၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ပဓာနနာယက ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာန နာယက ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ နှင့် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး တို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဘိဓဇမဟာ ရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့၊ မဇ္ဈိမာရုံ ပါရမီစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဉာဏိန္ဒသာရထံ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်ပူဇော်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ တိလောကာ ဘိဝံသ ထံလည်းကောင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ဝေဇယန္တာ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ နရာသဘာ ဘိဝံသထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော် ကြသည်။
ဆက်လက်၍ ကောင်စီဝင် မန်းငြိမ်းမောင်က အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ မဟာဝိဇိတာရုံ ပရိ ယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ ထံလည်းကောင်း၊ ကောင်စီဝင် ဒေါ်အေးနုစိန်က အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့၊ မိုင်းကောင်းပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ သုဓမ္မာ စာရာဘိဝံသ ထံလည်းကောင်း၊ ကောင်စီဝင် ဦးမောင်းဟာက အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အင်းသာအရှေ့ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ ထံလည်းကောင်း၊ ကောင်စီဝင် ဦးစိုင်းလုံးဆိုင် က အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်၊ တိုင်တစ်ရာ အရှေ့ကျောင်းကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဇိနောဒယ ထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်များ ဆက်ကပ် ပူဇော်ကြသည်။
ထို့နောက် ကောင်စီဝင် ဒေါက်တာ ဗညားအောင်မိုးက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ တောင်စလင်း တိုက်သစ်ဆရာတော် ဘဒ္ဒန္တ တိက္ခ ထံလည်းကောင်း၊ ကောင်စီဝင် ဦးရွှေကြိမ်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဒက္ခိဏာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဇောတာလင်္ကာရ ထံလည်းကောင်း၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့၊ စက်ရုံဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သုမန ထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် ပူဇော်ကြသည်။
ဆက်လက်ပြီး ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး၊ မင်းလှ မြို့နယ်၊ စိတ္တသုခဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာတော် ဘဒ္ဒန္တ ဓမ္မပိယထံ လည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဓမ္မသုခဘုန်းတော်ကြီး သင်ပညာရေးကျောင်း ဆရာတော် ဘဒ္ဒန္တ နာရဒထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ကြသည်။
ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေးက အဂ္ဂမဟာပဏ္ဍိတ ဘွဲတံဆိပ်တော်ရ မန္တလေးမြို့၊ မဏိရတနာ မြတောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အင်္ကုရနှင့် ကျောက်ဖြူမြို့၊ ဘုရားကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝထံလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး က အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်တော်ရ ရေးမြို့နယ်၊ ပရိယတ္တိမာမက ဓမ္မရက္ခိတ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ခန္တီ ၊ ဘားအံမြို့နယ်၊ ဇွဲကပင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကဝိဓဇနှင့် ခရမ်းမြို့နယ်၊ ကမာကလူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် ဘဒ္ဒန္တ ဉာဏဝံသထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယ ဘွဲ့ရရှိသည့် ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ် ပူဇော်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ဇနီးက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ သာသနာ့ဗိမာန် စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ဣန္ဒသိင်္ဂီနှင့် စစ်ကိုင်းမြို့၊ ဒေါ်ဝိဇ္ဇာနန္ဒီ ကံသာကျောင်းသီလရှင်ဆရာကြီး ဒေါ်အဉ္စနဝတီ တို့ထံလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ဇနီးက အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ဂုဏ်ဝေပရိယတ္တိ ပဋိပတ္တိ ပရဟိတသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါက်တာဒေါ်ဆေကဝတီ ထံ လည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်ပူဇော်ကြသည်။
ဆက်လက်၍ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များကို ချီးမြှင့်ပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂ္ဂမဟာ သီရိ သုဓမ္မ မဏိဇောတဓရဘွဲ့ရရှိသည့် ဦးစိုင်းမွန်အား ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များကို ချီးမြှင့်အပ်နှင်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက အဂ္ဂမဟာ သီရိသုဓမ္မ သိင်္ဂီဘွဲ့ရရှိကြသည့် ဒေါက်တာ စန်းစန်းရီနှင့် ဒေါက်တာခင်မြဝင်းတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ချီးမြှင့် အပ်နှင်းသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင် မင်းကျောင်းဆရာတော်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်တို့က အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ပြည်တွင်း/ပြည်ပ ရဟန်း ၂၈၄ ပါး၊ သီလရှင်ဆရာကြီး ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၄၁ ဦးတို့ကို သာသာနာတော် ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်ခဲ့ပြီး ယနေ့ကျင်းပသည့် ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၉ ပါး၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၈ ပါး၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ် တော်ရ ဆရာတော်ကြီး ၁၈ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး ၃ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ၄၁ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ရဟန်း ၆ ပါး တို့အား သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ခဲ့ကာ အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၁ ဦးနှင့် အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီဘွဲ့ တံဆိပ်ရလူပုဂ္ဂိုလ် ၂ ဦးတို့ကိုလည်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ကျန်ရှိသည့် ဆရာတော်ကြီးများ၊ သီလရှင်ကြီးများနှင့် လူပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက အသီးသီး ဆက်ကပ်ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရှိရသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး တို့သည် ပြည်ပဘွဲ့ခံ ဆရာတော်များဖြစ်ကြသည့် အဂ္ဂမဟာ ပဏ္ဍိတ ဘွဲတံဆိပ်တော်ရ သီရိလင်္ကာနိုင်ငံ၊ Sithulpawwa Rajamaha Viharaya, Galle ကျောင်းတိုက်ဆရာတော် Venarable Metarenba Hemaratana Nayaka Thero နှင့် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သီရိလင်္ကာနိုင်ငံ၊ University of Kelaniya ဆရာတော် Director Venerable Medawachchiye Dhammajothi Thero တို့အား ဆရာတော်များ ခေတ္တသီတင်းသုံးလျက်ရှိသည့်နေရာသို့ သွားရောက်ဖူးမြော် ကြည်ညို၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ယခုကဲ့သို့ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို လာရောက်ဆက်ကပ်ခံယူခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက် ပါကြောင်း၊ မိမိတို့နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်သည့်နိုင်ငံ ဖြစ်သကဲ့သို့ သီရိလင်္ကာနိုင်ငံသည်လည်း ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်သည့်နိုင်ငံ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ထေရဝါဒဗုဒ္ဓသာသနာ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း လျှောက်ထားသည်။
ထို့နောက် ဆရာတော်က ယခုကဲ့သို့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံတို့သည် ကိုးကွယ်သည့်ဘာသာများတူညီသကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေးသည် လည်း နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲလျက်ရှိကြောင်း၊ သီရိလင်္ကာနိုင်ငံရှိ University of Kelaniya တွင်လည်း မြန်မာနိုင်ငံမှ သံဃာတော်အပါး ၃၀၀ ကျော် တက်ရောက်၍ သာသနာတော်ဆိုင်ရာပညာရပ်များကို သင်ယူလျက်ရှိသကဲ့သို့ အခြားနိုင်ငံများမှလည်း လာရောက်သင်ယူလျက်ရှိပါကြောင်း၊ မိမိတို့ တက္ကသိုလ်အနေဖြင့် လည်း မြန်မာနိုင်ငံရှိ သီတဂူဗုဒ္ဓတက္ကသိုလ်နှင့် နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း မိန့်ကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က သီရိလင်္ကာနိုင်ငံတွင် မြန်မာနိုင်ငံမှ စာသင်သားသံဃာတော်များ ပညာသင်ကြားရာ ၌ အဆင်ပြေစေရေးအတွက် မိမိအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း သီတဂူဗုဒ္ဓတက္ကသိုလ်အပါအဝင် ဗုဒ္ဓတက္ကသိုလ် များ ဖွင့်လှစ်ထားရှိပြီး ဥရောပနိုင်ငံများအပါအဝင် ပြည်ပနိုင်ငံများမှ စာသင်သံဃာ တော်များနှင့်သီလရှင်များလည်း လာရောက် သင်ကြားလျက်ရှိပါကြောင်း၊ ထိုသို့ သာသနာရေးဆိုင်ရာ ပညာရပ်များကို သင်ကြားနိုင်ရေးအတွက် နိုင်ငံအသီးသီးရှိ ဆရာတော်ကြီးများ၏ ကြိုးပမ်းဆောင်ရွက်မှုသည် ထေရဝါဒဗုဒ္ဓ သာသနာပြန့်ပွားမှုကို များစွာအထောက်အကူပြုစေပါကြောင်း၊
အလားတူ ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို လည်း ထုဆစ်တည်ဆောက်လျက်ရှိပြီး ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာဋီကာ ကျမ်းစာ များကို စကျင်ကျောက်တော်များ၌ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နေခြင်းမှာ ထေရဝါဒဗုဒ္ဓ သာသနာ တော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲရေးအတွက် မိမိတို့အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်းဖြင့် လျှောက်ထား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့က ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက ဓမ္မလက်ဆောင်အား ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
