ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအားထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတကာလေကြောင်းခရီးစဥ်များ မြန်မာနိုင်ငံသို့ ဝင်ရောက်ဆင်းသက်ခြင်းကို ယာယီကန်သတ်သည့် Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel ဆိုင်ရာ ညွှန်ကြားချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၉ ရက်နေ့မှစတင်၍ ကြေညာခဲ့ပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု၊ ပိုးတွေ့မှုနှုန်းနှင့် သေဆုံးမှုနှုန်းတို့ သိသာစွာကျဆင်းလာပါသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွဲ့ဖြိုးတိုက်းတက်စေရန်နှင့် မြန်မာနိုင်ငံသို့လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံအတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာ လေကြောင်းလိုင်းများကို ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်)မှစတင်ကာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း ယမန်နေ့ (မတ်လ ၁၈ ရက်)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် WHOက အတည်ပြုချက်ရရှိထားသည့် ဆိုင်နိုဖန်း ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ခဲ့သော တရုတ်နိုင်ငံ အမျိုးသားဆေးဘက်ဆိုင်ရာအုပ်စုနှင့်ပူးပေါင်းကာ Myancopharm ကိုဗစ်ကာကွယ်ဆေးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက ကြေညာခဲ့ပြီးသည့်နောက် တားမြစ်ချက်များကို ရုတ်သိမ်းပေးလိုက်ခြင်းလည်းဖြစ်ကာ

လာမည့် ဧပြီလတွင်စတင်မည့် ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင် စက်မှုဝန်ကြီးဌာနက ကာကွယ်ဆေး ၁၀ သန်းအထိ ဖြန့်ဝေသွားရန် စီစဥ်နေကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံတွင် မတ်လ ၁၈ ရက်အထိ ကိုဗစ်ကူးစက်မှု ၆၀၈၃၈၄ ဦးရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၅၆၂၉၀၅ ဦးရှိကာ သေဆုံးသူ ၁၉၄၂၀ ဦးရှိကြောင်းနှင့် ကူးစက်မှုရာခိုင်နှုန်းမှာ ၄ ရာခိုင်နှုန်းအောက်သို့ ကျဆင်းလျှက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

#mhtnews

(Zawgyi)

“၂ ႏွစ္ၾကာရပ္ဆိုင္းထားသည့္ နိုင္ငံတကာေလေၾကာင္းခရီးစဥ္မ်ား ျမန္မာႏွစ္ဆန္းတစ္ရက္ကစၿပီးျပန္လည္ေျပးဆြဲမည္”

ကိုဗစ္-၁၉ ေရာဂါကူးစက္ျဖစ္ပြားမႈအားထိန္းခ်ဳပ္နိုင္ေရးအတြက္ နိုင္ငံတကာေလေၾကာင္းခရီးစဥ္မ်ား ျမန္မာနိုင္ငံသို႔ ဝင္ေရာက္ဆင္းသက္ျခင္းကို ယာယီကန္သတ္သည့္ Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel ဆိုင္ရာ ၫႊန္ၾကားခ်က္မ်ားကို နိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနတို႔က ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၂၉ ရက္ေန႕မွစတင္၍ ေၾကညာခဲ့ၿပီး ယခုအခါ ကိုဗစ္-၁၉ ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာေတြ႕ရွိမႈ၊ ပိုးေတြ႕မႈႏႈန္းႏွင့္ ေသဆုံးမႈႏႈန္းတို႔ သိသာစြာက်ဆင္းလာပါသျဖင့္ ျမန္မာနိုင္ငံ၏ နိုင္ငံတကာခရီးသြားလုပ္ငန္း ဖြဲ႕ၿဖိဳးတိုက္းတက္ေစရန္ႏွင့္ ျမန္မာနိုင္ငံသို႔လာေရာက္မည့္ နိုင္ငံျခားသားမ်ား၊ ျမန္မာနိုင္ငံသားမ်ား နိုင္ငံအတြင္းသို႔ ဝင္ေရာက္ရာတြင္ လြယ္ကူေခ်ာေမြ႕ေစေရးအတြက္ နိုင္ငံတကာ ေလေၾကာင္းလိုင္းမ်ားကို ဧၿပီလ ၁၇ ရက္ (ျမန္မာႏွစ္ဆန္း ၁ ရက္)မွစတင္ကာ ပုံမွန္အတိုင္း ျပန္လည္ေျပးဆြဲခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ယမန္ေန႕ (မတ္လ ၁၈ ရက္)တြင္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ထုတ္ျပန္ခဲ့သည္။

ကမၻာ့က်န္းမာေရး အဖြဲ႕ခ်ဳပ္ WHOက အတည္ျပဳခ်က္ရရွိထားသည့္ ဆိုင္နိုဖန္း ကာကြယ္ေဆးကို ထုတ္လုပ္နိုင္ခဲ့ေသာ တ႐ုတ္နိုင္ငံ အမ်ိဳးသားေဆးဘက္ဆိုင္ရာအုပ္စုႏွင့္ပူးေပါင္းကာ Myancopharm ကိုဗစ္ကာကြယ္ေဆးကို ေအာင္ျမင္စြာ ထုတ္လုပ္နိုင္ၿပီျဖစ္ေၾကာင္း စက္မႈဝန္ႀကီးဌာနက ေၾကညာခဲ့ၿပီးသည့္ေနာက္ တားျမစ္ခ်က္မ်ားကို ႐ုတ္သိမ္းေပးလိုက္ျခင္းလည္းျဖစ္ကာ

လာမည့္ ဧၿပီလတြင္စတင္မည့္ ၂၀၂၂-၂၃ ဘ႑ာေရးႏွစ္တြင္ စက္မႈဝန္ႀကီးဌာနက ကာကြယ္ေဆး ၁၀ သန္းအထိ ျဖန့္ေဝသြားရန္ စီစဥ္ေနေၾကာင္း သိရသည္။

ယခုအခါ ျမန္မာနိုင္ငံတြင္ မတ္လ ၁၈ ရက္အထိ ကိုဗစ္ကူးစက္မႈ ၆၀၈၃၈၄ ဦးရွိခဲ့ၿပီး ေဆး႐ုံဆင္းခြင့္ရရွိသူ ၅၆၂၉၀၅ ဦးရွိကာ ေသဆုံးသူ ၁၉၄၂၀ ဦးရွိေၾကာင္းႏွင့္ ကူးစက္မႈရာခိုင္ႏႈန္းမွာ ၄ ရာခိုင္ႏႈန္းေအာက္သို႔ က်ဆင္းလွ်က္ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

#mhtnews