လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျှက်ရှိသည့် e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းများတွင် အားလုံး ဆက်လက်ကူညီပံ့ပိုး ဆောင်ရွက်ပေးကြရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တိုက်တွန်းလိုက်သည်။
ယနေ့ (မတ်လ ၄ ရက်) တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2) ၌ ပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဥ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ အသိအမှတ်ပြု အထောက်အထားတစ်ခုဖြစ်ပြီး လူမှုဘဝဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ် အရေးပါသည့် ကတ်ပြားတစ်ခု ဖြစ်ကြောင်း၊ ယင်းကဲ့သို စီမံချက်အရ လျာထားချက် ပြည့်မီအောင် ဆောင်ရွက်နိုင်သော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းစဉ်သည် ပြီးဆုံးသည့်လုပ်ငန်း မဟုတ်ဘဲ အသက်ပြည့်သည့် နိုင်ငံသားများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေရမည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များအပြင် မိမိတိုဌာနမှ ဆောင်ရွက်နေသည့် e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းများတွင်လည်း အားလုံး ဆက်လက်ကူညီပံ့ပိုး ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း” ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ပြည့်မီပြီးစီးအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုနယ်မြေမှ ဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ပေးကာ ရာထူးအဆင့်များကို တပ်ဆင်ပေးခဲ့သည်။
နိုင်ငံတော်စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက်ကို ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်း စီမံချက် လျာထားချက်အဖြစ် (၆၂၃၉၁)ဦးကို နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ယခုအခါ စီမံချက် လျာထားချက် ရာနှုန်းပြည့်ထက် ကျော်လွန်ပြီးမြောက်အောင်မြင်ခဲ့ခြင်းဖြစ်ကာ တတိယမြောက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်ခဲ့ခြင်းကြောင်း သိရသည်။
#mhtnews
(Zawgyi)
“e-ID စနစ္လုပ္ငန္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈ လုပ္ငန္းမ်ားတြင္ အားလုံး ဆက္လက္ကူညီပံ့ပိုး ေဆာင္႐ြက္ေပးၾကရန္ ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီ တိုက္တြန္း”
လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႕အင္အားဝန္ႀကီးဌာနမွ ေဆာင္႐ြက္လွ်က္ရွိသည့္ e-ID စနစ္လုပ္ငန္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈ လုပ္ငန္းမ်ားတြင္ အားလုံး ဆက္လက္ကူညီပံ့ပိုး ေဆာင္႐ြက္ေပးၾကရန္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႕အင္အားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီက တိုက္တြန္းလိုက္သည္။
ယေန႕ (မတ္လ ၄ ရက္) တြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းစင္တာ (MICC-2) ၌ ျပဳလုပ္သည့္ ျပည္ေထာင္စုနယ္ေျမ (ေနျပည္ေတာ္) ပန္းခင္းစီမံခ်က္ လ်ာထားခ်က္ ရာႏႈန္းျပည့္ၿပီးေျမာက္ေအာင္ျမင္ပြဲ အခမ္းအနားသို႔ တက္ေရာက္အမွာစကားေျပာၾကားစဥ္ ျပည္ေထာင္စုဝန္ႀကီးက ထိုသို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီက နိုင္ငံသားစိစစ္ေရးကတ္ျပားသည္ နိုင္ငံသားတစ္ဦးအတြက္ နိုင္ငံသားျဖစ္မႈဆိုင္ရာ အသိအမွတ္ျပဳ အေထာက္အထားတစ္ခုျဖစ္ၿပီး လူမႈဘဝေဆာင္႐ြက္မႈတိုင္း၌ မရွိမျဖစ္ အေရးပါသည့္ ကတ္ျပားတစ္ခု ျဖစ္ေၾကာင္း၊ ယင္းကဲ့သို စီမံခ်က္အရ လ်ာထားခ်က္ ျပည့္မီေအာင္ ေဆာင္႐ြက္နိုင္ေသာ္လည္း နိုင္ငံသားစိစစ္ေရးကတ္ျပား ထုတ္ေပးျခင္းလုပ္ငန္းစဥ္သည္ ၿပီးဆုံးသည့္လုပ္ငန္း မဟုတ္ဘဲ အသက္ျပည့္သည့္ နိုင္ငံသားမ်ားကို စဥ္ဆက္မျပတ္ ေဆာင္႐ြက္ေပးေနရမည့္ လုပ္ငန္းတစ္ခု ျဖစ္ေၾကာင္း၊ ယင္းလုပ္ငန္းစဥ္မ်ားအျပင္ မိမိတိုဌာနမွ ေဆာင္႐ြက္ေနသည့္ e-ID စနစ္လုပ္ငန္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈ လုပ္ငန္းမ်ားတြင္လည္း အားလုံး ဆက္လက္ကူညီပံ့ပိုး ေဆာင္႐ြက္ေပးၾကရန္ တိုက္တြန္းပါေၾကာင္း” ေျပာၾကားခဲ့သည္။
ျပည္ေထာင္စုဝန္ႀကီးက ပန္းခင္းစီမံခ်က္ တိုင္းလုံးကြၽတ္ လ်ာထားခ်က္ ျပည့္မီၿပီးစီးေအာင္ျမင္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ေပးၾကသည့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားေပးအပ္ၿပီး ပန္းခင္းစီမံခ်က္ ေဆာင္႐ြက္ရာတြင္ စြမ္းစြမ္းတမံ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့သည့္ ျပည္ေထာင္စုနယ္ေျမမွ ဝန္ထမ္းမ်ားကို တစ္ဆင့္ျမင့္ရာထူး တိုးျမႇင့္ေပးကာ ရာထူးအဆင့္မ်ားကို တပ္ဆင္ေပးခဲ့သည္။
နိုင္ငံေတာ္စီမံခ်က္တစ္ခုျဖစ္သည့္ ပန္းခင္းစီမံခ်က္ကို ျပည္ေထာင္စုနယ္ေျမ(ေနျပည္ေတာ္)အတြင္း စီမံခ်က္ လ်ာထားခ်က္အျဖစ္ (၆၂၃၉၁)ဦးကို နိုင္ငံသားဆိုင္ရာ ကိုင္ေဆာင္ကတ္ျပားတစ္မ်ိဳးမ်ိဳး ထုတ္ေပးနိုင္ေရး ေဆာင္႐ြက္ခဲ့ရာ ယခုအခါ စီမံခ်က္ လ်ာထားခ်က္ ရာႏႈန္းျပည့္ထက္ ေက်ာ္လြန္ၿပီးေျမာက္ေအာင္ျမင္ခဲ့ျခင္းျဖစ္ကာ တတိယေျမာက္ တိုင္းလုံးကြၽတ္ လ်ာထားခ်က္ ရာႏႈန္းျပည့္ ၿပီးစီးေအာင္ျမင္ခဲ့ျခင္းေၾကာင္း သိရသည္။
#mhtnews
Recent Comments