharm COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးလုပ်ငန်းစီမံချက်အား အဆင့် ၁၂ ဆင့်ဖြင့် အသေးစိတ်လုပ်ငန်းအစီအစဉ်များအား ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာချာလီသန်းက ဆိုသည်။
ထုတ်လုပ်မှုအချိန်ဇယား အဆင့် (၆) အနေဖြင့် Myancopharm COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး အတွက် RTF Bulk (၆၆၀၀ လီတာ) ဝယ်ယူနိုင်ရေး သဘောတူစာချုပ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် စက်မှုဝန်ကြီးဌာနနှင့် Sinopharm CNBG တို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဒေါက်တာချာလီသန်း ၏ ပြောကြားချက်အရ သိရသည်။
“ရေရှည်တွင် COVID-19 ရောဂါကာကွယ်ဆေးထုတ်လုပ်မှုကို အစအဆုံး ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့နှင့် သုတေသနလုပ်ငန်းများပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု ဒေါက်တာချာလီသန်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၆၁.၉ သန်းရရှိခဲ့ပြီး ပြည်သူလူထုအား ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုလာမည့် ဧပြီလ၊ မေလ များတွင် ကာကွယ်ဆေးထိုးနှံရမည့်သူ အားလုံး၏ ၁၀၀ ရာခိုင်နှုန်း ပြည့်မီအောင် ထိုးနှံနိုင်ရေး ကြိုးစားဆောင်ရွက်ရန်ညွှန်ကြားထားပြီးဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထုတ်လုပ်မှု နှင့် မိတ်ဆက်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။
(Zawgyi)
“Myancopharm ကိုဗစ္- ၁၉ ေရာဂါ ကာကြယ္ေဆး စတင္ထုတ္လုပ္မႈ ႏွင့္ မိတ္ဆက္ျခင္းအခမ္းအနားက်င္းပ”
ျမန္မာနိုင္ငံတြင္ ထုတ္လုပ္လွ်က္ရွိသည့္ Myancopharm ကိုဗစ္- ၁၉ ေရာဂါ ကာကြယ္ေဆး စတင္ထုတ္လုပ္မႈ ႏွင့္ မိတ္ဆက္ျခင္းအခမ္းအနားကို စက္မႈဝန္ႀကီးဌာန၊ ျမန္မာ့ေဆးဝါးလုပ္ငန္း၊ ေဆးဝါးစက္႐ုံခြဲ (႐ြာသာႀကီး)၌ ယေန႕ မတ္ ၂၃ ရက္တြင္ က်င္းပခဲ့သည္။
အဆိုပါ အခမ္းအနားတြင္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြးက ကိုဗစ္- ၁၉ ေရာဂါနဲ႕အတူ ယွဥ္တြဲေနထိုင္ရာမွာ ကိုဗစ္- ၁၉ ေရာဂါကာကြယ္ေဆးမ်ားကို လူတိုင္းထိုးႏွံနိုင္ေရးနဲ႕ ကာကြယ္ေဆးစြမ္းအားျမႇင့္ Booster ထိုးႏွံနိုင္ေရးတို႔အတြက္ ကိုဗစ္- ၁၉ ေရာဂါကာကြယ္ေဆးမွာ အေရးပါတဲ့ အခန္းက႑မွာ ပါဝင္ေနတာကိုေတြ႕ရွိရပါတယ္။ ေရတိုစီမံခ်က္အေနနဲ႕ Sinopharm China National Biotec Group က ထုတ္လုပ္တဲ့ ကိုဗစ္-ကိုဗစ္၁၉ ေရာဂါကာကြယ္ေဆးကို Ready to Fill Bulk အေနနဲ႕ ဝယ္ယူ၍ ပုလင္းသြင္း ျဖည့္တင္းျခင္းကို ေအာင္ျမင္စြာ ေဆာင္႐ြက္နိုင္ခဲ့တဲ့အတြက္ ယေန႕ Myancopharm ကိုဗစ္- ၁၉ ေရာဂါကာကြယ္ေဆးကို စတင္ထုတ္လုပ္မႈနဲ႕ မတ္ဆက္ျခင္း အခမ္းအနား ကို ေအာင္ျမင္စြာ က်င္းပနိုင္တာ ေတြ႕ရပါတယ္ ဟုေျပာၾကားခဲ့သည္။