(Zawgyi)
“၂၀၂၂ ခုႏွစ္သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္ေတာ္မ်ားဆက္ကပ္ပူေဇာ္ပြဲမဟာမဂၤလာအခမ္းအနားက်င္းပ”
၂၀၂၂ ခုႏွစ္ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္ပူေဇာ္ပြဲ မဟာမဂၤလာအခမ္းအနားကို ယမန္ေန႕မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ္အတြင္းရွိ သာသနာ့မဟာဗိမာန္ေတာ္ႀကီး၌က်င္းပရာ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတို႔ တက္ေရာက္ၾကည္ညို၍ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္ပူေဇာ္ၾကသည္။
အခမ္းအနားသို႔ နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒၊ မႏၱေလးၿမိဳ႕ ဗန္းေမာ္ ေက်ာင္းတိုက္ ပဓာနနာယက ဆရာေတာ္၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာ သဒၶမၼ ေဇာတိက ေဒါက္တာ ဘဒၵႏၱ ကုမာရာဘိဝံသ၊ နိုင္ငံေတာ္သံဃမဟာနာယက အဖြဲ႕ အက်ိဳးေတာ္ေဆာင္၊ သန္လ်င္ၿမိဳ႕၊ မင္းေက်ာင္းပထမျပန္ စာသင္တိုက္ ပဓာန နာယက ဆရာေတာ္၊ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ ေဒါက္တာ ဘဒၵႏၱ စႏၵိမာဘိဝံသ ႏွင့္ ၂၀၂၂ ခုႏွစ္၊ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္ေကာ္ေရာ္ အပူေဇာ္ခံေတာ္မူၾကမည့္ ဆရာေတာ္၊ သံဃာေတာ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး တို႔ႏွင့္အတူ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ ဇနီး ေဒၚသန္းသန္းႏြယ္၊ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ မန္းၿငိမ္းေမာင္၊ ေဒၚေအးႏုစိန္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံးဆိုင္၊ ေဒါက္တာ ဗညားေအာင္မိုး၊ ဦးေ႐ႊႀကိမ္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္၊ ေကာင္စီအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦး၊ နိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာခုံ႐ုံးဥကၠ႒ ဦးသာေဌး၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးသိန္းစိုးႏွင့္ ၎တို႔၏ဇနီးမ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္၊ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ဥကၠ႒၊ ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္ ဥကၠ႒၊ ျမန္မာနိုင္ငံအမ်ိဳးသား လူ႕အခြင့္အေရးေကာ္မရွင္ ဥကၠ႒၊ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကည္ညိုၾကသည္။
အခမ္းအနားတြင္ ဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီးမ်ားအား သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္ပူေဇာ္ၾကရာ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က အဘိဓဇမဟာ ရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ မေကြးတိုင္း ေဒသႀကီး၊ ေရစႀကိဳၿမိဳ႕၊ မဇၩိမာ႐ုံ ပါရမီစာသင္တိုက္ ဆရာေတာ္ ဘဒၵႏၱ ဉာဏိႏၵသာရထံ ဘြဲ႕တံဆိပ္ေတာ္ႏွင့္ လႉဖြယ္ပစၥည္းမ်ားကို ဆက္ကပ္ပူေဇာ္သည္။
ယင္းေနာက္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး က အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္၊ ႐ြာမပရိယတၱိစာသင္တိုက္ ဆရာေတာ္ ဘဒၵႏၱ တိေလာကာ ဘိဝံသ ထံလည္းေကာင္း၊ ေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက အဘိဓဇ မဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ ပဲခူးတိုင္းေဒသႀကီး၊ မိုးညိုၿမိဳ႕၊ ေဝဇယႏၱာ စာသင္တိုက္ဆရာေတာ္ ဘဒၵႏၱ နရာသဘာ ဘိဝံသထံလည္းေကာင္း ဘြဲ႕တံဆိပ္ေတာ္ႏွင့္ လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္ပူေဇာ္ ၾကသည္။
