ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ ကော့ကရိတ်-ကြာအင်းဆိပ်ကြီး ၆၆ ကေဗွီဓာတ်အားလိုင်း (၄၁ ဒသမ ၄၈)မိုင် ဆွဲသားရာတွင် ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သီးနှံပင်များအတွက် သီးနှံလျော်ကြေးပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ဓာတ်အားလိုင်းများတည်ဆောက်ရာတွင် မလွတ်ကင်းသည့်သီးနှံပင်များအား ခုတ်လှဲခဲ့ရပြီး ထိခိုက်နစ်နာခဲ့ရသည့် တောင်သူများအား သီးနှံလျော်ကြေးငွေများပေးအပ်ခဲ့ရာ ယခုအကြိမ်သည် တတိယ အကြိမ်ပေးလျော်သည့် သီးနှံလျော်ကြေးဖြစ်ကာ ပထမအကြိမ်အနေဖြင့် ငွေကျပ် ၂၅၀ သန်း၊ ဒုတိယအကြိမ်အနေဖြင့် ငွေကျပ် ၄၄၂ သန်းနှင့် ယခု တတိယအကြိမ်တွင်တောင်သူ ၄၂၇ ဦးအတွက် ငွေကျပ် ၂၉၀ သန်း ပေးအပ်ခဲ့​​ခြင်းဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူကိုဗဟို ပြုပြီး အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ်တိုးတက်မှုရရှိရန်နှင့် လူမှုစီးပွားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လျှပ်စစ်မီးရရှိရေးကဏ္ဍအနေဖြင့် ကြာအင်းဆိပ်ကြီးမြို့တွင် နိုင်ငံတော်ဓါတ်အားစနစ်မှ မြို့ပေါ်(၆) ရပ်ကွက်၊ ကျေးရွာ ၁၅ ရွာ အိမ်ခြေ ၄၈၄၅ အိမ် ၂၄ နာရီဓါတ်အားစတင်ရရှိခဲ့ရာမှ ယခုအခါ ကျေးရွာ ပေါင်း ၅၀ မှ အိမ်ခြေစုစုပေါင်း ၉၀၉၇ အိမ်အား ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သည့်အပြင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှ ကျေးရွာ(၄၀)ကျော် စုစုပေါင်းအိမ်ထောင်စု တစ်သောင်းခန့်အား ဓာတ်အားဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

#mhtnews

=================***==================

(Zawgyi)

“၆၆ ေကဗြီဓာတ္အားလိုင္းတည္ေဆာက္ရာတြင္ ဓာတ္အားလိုင္းႏွင့္ မလြတ္ကင္းသည့္သီႏွံပင္မ်ားအတြက္ သီးႏွံေလ်ာ္ေၾကးေပးအပ္”

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ခရိုင္အတြင္းရွိ ေကာ့ကရိတ္-ၾကာအင္းဆိပ္ႀကီး ၆၆ ေကဗြီဓာတ္အားလိုင္း (၄၁ ဒသမ ၄၈)မိုင္ ဆြဲသားရာတြင္ ဓာတ္အားလိုင္းႏွင့္မလြတ္ကင္းသည့္ သီးႏွံပင္မ်ားအတြက္ သီးႏွံေလ်ာ္ေၾကးေပးအပ္ပြဲကို ယမန္ေန႕ နံနက္ ၁၀ နာရီခန႔္က ဘားအံၿမိဳ႕ဇြဲကပင္ခန္းမ၌ က်င္းပခဲ့သည္။

ဓာတ္အားလိုင္းမ်ားတည္ေဆာက္ရာတြင္ မလြတ္ကင္းသည့္သီးႏွံပင္မ်ားအား ခုတ္လွဲခဲ့ရၿပီး ထိခိုက္နစ္နာခဲ့ရသည့္ ေတာင္သူမ်ားအား သီးႏွံေလ်ာ္ေၾကးေငြမ်ားေပးအပ္ခဲ့ရာ ယခုအႀကိမ္သည္ တတိယ အႀကိမ္ေပးေလ်ာ္သည့္ သီးႏွံေလ်ာ္ေၾကးျဖစ္ကာ ပထမအႀကိမ္အေနျဖင့္ ေငြက်ပ္ ၂၅၀ သန္း၊ ဒုတိယအႀကိမ္အေနျဖင့္ ေငြက်ပ္ ၄၄၂ သန္းႏွင့္ ယခု တတိယအႀကိမ္တြင္ေတာင္သူ ၄၂၇ ဦးအတြက္ ေငြက်ပ္ ၂၉၀ သန္း ေပးအပ္ခဲ့ျခင္းျဖစ္သည္။

ျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ ျပည္သူကိုဗဟို ျပဳၿပီး အားလုံးပါဝင္နိုင္ေသာ စဥ္ဆက္မျပတ္တိုးတက္မႈရရွိရန္ႏွင့္ လူမႈစီးပြားက႑ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ အားသြန္ခြန္စိုက္ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိရာ လွ်ပ္စစ္မီးရရွိေရးက႑အေနျဖင့္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕တြင္ နိုင္ငံေတာ္ဓါတ္အားစနစ္မွ ၿမိဳ႕ေပၚ(၆) ရပ္ကြက္၊ ေက်း႐ြာ ၁၅ ႐ြာ အိမ္ေျခ ၄၈၄၅ အိမ္ ၂၄ နာရီဓါတ္အားစတင္ရရွိခဲ့ရာမွ ယခုအခါ ေက်း႐ြာ ေပါင္း ၅၀ မွ အိမ္ေျခစုစုေပါင္း ၉၀၉၇ အိမ္အား ဓာတ္အားျဖန႔္ျဖဴးေပးနိုင္ခဲ့သည့္အျပင္ မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္မွ ေက်း႐ြာ(၄၀)ေက်ာ္ စုစုေပါင္းအိမ္ေထာင္စု တစ္ေသာင္းခန႔္အား ဓာတ္အားျဖန႔္ျဖဴးေပးသြားနိုင္မည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews