၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အရေးပေါ်ရန်ပုံငွေ ၁၃၅ ဘီလီယံ လျာထားကြောင်း ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) ၌ နိုင်ငံတော်စီမံအာပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်နည်းတူ ကြိုတင် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အရေးပေါ်ရန်ပုံငွေကို ဗဟိုတွင် ငွေကျပ် ၁၀၀ ဘီလီယံ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များအတွက် ငွေကျပ် ၁၅ ဘီလီယံ လျာထားပြီး အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသိုလည်း ယခင်နှစ်နည်းတူ ထည့်ဝင်ရန် ငွေကျပ် ဘီလီယံ ၂၀ ဖြင့် စုစုပေါင်းငွေကျပ် ၁၃၅ ဘီလီယံကို ထည့်သွင်းလျာထားခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)


၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်နည်းတူ ကြိုတင် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အရေးပေါ်ရန်ပုံငွေကို ဗဟိုတွင် ငွေကျပ် ၁၀၀ ဘီလီယံ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များအတွက် ငွေကျပ် ၁၅ ဘီလီယံ လျာထားပြီး အမျိးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့လည်း ယခင်နှစ်နည်းတူ ထည့်ဝင်ရန် ငွေကျပ် ဘီလီယံ ၂၀ ဖြင့် စုစုပေါင်းငွေကျပ် ၁၃၅ ဘီလီယံကို ထည့်သွင်းလျာထားခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews