တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများ ကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၅ ရက်တွင် ချင်းပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဟားခါးမြို့မရဲစခန်းဦးဆောင် သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟားခါးမြို့နယ်အတွင်း တရားမဝင်စားသောက်ကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၁၉၉,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး ချင်းဝိသေသတိုင်းအက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ မတ် ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနကဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်းအတွင်း သစ်မျိုးစုံ(၁ ဒသမ ၀၇၂၆)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃,၀၉၁) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ တမူးမြို့နယ်အတွင်း တရားမဝင်ကညင်သစ်(၄ ဒသမ ၂၁၁)တန် (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၁၀,၅၅၀) သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၂၁၀,၅၅၀) ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၆၅၃,၁၉၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(Zawgyi)

“၂ ရက္အတြင္း တရားမဝင္ကုန္သြယ္မႈမွ ဝိန္း ၁၅၀ ေက်ာ္တန္ဖိုးရွိ တရားမဝင္ သစ္မ်ိဳးစုံ၊ ေမာ္ေတာ္ယာဥ္ႏွင့္ စားေသာက္ကုန္ပစၥည္းမ်ား ဖမ္းဆီးရမိ”

တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ၏ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ တရားမဝင္ကုန္သြယ္မႈမ်ား ကို ဥပေဒႏွင့္အညီ ထိေရာက္စြာ တားဆီးအေရးယူနိုင္ေရး ေဆာင္႐ြက္လ်က္ရွိရာ မတ္ ၅ ရက္တြင္ ခ်င္းျပည္နယ္၊ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ ဟားခါးၿမိဳ႕မရဲစခန္းဦးေဆာင္ ေသာ စစ္ေဆးေရးအဖြဲ႕မွ စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ ဟားခါးၿမိဳ႕နယ္အတြင္း တရားမဝင္စားေသာက္ကုန္ ပစၥည္းမ်ား (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၀,၁၉၉,၀၀၀) ဖမ္းဆီးရမိခဲ့ၿပီး ခ်င္းဝိေသသတိုင္းအက္ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိသည္။

အလားတူ မတ္ ၆ ရက္တြင္ ပဲခူးတိုင္းေဒသႀကီး၊ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး အထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ တိုင္းေဒသႀကီး သစ္ေတာဦးစီးဌာနကဦးေဆာင္ေသာ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕မ်ားမွ စစ္ေဆးမႈ မ်ားေဆာင္႐ြက္ခဲ့ရာ ပဲခူးခရိုင္ သစ္ေတာႀကိဳးဝိုင္းအတြင္း သစ္မ်ိဳးစုံ(၁ ဒသမ ၀၇၂၆)တန္ (ခန႔္မွန္းတန္ဖိုး ေငြက်ပ္ ၃၃,၀၉၁) ဖမ္းဆီးရမိခဲ့ၿပီး သစ္ေတာဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိသည္။

ထို႔အတူ စစ္ကိုင္းတိုင္းေဒသႀကီး၊ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ ပူးေပါင္း စစ္ေဆးေရးအဖြဲ႕မ်ားမွ စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ စစ္ကိုင္းၿမိဳ႕နယ္အတြင္း လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္(၁)စီး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၅,၀၀၀,၀၀၀) ပို႔ကုန္သြင္းကုန္ဥပေဒအရ လည္းေကာင္း၊ တမူးၿမိဳ႕နယ္အတြင္း တရားမဝင္ကညင္သစ္(၄ ဒသမ ၂၁၁)တန္ (ခန႔္မွန္းတန္ဖိုးေငြ က်ပ္ ၂၁၀,၅၅၀) သစ္ေတာဥပေဒအရ လည္းေကာင္း၊ စုစုေပါင္း(ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၅,၂၁၀,၅၅၀) ဖမ္းဆီးအေရးယူေဆာင္႐ြက္လ်က္ရွိသည္။

သို႔ျဖစ္ပါ၍ မတ္ ၅ ရက္ႏွင့္ ၆ ရက္တို႔တြင္ ဖမ္းဆီးရမိမႈ စုစုေပါင္းမွာ အမႈတြဲ (၅)မႈ၊ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၂၀၆၅၃၁၉၁) ျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီမွ သိရသည္။