ဆက္လက္၍ ေကာင္စီဝင္ မန္းၿငိမ္းေမာင္က အဘိဓဇ အဂၢမဟာသဒၶမၼေဇာတိက ဘြဲ႕တံဆိပ္ေတာ္ရ မႏၱေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာဇံၿမိဳ႕နယ္၊ မဟာဝိဇိတာ႐ုံ ပရိ ယတၱိစာသင္တိုက္ ဆရာေတာ္ ဘဒၵႏၱ ဝိစာရိႏၵာဘိဝံသ ထံလည္းေကာင္း၊ ေကာင္စီဝင္ ေဒၚေအးႏုစိန္က အဘိဓဇ အဂၢမဟာ သဒၶမၼေဇာတိက ဘြဲ႕တံဆိပ္ေတာ္ရ ဧရာဝတီတိုင္း ေဒသႀကီး၊ ဟသၤာတၿမိဳ႕၊ မိုင္းေကာင္းပရိယတၱိစာသင္တိုက္ ဆရာေတာ္ ဘဒၵႏၱ သုဓမၼာ စာရာဘိဝံသ ထံလည္းေကာင္း၊ ေကာင္စီဝင္ ဦးေမာင္းဟာက အဘိဓဇ အဂၢမဟာသဒၶမၼ ေဇာတိက ဘြဲ႕တံဆိပ္ေတာ္ရ ေနျပည္ေတာ္၊ လယ္ေဝးၿမိဳ႕နယ္၊ အင္းသာအေရွ႕ ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၱ ပ႑ိတ ထံလည္းေကာင္း၊ ေကာင္စီဝင္ ဦးစိုင္းလုံးဆိုင္ က အဘိဓဇ အဂၢမဟာသဒၶမၼ ေဇာတိက ဘြဲ႕တံဆိပ္ေတာ္ရ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံ ၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ တိုင္တစ္ရာ အေရွ႕ေက်ာင္းႀကီး ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၱ ဇိေနာဒယ ထံလည္းေကာင္း ဘြဲ႕တံဆိပ္ေတာ္ႏွင့္ လႉဖြယ္ပစၥည္မ်ား ဆက္ကပ္ ပူေဇာ္ၾကသည္။
ထို႔ေနာက္ ေကာင္စီဝင္ ေဒါက္တာ ဗညားေအာင္မိုးက အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ မႏၱေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာဇံၿမိဳ႕နယ္၊ ေတာင္စလင္း တိုက္သစ္ဆရာေတာ္ ဘဒၵႏၱ တိကၡ ထံလည္းေကာင္း၊ ေကာင္စီဝင္ ဦးေ႐ႊႀကိမ္းက အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ ဒကၡိဏာ႐ုံ ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၱ ေဇာတာလကၤာရ ထံလည္းေကာင္း၊ ေကာင္စီဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္က အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ ဧရာဝတီတိုင္းေဒသႀကီး၊ က်ဳံမေငးၿမိဳ႕၊ စက္႐ုံဓမၼရိပ္သာေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၱ သုမန ထံလည္းေကာင္း ဘြဲ႕တံဆိပ္ေတာ္ႏွင့္ လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္ပူေဇာ္ၾကသည္။
ဆက္လက္ၿပီး ေကာင္စီအတြင္းေရးမႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးက အဘိဓဇ အဂၢမဟာ သဒၶမၼေဇာတိက ဘြဲ႕တံဆိပ္ေတာ္ရ ပဲခူးတိုင္းေဒသႀကီး၊ မင္းလွ ၿမိဳ႕နယ္၊ စိတၱသုခဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းဆရာေတာ္ ဘဒၵႏၱ ဓမၼပိယထံ လည္းေကာင္း၊ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦးက အဘိဓဇ အဂၢမဟာ သဒၶမၼေဇာတိက ဘြဲ႕တံဆိပ္ေတာ္ရ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ ဓမၼသုခဘုန္းေတာ္ႀကီး သင္ပညာေရးေက်ာင္း ဆရာေတာ္ ဘဒၵႏၱ နာရဒထံလည္းေကာင္း ဘြဲ႕တံဆိပ္ေတာ္ႏွင့္ လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္ပူေဇာ္ၾကသည္။
ယင္းေနာက္ နိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒ ဆိုင္ရာခုံ႐ုံးဥကၠ႒ ဦးသာေဌးက အဂၢမဟာပ႑ိတ ဘြဲတံဆိပ္ေတာ္ရ မႏၱေလးၿမိဳ႕၊ မဏိရတနာ ျမေတာင္ေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၱ အကၤုရႏွင့္ ေက်ာက္ျဖဴၿမိဳ႕၊ ဘုရားႀကီး ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၱပ႑ဝထံလည္းေကာင္း၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုး က အဂၢမဟာ သဒၶမၼေဇာတိကဓဇဘြဲ႕ တံဆိပ္ေတာ္ရ ေရးၿမိဳ႕နယ္၊ ပရိယတၱိမာမက ဓမၼရကၡိတ စာသင္တိုက္ဆရာေတာ္ ဘဒၵႏၱ ခႏၱီ ၊ ဘားအံၿမိဳ႕နယ္၊ ဇြဲကပင္ေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၱ ကဝိဓဇႏွင့္ ခရမ္းၿမိဳ႕နယ္၊ ကမာကလူ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း ဆရာေတာ္ ဘဒၵႏၱ ဉာဏဝံသထံလည္းေကာင္း ဘြဲ႕တံဆိပ္ေတာ္ႏွင့္ လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္ပူေဇာ္ၾကသည္။
ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားက အဂၢမဟာ ပ႑ိတ၊ အဂၢမဟာ သဒၶမၼေဇာတိကဓဇ၊ အဂၢမဟာဂႏၳဝါစကပ႑ိတ၊ အဂၢမဟာ ကမၼ႒ာနာ စရိယ ဘြဲ႕ရရွိသည့္ ဆရာေတာ္ႀကီးမ်ားထံ ဘြဲ႕တံဆိပ္ေတာ္ႏွင့္လႉဖြယ္ ပစၥည္းမ်ား ဆက္ကပ္ ပူေဇာ္ၾကသည္။
ယင္းေနာက္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ၏ ဇနီးက အဂၢမဟာဂႏၳဝါစက ပ႑ိတ ဘြဲ႕တံဆိပ္ေတာ္ရ စစ္ကိုင္းၿမိဳ႕၊ သာသနာ့ဗိမာန္ စာသင္တိုက္ သီလရွင္ဆရာႀကီး ေဒၚဣႏၵသိဂႌႏွင့္ စစ္ကိုင္းၿမိဳ႕၊ ေဒၚဝိဇၨာနႏၵီ ကံသာေက်ာင္းသီလရွင္ဆရာႀကီး ေဒၚအၪၥနဝတီ တို႔ထံလည္းေကာင္း၊ နိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္၏ဇနီးက အဂၢမဟာဂႏၳ ဝါစက ပ႑ိတဘြဲ႕တံဆိပ္ေတာ္ရ မရမ္းကုန္းၿမိဳ႕နယ္၊ ခ်မ္းေျမ့ဂုဏ္ေဝပရိယတၱိ ပဋိပတၱိ ပရဟိတသီလရွင္စာသင္တိုက္ သီလရွင္ဆရာႀကီး ေဒါက္တာေဒၚေဆကဝတီ ထံ လည္းေကာင္း ဘြဲ႕တံဆိပ္ေတာ္ႏွင့္ လႉဖြယ္ပစၥည္းမ်ားကို ဆက္ကပ္ပူေဇာ္ၾကသည္။
ဆက္လက္၍ သာသနာႏုဂၢဟဘြဲ႕တံဆိပ္ေတာ္မ်ားကို ခ်ီးျမႇင့္ေပးအပ္ရာ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က အဂၢမဟာ သီရိ သုဓမၼ မဏိေဇာတဓရဘြဲ႕ရရွိသည့္ ဦးစိုင္းမြန္အား ဘြဲ႕တံဆိပ္ေတာ္ႏွင့္ အေဆာင္ အေယာင္မ်ားကိုခ်ီးျမႇင့္အပ္ႏွင္းသည္။
ထို႔ေနာက္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၏ ဇနီးက အဂၢမဟာ သီရိသုဓမၼ သိဂႌဘြဲ႕ရရွိၾကသည့္ ေဒါက္တာ စန္းစန္းရီႏွင့္ ေဒါက္တာခင္ျမဝင္းတို႔အား ဘြဲ႕တံဆိပ္ေတာ္ႏွင့္ အေဆာင္အေယာင္မ်ားကိုခ်ီးျမႇင့္အပ္ႏွင္းသည္။
ယင္းေနာက္ နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္ သန္လ်င္ မင္းေက်ာင္းဆရာေတာ္ထံမွ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ နိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ ဧည့္ပရိသတ္တို႔က အႏုေမာဒနာတရား နာယူၾကၿပီး လႉဒါန္းမႈ အစုစုတို႔အတြက္ ေရစက္သြန္းေလာင္း အမွ်ေပးေဝၾကကာ ဗုဒၶသာသနံ စိရံ တိ႒တု သုံးႀကိမ္႐ြတ္ဆို ဆုေတာင္း၍ အခမ္းအနားကို ႐ုပ္သိမ္းလိုက္သည္။
နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ၂၀၂၂ ခုႏွစ္တြင္ ျပည္တြင္း/ျပည္ပ ရဟန္း ၂၈၄ ပါး၊ သီလရွင္ဆရာႀကီး ၄၁ ပါးႏွင့္ လူပုဂၢိုလ္ ၄၁ ဦးတို႔ကို သာသာနာေတာ္ ဆိုင္ရာဘြဲ႕တံဆိပ္မ်ား ဆက္ကပ္လႉဒါန္း ခ်ီးျမႇင့္ခဲ့ၿပီး ယေန႕က်င္းပသည့္ ၂၀၂၂ ခုႏွစ္ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္ပူေဇာ္ပြဲ အခမ္းအနားတြင္ အဘိဓဇ မဟာရ႒ဂု႐ုဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီး ၉ ပါး၊ အဘိဓဇအဂၢမဟာ သဒၶမၼ ေဇာတိကဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီး ၈ ပါး၊ အဂၢမဟာပ႑ိတဘြဲ႕ တံဆိပ္ ေတာ္ရ ဆရာေတာ္ႀကီး ၁၈ ပါး၊ အဂၢမဟာဂႏၳဝါစကပ႑ိတဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီး ၂၃ ပါး၊ အဂၢမဟာဂႏၳဝါစကပ႑ိတ ဘြဲ႕တံဆိပ္ေတာ္ရ သီလရွင္ ဆရာႀကီး ၃ ပါး၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘြဲ႕တံဆိပ္ ေတာ္ရ ဆရာေတာ္ႀကီး ၄၁ ပါး၊ အဂၢမဟာ ကမၼ႒ာနာစရိယ ဘြဲ႕တံဆိပ္ေတာ္ရ ရဟန္း ၆ ပါး