ကမ္ဘာဇဘဏ် (KBZ) အနေဖြင့် ယခင်က ဘဏ်နှင့် KBZ pay Center များတွင် ငွေသားထုတ်ပေးမှုကို တစ်ပတ်တစ်ကြိမ် ခွင့်ပြုခဲ့သော်လည်း ယခုအခါ နှစ်ပတ်တစ်ကြိမ်မှသာ ငွေထုတ်ပေးတော့မည် ဖြစ်ကြောင်း ၎င်းဘဏ်က ကြေညာထားသည်။

ထိုအပြင် ယခင်က တစ်ပတ်လျှင် ငွေကျပ် ၅ သိန်း၊ တစ်လလျှင် ၄ ကြိမ်တုံကင်ရရှိပါက ငွေသိန်း ၂၀ ခန့်အထိ ထုတ်ယူနိုင်သော်လည်း ယခုအခါ နှစ်ပတ်တစ်ကြိမ် ငွေသားထုတ်ယူရာ၌ အများဆုံးငွေထုတ်ယူနိုင်သည့် ငွေပမာဏကို ဘဏ်စာအုပ်မှ တစ်ကြိမ်ကို အများဆုံး ကျပ် ၅ သိန်း၊ KBZPay Center မှ အများဆုံး ကျပ် ၃ သိန်းအထိ သတ်မှတ်ထားကြောင်း သိရပြီး ငွေသားထုတ်ယူရန် အွန်လိုင်းမှ booking လျှောက်ပြီး တုံကင်ယူရသည့်စနစ်၊ Phone booking ယူရသည့် စနစ်များဖြင့် ထုတ်ပေးနေကြောင်း သိရသည်။
#mhtnews

(Zawgyi)
“KBZ ဘဏ္က တစ္ပတ္တစ္ႀကိမ္ ေငြသားထုတ္ေပးေနရာမွ ႏွစ္ပတ္တစ္ႀကိမ္သာ ထုတ္ေပးေတာ့မည္”

ကမၻာဇဘဏ္ (KBZ) အေနျဖင့္ ယခင္က ဘဏ္ႏွင့္ KBZ pay Center မ်ားတြင္ ေငြသားထုတ္ေပးမႈကို တစ္ပတ္တစ္ႀကိမ္ ခြင့္ျပဳခဲ့ေသာ္လည္း ယခုအခါ ႏွစ္ပတ္တစ္ႀကိမ္မွသာ ေငြထုတ္ေပးေတာ့မည္ ျဖစ္ေၾကာင္း ၎ဘဏ္က ေၾကညာထားသည္။

ထိုအျပင္ ယခင္က တစ္ပတ္လွ်င္ ေငြက်ပ္ ၅ သိန္း၊ တစ္လလွ်င္ ၄ ႀကိမ္တုံကင္ရရွိပါက ေငြသိန္း ၂၀ ခန႔္အထိ ထုတ္ယူနိုင္ေသာ္လည္း ယခုအခါ ႏွစ္ပတ္တစ္ႀကိမ္ ေငြသားထုတ္ယူရာ၌ အမ်ားဆုံးေငြထုတ္ယူနိုင္သည့္ ေငြပမာဏကို ဘဏ္စာအုပ္မွ တစ္ႀကိမ္ကို အမ်ားဆုံး က်ပ္ ၅ သိန္း၊ KBZPay Center မွ အမ်ားဆုံး က်ပ္ ၃ သိန္းအထိ သတ္မွတ္ထားေၾကာင္း သိရၿပီး ေငြသားထုတ္ယူရန္ အြန္လိုင္းမွ booking ေလွ်ာက္ၿပီး တုံကင္ယူရသည့္စနစ္၊ Phone booking ယူရသည့္ စနစ္မ်ားျဖင့္ ထုတ္ေပးေနေၾကာင္း သိရသည္။
#mhtnews