(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် လမ်းပိုင်းခရီးစဉ်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှစတင်၍ ရထားပြေးဆွဲရေးလုပ်ငန်းများကို ယာယီရပ်နားခဲ့ရာမှ ယခုအခါ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။

ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် လမ်းပိုင်သည် စစ်တွေတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များတွင် တက်ရောက်နေ ကြသော ကျောင်းသား၊ ကျောင်းသူများအဆင်ပြေစေရေး၊ ရေချမ်းပြင်နှင့်စစ်တွေကြားရှိ ကျေးရွာများမှ ပြည်သူများဈေးရောင်းဈေးဝယ် အဆင်ပြေစေရေး၊ ပြည်တော်သာ(စစ်တွေ) မှ ရေချမ်းပြင်ကြားရှိ ကျေးရွာများသို့ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးတို့အတွက် ရထားအား ပြန်လည်ပြေးဆွဲပေးခြင်းဖြစ်သည်။

ထိုသို့ရထားပြေးဆွဲရာ၌ RBE ရထားသည် ပြည်တော်သာဘူတာမှ နံနက် ၇ နာရီတွင် ထွက်ခွာ၍ ရေချမ်းပြင်ဘူတာသို့ နံနက် ၈ နာရီတွင်လည်းကောင်း၊ ရေချမ်းပြင်ဘူတာမှ နံနက် ၁၀ နာရီတွင် ထွက်ခွာ၍ ပြည်တော်သာဘူတာသို့ နံနက် ၁၁ နာရီတွင်လည်းကောင်း၊ ပြည်တော်သာဘူတာမှ မွန်းလွဲ ၂ နာရီပြန်လည်ထွက်ခွာ၍ ရေချမ်းပြင်ဘူတာသို့ နေ့လယ် ၃ နာရီတွင်လည်းကောင်း ရေချမ်းပြင် ဘူတာမှ ညနေ ၄ နာရီ ပြန်လည်ထွက်ခွာ၍ ပြည်တော်သာဘူတာသို့ ညနေ ၅ နာရီတွင်လည်းကောင်း အသီးသီးရောက်ရှိမည်ဖြစ်သည်။

ရထားပြေးဆွဲခြင်းကို နေ့စဉ်အစုန်၊ အဆန်လေးခေါက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် လမ်းတစ်လျှောက်တွင် စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာ၊ ဒါးပိုင်ဘူတာ၊ ဇောပူဂျာဘူတာ၊ မယ်ဇလီဘူတာနှင့် ရေချမ်းပြင်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

#mhtnews

(Zawgyi)

“(၇၇) ႏွစ္ေျမာက္တပ္မေတာ္ေန႕ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ ျပည္ေတာ္သာ (စစ္ေတြ) – ေရခ်မ္းျပင္လမ္းပိုင္း၌ RBE ရထားေျပးဆြဲ”

(၇၇) ႏွစ္ေျမာက္ တပ္မေတာ္ေန႕ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ ျပည္ေတာ္သာ(စစ္ေတြ)-ေရခ်မ္းျပင္ လမ္းပိုင္းခရီးစဥ္အား ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈေၾကာင့္ ၂၀၂၀ ခုႏွစ္ ဧၿပီလ ၁၀ ရက္ေန႕မွစတင္၍ ရထားေျပးဆြဲေရးလုပ္ငန္းမ်ားကို ယာယီရပ္နားခဲ့ရာမွ ယခုအခါ ျပန္လည္ေျပးဆြဲေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ျပည္ေတာ္သာ(စစ္ေတြ)-ေရခ်မ္းျပင္ လမ္းပိုင္သည္ စစ္ေတြတကၠသိုလ္ႏွင့္ နည္းပညာတကၠသိုလ္မ်ားတြင္ တက္ေရာက္ေန ၾကေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအဆင္ေျပေစေရး၊ ေရခ်မ္းျပင္ႏွင့္စစ္ေတြၾကားရွိ ေက်း႐ြာမ်ားမွ ျပည္သူမ်ားေဈးေရာင္းေဈးဝယ္ အဆင္ေျပေစေရး၊ ျပည္ေတာ္သာ(စစ္ေတြ) မွ ေရခ်မ္းျပင္ၾကားရွိ ေက်း႐ြာမ်ားသို႔ အဆင္ေျပစြာ ခရီးသြားလာနိုင္ေရးတို႔အတြက္ ရထားအား ျပန္လည္ေျပးဆြဲေပးျခင္းျဖစ္သည္။

ထိုသို႔ရထားေျပးဆြဲရာ၌ RBE ရထားသည္ ျပည္ေတာ္သာဘူတာမွ နံနက္ ၇ နာရီတြင္ ထြက္ခြာ၍ ေရခ်မ္းျပင္ဘူတာသို႔ နံနက္ ၈ နာရီတြင္လည္းေကာင္း၊ ေရခ်မ္းျပင္ဘူတာမွ နံနက္ ၁၀ နာရီတြင္ ထြက္ခြာ၍ ျပည္ေတာ္သာဘူတာသို႔ နံနက္ ၁၁ နာရီတြင္လည္းေကာင္း၊ ျပည္ေတာ္သာဘူတာမွ မြန္းလြဲ ၂ နာရီျပန္လည္ထြက္ခြာ၍ ေရခ်မ္းျပင္ဘူတာသို႔ ေန႕လယ္ ၃ နာရီတြင္လည္းေကာင္း ေရခ်မ္းျပင္ ဘူတာမွ ညေန ၄ နာရီ ျပန္လည္ထြက္ခြာ၍ ျပည္ေတာ္သာဘူတာသို႔ ညေန ၅ နာရီတြင္လည္းေကာင္း အသီးသီးေရာက္ရွိမည္ျဖစ္သည္။

ရထားေျပးဆြဲျခင္းကို ေန႕စဥ္အစုန္၊ အဆန္ေလးေခါက္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ လမ္းတစ္ေလွ်ာက္တြင္ စစ္ေတြဘူတာ၊ စစ္ေတြတကၠသိုလ္ဘူတာ၊ ဒါးပိုင္ဘူတာ၊ ေဇာပူဂ်ာဘူတာ၊ မယ္ဇလီဘူတာႏွင့္ ေရခ်မ္းျပင္ဘူတာတို႔၌ ရပ္တန႔္ေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။

#mhtnews