ထိုဝို႔ ပုလင္းသြင္းျဖည့္တင္းျခင္းေဆာင္႐ြက္သည္ ကမၻာေပၚရွိ နိုင္ငံတိုင္းတြင္ ေဆာင္႐ြက္နိုင္ျခင္းမရွိဘဲ အာဆီယံေဒသ၌ပင္ ျမန္မာနိုင္ငံအပါအဝင္ ၅ နိုင္ငံသာေဆာင္႐ြက္နိုင္ေၾကာင္းလည္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြးက ဆိုသည္။
ထို႔ေနာက္ ျမန္မာနိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး မစၥတာ ခ်န္းဟိုင္(Chen Hai) ကႏွစ္နိုင္ငံက ကပ္ေရာဂါတိုက္ဖ်က္မႈ ပူးေပါင္းေဆာင္႐ြက္ေရးမႈ ေဖာ္ေဆာင္တာနဲ႕ ပတ္သက္ၿပီး ေဆးဝါးက်န္းမာေရး ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ အေရးပါတဲ့ အခန္းက႑မွာ ပါရွိပါတယ္။ကြၽန္ေတာ္က ဒါအတြက္လွိုက္လွဲစြာ ဂုဏ္ျပဳၿပီး ႀကိဳးပမ္းေဆာင္႐ြက္ခဲ့တဲ့ ႏွစ္ဦးႏွစ္ဘက္ပုဂၢိုလ္ေတြကိုလည္း ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားလိုပါတယ္။ Sinopharm က ကိုဗစ္-၁၉ ကာကြယ္ေဆး သုေတသနျပဳလုပ္တာ နဲ႕ ထုတ္လုပ္တဲ့အပိုင္းမွာ တစ္ကမၻာလုံးကို ဦးေဆာင္တဲ့ ေနရာမွာ ရွိေနပါတယ္။ Sinopharm က ျမန္မာနိုင္ငံနဲ႕ Vaccine ပူးေပါင္းေဆာင္႐ြက္မႈထုတ္လုပ္တဲ့စက္႐ုံဟာ Sinopharm အာရွပစိဖိတ္ေဒသမွာ ပထမဆုံး တရားဝန္ထုတ္လုပ္တဲ့ ကိုဗစ္- ၁၉ စက္႐ုံပါ။ တ႐ုတ္နိုင္ငံက ယေန႕အထိ ျမန္မာနိုင္ငံကို ကိုဗစ္- ၁၉ ကာကြယ္ေဆး ၃၁ သန္းေက်ာ္ေထာက္ပံ့ေပးၿပီးျမန္မာနိုင္ငံက ကပ္ေရာဂါတိုက္ဖ်က္ေရး ကိုထိေရာက္စြာ အကူအညီေပးခဲ့ပါတယ္ ဟု ေျပာၾကားခဲ့ေၾကာင္း သိရသည္။
၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလ ၈ ရက္တြင္ ေဆးဝါးစက္႐ုံခြဲ (႐ြာသာႀကီး)သို႔ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေကာင္စီဥကၠ႒၊ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ လာေရာက္သည့္ ခရီးစဥ္အတြင္း ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ားကို ျပည္တြင္း၌ ထုတ္လုပ္နိုင္ေရးအတြက္ သုေတသနေဆာင္႐ြက္ျခင္းႏွင့္ ထုတ္လုပ္ေရးကိစၥမ်ားအား ေရတို၊ ေရရွည္ စီမံခ်က္ေရးဆြဲ၍ စက္မႈဝန္ႀကီးဌာန၊ က်န္းမာေရးဝန္ႀကီးဌာန ႏွင့္ ကာကြယ္ေရးဝန္ႀကီးဌာနတို႔ ပူးေပါင္းေဆာင္႐ြက္ရန္ လမ္းၫႊန္မႈျပဳခဲ့သည္။
