သန်လျင်မြို၊အောင်သပြေလမ်းနှင့် GTI တက္ကသိုလ်အနီးတွင် အလွမ်းဆွတ်ကျေးရွာရှိ Leader One အထည်ချုပ်စက်ရုံပိုင်ရှင် ၊ဟောင်ကောင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားတစ်ဦး ကားပေါ်၌အသတ်ခံထားရသည်ကို မတ် ၄ ရက်ကတွေ့ရှိခဲ့ပြီး ငွေကျပ် ၃၅၄၀ သိန်းနှင့်အတူ ယဥ်မောင်းဖြစ်သူပျောက်ဆုံးနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲထံမှ သိရသည်။

အထည်ချုပ်စက်ရုံပိုင်ရှင် ဟောင်ကောင်နိုင်ငံကူးလက်မှတ်အမှတ်(KJ0713397) ကိုင်ဆောင်ထားသည့် Mr. Ho Sik Hong သည် မတ် ၄ ရက်ညနေ ၄ နာရီခွဲခန့်က လမ်းမတော်မြိုနယ်၊ ၉ လမ်း၊အမှတ် ၅၉ မြေညီထပ်နေ ကုမ္ပဏီဒါရိုက်တာ၏ ရုံးခန်းမှ ဦးလှမင်းမျိုး မောင်းနှင်သည့် Alphard ကားဖြင့် သန်လျင်မြိုနယ်၊အလွမ်းဆွတ်ကျေးရွာရှိ အထည်ချုပ်စက်ရုံသို အလုပ်သမားများအားပေးရမည့် လစာငွေကျပ် ၃၅၄၀ သိန်းကိုယူဆောင်ထွက်ခွာလာခဲ့ရာမှ စက်ရုံနှင့် ၎င်း၏နေအိမ်တိုသို ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

အလောင်းကို ရှာဖွေတွေ့ရှိချိန်တွင် ကုမ္ပဏီမှ ယူဆောင်လာသည့် ငွေကျပ်အားလုံးနှင့် ယာဥ်မောင်းဖြစ်သူတိုကို ရှာဖွေတွေ့ရှိခြင်းမရှိသဖြင့် ယခုအခါ သန်လျင်မြိုမရဲစခန်းက (ပ) ၇၈/ ၂၀၂၂ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ၃၉၄ တိုဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#mhtnews

(Zawgyi)
“Leader One အ ထည်ချုပ်စက်ရုံပိုင်ရှင် နိုင်ငံခြားသားတစ်ဦး ကားပေါ်တွင် အသတ်ခံရပြီး ငွေကျပ်သိန်း ၃ ထောင်ကျော်နှင့်အတူ ကားမောင်းသူပျောက်ဆုံးနေ”

သန်လျင်မြို့၊အောင်သပြေလမ်းနှင့် GTI တက္ကသိုလ်အနီးတွင် အလွမ်းဆွတ်ကျေးရွာရှိ Leader One အထည်ချုပ်စက်ရုံပိုင်ရှင် ၊ဟောင်ကောင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားတစ်ဦး ကားပေါ်၌အသတ်ခံထားရသည်ကို မတ် ၄ ရက်ကတွေ့ရှိခဲ့ပြီး ငွေကျပ် ၃၅၄၀ သိန်းနှင့်အတူ ယဉ်မောင်းဖြစ်သူပျောက်ဆုံးနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အထည်ချုပ်စက်ရုံပိုင်ရှင် ဟောင်ကောင်နိုင်ငံကူးလက်မှတ်အမှတ်(KJ0713397) ကိုင်ဆောင်ထားသည့် Mr. Ho Sik Hong သည် မတ် ၄ ရက်ညနေ ၄ နာရီခွဲခန့်က လမ်းမတော်မြို့နယ်၊ ၉ လမ်း၊အမှတ် ၅၉ မြေညီထပ်နေ ကုမ္ပဏီဒါရိုက်တာ၏ ရုံးခန်းမှ ဦးလှမင်းမျိး မောင်းနှင်သည့် Alphard ကားဖြင့် သန်လျင်မြို့နယ်၊အလွမ်းဆွတ်ကျေးရွာရှိ အထည်ချုပ်စက်ရုံသို့ အလုပ်သမားများအားပေးရမည့် လစာငွေကျပ် ၃၅၄၀ သိန်းကိုယူဆောင်ထွက်ခွာလာခဲ့ရာမှ စက်ရုံနှင့် ၎င်း၏နေအိမ်တို့သို့ ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

အလောင်းကို ရှာဖွေတွေ့ရှိချိန်တွင် ကုမ္ပဏီမှ ယူဆောင်လာသည့် ငွေကျပ်အားလုံးနှင့် ယာဉ်မောင်းဖြစ်သူတို့ကို ရှာဖွေတွေ့ရှိခြင်းမရှိသဖြင့် ယခုအခါ သန်လျင်မြို့မရဲစခန်းက (ပ) ၇၈/ ၂၀၂၂ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ၃၉၄ တို့ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#mhtnews