၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ထုံးအိုင်ကျေးရွာ၊ ကော့သံခါကျေးရွာနှင့် မိန်းမလှကျွန်းကျေးရွာများမှ စိုက်ဧကပေါင်း (၁၅၀၀) ကျော်ကို အကျိုးပြုနိုင်သည့် ထုံးအိုင်-ကော့သံခါကုန်ထုတ်လမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့် အဆိုပါလမ်းမုခ်ဦး တည်နေရာ၌ ကျင်းပသည်။
ယခင်မူလကုန်ထုတ်လမ်းမှာ မိုးရာသီတွင်ရေ လွှမ်းမိုးမှုကြောင့် ထုတ်ကုန်များအလွယ်တကူ သယ်ပို့နိုင်ခြင်းမရှိခဲ့သဖြင့် ယခု ကုန်ထုတ်လမ်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆) လဘတ်ဂျက်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ (၁၅၅ ဒသမ ၀၆၄) သန်းဖြင့် လမ်းအရှည် ၂ မိုင် ၄ ဖာလုံ၌ Box Culvert ၃ စင်းထည့်သွင်းတည်ဆောက်ကာ ဂဝံလမ်းသားမြှင့်တင်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်လမ်း ပြီးစီးမှုကြောင့် ကျေးရွာသူ၊ ကျေးရွာသားများ၏ ကုန်စည်ပို့ဆောင်ရောင်းဝယ်ရာတွင် သွာလာရေးလွယ်ကူခြင်းနှင့်အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုရေးအစရှိသော လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ကျေးရွာရှိစိုက်ပျိုးတောင် သူများအတွက် ထုတ်ကုန်များ သယ်ယူရာတွင် လျင်မြန်ချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကာ စိုက်ပျိုး ဧကပေါင်း (၁၅၀၀) ကျော်အတွက် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
#mhtnews
“(၇၇) ႏွစ္ေျမာက္ တပ္မေတာ္ေန႕ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ စိုက္ဧကေပါင္း (၁၅၀၀) ေက်ာ္ကို အက်ိဳးျပဳနိုင္သည့္ ထုံးအိုင္-ေကာ့သံခါကုန္ထုတ္လမ္းဖြင့္လွစ္”
၂၀၂၂ ခုႏွစ္ မတ္လ ၂၇ ရက္ေန႕တြင္ က်ေရာက္မည့္ (၇၇) ႏွစ္ေျမာက္ တပ္မေတာ္ေန႕ကို ႀကိဳဆို ဂုဏ္ျပဳေသာအားျဖင့္ ထုံးအိုင္ေက်း႐ြာ၊ ေကာ့သံခါေက်း႐ြာႏွင့္ မိန္းမလွကြၽန္းေက်း႐ြာမ်ားမွ စိုက္ဧကေပါင္း (၁၅၀၀) ေက်ာ္ကို အက်ိဳးျပဳနိုင္သည့္ ထုံးအိုင္-ေကာ့သံခါကုန္ထုတ္လမ္းဖြင့္ပြဲကို ယမန္ေန႕နံနက္ ၈ နာရီခန႔္ အဆိုပါလမ္းမုခ္ဦး တည္ေနရာ၌ က်င္းပသည္။
ယခင္မူလကုန္ထုတ္လမ္းမွာ မိုးရာသီတြင္ေရ လႊမ္းမိုးမႈေၾကာင့္ ထုတ္ကုန္မ်ားအလြယ္တကူ သယ္ပို႔နိုင္ျခင္းမရွိခဲ့သျဖင့္ ယခု ကုန္ထုတ္လမ္းကို ၂၀၂၁-၂၀၂၂ ဘ႑ာေရးႏွစ္ (၆) လဘတ္ဂ်က္တြင္ ကရင္ျပည္နယ္အစိုးရအဖြဲ႕ရန္ပုံေငြ (၁၅၅ ဒသမ ၀၆၄) သန္းျဖင့္ လမ္းအရွည္ ၂ မိုင္ ၄ ဖာလုံ၌ Box Culvert ၃ စင္းထည့္သြင္းတည္ေဆာက္ကာ ဂဝံလမ္းသားျမႇင့္တင္ၿပီး အဆင့္ျမႇင့္တင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါကုန္ထုတ္လမ္း ၿပီးစီးမႈေၾကာင့္ ေက်း႐ြာသူ၊ ေက်း႐ြာသားမ်ား၏ ကုန္စည္ပို႔ေဆာင္ေရာင္းဝယ္ရာတြင္ သြာလာေရးလြယ္ကူျခင္းႏွင့္အတူ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရးႏွင့္လူမႈေရးအစရွိေသာ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္လာမည့္အျပင္ ေက်း႐ြာရွိစိုက္ပ်ိဳးေတာင္ သူမ်ားအတြက္ ထုတ္ကုန္မ်ား သယ္ယူရာတြင္ လ်င္ျမန္ေခ်ာေမြ႕စြာ သယ္ယူပို႔ေဆာင္နိုင္မည္ျဖစ္ကာ စိုက္ပ်ိဳး ဧကေပါင္း (၁၅၀၀) ေက်ာ္အတြက္ မ်ားစြာအေထာက္အကူ ျပဳနိုင္မည္ျဖစ္သည္။
#mhtnews
Recent Comments