နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိုန်မပျက် ဆက်လက်ဆောင်ရွက်လျှက်ရှိရာ မတ် ၆ ရက်နှင့် ၇ ရက်တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်၌ ဒေသခံပြည်သူ ၂၇၀၉ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၆)မြို့နယ်၌ ဒေသခံပြည်သူ ၄၈၄၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်တို့၌ ဒေသခံပြည်သူ ၁၁၀၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်၌ ဒေသခံပြည်သူ ၁၄၄၈၉ ဦး၊

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၄)မြို့နယ်၌ ဒေသခံပြည်သူ ၄၅၅၀ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုမှ ဒေသခံပြည်သူ ၆၇၁၀ ဦးတို့အပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တို့မှ ကျောင်းသား၊ ကျောင်းသူ ၁၁၉ ဦး၊ စုစုပေါင်း ပြည်သူ ၃၄၅၂၇ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#mhtnews

(Zawgyi)

“၂ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုတို့ရှိ မြို့နယ် ၄၈ မြို့နယ်နှင့် ခရိုင် ၇ ခုတို့မှ ပြည်သူ ၃ သောင်း ၄ ထောင်ကျော်တို့ကို ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့”



#mhtnews