စက္မႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၏ လမ္းၫႊန္ခ်က္ႏွင့္အညီ စတင္ေဆာင္႐ြက္နိုင္ေရးအတြက္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးထုတ္လုပ္ေရးႀကီးၾကပ္မႈ ဗဟိုေကာ္မတီကို ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၇ ရက္တြင္ ဖြဲ႕စည္းေဆာင္႐ြက္ခဲ့ပါတယ္ ဟုေျပာၾကားခဲ့သည္။
Myancopharm ကိုဗစ္-၁၉ ကာကြယ္ေဆးကို ေရတိုစီမံခ်က္အေနျဖင့္ ပုလင္းသြင္းျဖည့္တင္း ေဆာင္႐ြက္နိုင္ရန္အတြက္ လုပ္ငန္းစီမံခ်က္ေရးဆြဲ၍ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္နိုင္ေရးအတြက္ Myancopharm COVID-19 ကာကြယ္ေဆး ထုတ္လုပ္နိုင္ေရးလုပ္ငန္းစီမံခ်က္အား အဆင့္ ၁၂ ဆင့္ျဖင့္ အေသးစိတ္လုပ္ငန္းအစီအစဥ္မ်ားအား ခ်မွတ္ကာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ေၾကာင္း ေဒါက္တာခ်ာလီသန္းက ဆိုသည္။
ထုတ္လုပ္မႈအခ်ိန္ဇယား အဆင့္ (၆) အေနျဖင့္ Myancopharm COVID-19 ကာကြယ္ေဆး ထုတ္လုပ္နိုင္ေရး အတြက္ RTF Bulk (၆၆၀၀ လီတာ) ဝယ္ယူနိုင္ေရး သေဘာတူစာခ်ဳပ္ကို ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ ၂၂ ရက္တြင္ စက္မႈဝန္ႀကီးဌာနႏွင့္ Sinopharm CNBG တို႔ လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း ေဒါက္တာခ်ာလီသန္း ၏ ေျပာၾကားခ်က္အရ သိရသည္။
ေရရွည္တြင္ COVID-19 ေရာဂါကာကြယ္ေဆးထုတ္လုပ္မႈကို အစအဆုံး ျပည္တြင္း၌ ထုတ္လုပ္နိုင္ေရးအတြက္ စက္မႈဝန္ႀကီးဌာနအေနျဖင့္ ကာကြယ္ေရးဝန္ႀကီးဌာန၊ က်န္းမာေရးဝန္ႀကီးဌာနတို႔ႏွင့္ သုေတသနလုပ္ငန္းမ်ားပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ပါတယ္ ဟု ေဒါက္တာခ်ာလီသန္းက ဆက္လက္ေျပာဆိုသည္။
ျမန္မာနိုင္ငံတြင္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး ၆၁.၉ သန္းရရွိခဲ့ၿပီး ျပည္သူလူထုအား ထိုးႏွံေပးခဲ့ၿပီး ျဖစ္ေၾကာင္း၊ ယခုလာမည့္ ဧၿပီလ၊ ေမလ မ်ားတြင္ ကာကြယ္ေဆးထိုးႏွံရမည့္သူ အားလုံး၏ ၁၀၀ ရာခိုင္ႏႈန္း ျပည့္မီေအာင္ ထိုးႏွံနိုင္ေရး ႀကိဳးစားေဆာင္႐ြက္ရန္ၫႊန္ၾကားထားၿပီးျဖစ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြးက Myancopharm ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး စတင္ထုတ္လုပ္မႈ ႏွင့္မိတ္ဆက္ျခင္းအခမ္းအနားတြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
Recent Comments