တို႔အား သာသနာ ေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္မ်ား ဆက္ကပ္ခဲ့ကာ အဂၢမဟာသီရိ သုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္ရ လူပုဂၢိုလ္ ၁ ဦးႏွင့္ အဂၢမဟာသီရိ သုဓမၼသိဂႌဘြဲ႕ တံဆိပ္ရလူပုဂၢိုလ္ ၂ ဦးတို႔ကိုလည္း သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္မ်ားကို ေပးအပ္ခ်ီးျမႇင့္ခဲ့သည္။ က်န္ရွိသည့္ ဆရာေတာ္ႀကီးမ်ား၊ သီလရွင္ႀကီးမ်ားႏွင့္ လူပုဂၢိုလ္မ်ားကိုလည္း သက္ဆိုင္ရာ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ ဝန္ႀကီးခ်ဳပ္မ်ားႏွင့္ တာဝန္ရွိသူမ်ားက အသီးသီး ဆက္ကပ္ေပးအပ္ခ်ီးျမႇင့္ခဲ့ၾက ေၾကာင္း သိရွိရသည္။
အခမ္းအနားအၿပီးတြင္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး တို႔သည္ ျပည္ပဘြဲ႕ခံ ဆရာေတာ္မ်ားျဖစ္ၾကသည့္ အဂၢမဟာ ပ႑ိတ ဘြဲတံဆိပ္ေတာ္ရ သီရိလကၤာနိုင္ငံ၊ Sithulpawwa Rajamaha Viharaya, Galle ေက်ာင္းတိုက္ဆရာေတာ္ Venarable Metarenba Hemaratana Nayaka Thero ႏွင့္ အဂၢမဟာ ဂႏၳဝါစက ပ႑ိတဘြဲ႕တံဆိပ္ေတာ္ရ သီရိလကၤာနိုင္ငံ၊ University of Kelaniya ဆရာေတာ္ Director Venerable Medawachchiye Dhammajothi Thero တို႔အား ဆရာေတာ္မ်ား ေခတၱသီတင္းသုံးလ်က္ရွိသည့္ေနရာသို႔ သြားေရာက္ဖူးေျမာ္ ၾကည္ညို၍ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ က ယခုကဲ့သို႔ သာသနာေတာ္ ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ားကို လာေရာက္ဆက္ကပ္ခံယူျခင္းအတြက္ ဂုဏ္ယူ ဝမ္းေျမာက္ ပါေၾကာင္း၊ မိမိတို႔နိုင္ငံသည္ ေထရဝါဒဗုဒၶဘာသာ ကိုးကြယ္သည့္နိုင္ငံ ျဖစ္သကဲ့သို႔ သီရိလကၤာနိုင္ငံသည္လည္း ေထရဝါဒဗုဒၶဘာသာ ကိုးကြယ္သည့္နိုင္ငံ ျဖစ္ပါေၾကာင္း၊ မိမိတို႔အေနျဖင့္ ေထရဝါဒဗုဒၶသာသနာ ေရရွည္တည္တံ့ခိုင္ၿမဲေရး အတြက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း ေလွ်ာက္ထားသည္။
ထို႔ေနာက္ ဆရာေတာ္က ယခုကဲ့သို႔ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္မ်ား ဆက္ကပ္ျခင္းခံရသည့္အတြက္ ဝမ္းေျမာက္ပါေၾကာင္း၊ ျမန္မာနိုင္ငံႏွင့္ သီရိလကၤာ နိုင္ငံတို႔သည္ ကိုးကြယ္သည့္ဘာသာမ်ားတူညီသကဲ့သို႔ ႏွစ္နိုင္ငံဆက္ဆံေရးသည္ လည္း ႏွစ္ေပါင္းမ်ားစြာ တည္တံ့ခိုင္ၿမဲလ်က္ရွိေၾကာင္း၊ သီရိလကၤာနိုင္ငံရွိ University of Kelaniya တြင္လည္း ျမန္မာနိုင္ငံမွ သံဃာေတာ္အပါး ၃၀၀ ေက်ာ္ တက္ေရာက္၍ သာသနာေတာ္ဆိုင္ရာပညာရပ္မ်ားကို သင္ယူလ်က္ရွိသကဲ့သို႔ အျခားနိုင္ငံမ်ားမွလည္း လာေရာက္သင္ယူလ်က္ရွိပါေၾကာင္း၊ မိမိတို႔ တကၠသိုလ္အေနျဖင့္ လည္း ျမန္မာနိုင္ငံရွိ သီတဂူဗုဒၶတကၠသိုလ္ႏွင့္ နားလည္မႈစာခြၽန္လႊာေရးထိုးနိုင္ေရး အတြက္လည္း ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း မိန႔္ၾကားသည္။
ယင္းေနာက္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ က သီရိလကၤာနိုင္ငံတြင္ ျမန္မာနိုင္ငံမွ စာသင္သားသံဃာေတာ္မ်ား ပညာသင္ၾကားရာ ၌ အဆင္ေျပေစေရးအတြက္ မိမိအေနျဖင့္ တတ္နိုင္သမွ် ကူညီေဆာင္႐ြက္သြားမည္ ျဖစ္ပါေၾကာင္း၊ မိမိတို႔နိုင္ငံတြင္လည္း သီတဂူဗုဒၶတကၠသိုလ္အပါအဝင္ ဗုဒၶတကၠသိုလ္ မ်ား ဖြင့္လွစ္ထားရွိၿပီး ဥေရာပနိုင္ငံမ်ားအပါအဝင္ ျပည္ပနိုင္ငံမ်ားမွ စာသင္သံဃာ ေတာ္မ်ားႏွင့္သီလရွင္မ်ားလည္း လာေရာက္ သင္ၾကားလ်က္ရွိပါေၾကာင္း၊ ထိုသို႔ သာသနာေရးဆိုင္ရာ ပညာရပ္မ်ားကို သင္ၾကားနိုင္ေရးအတြက္ နိုင္ငံအသီးသီးရွိ ဆရာေတာ္ႀကီးမ်ား၏ ႀကိဳးပမ္းေဆာင္႐ြက္မႈသည္ ေထရဝါဒဗုဒၶ သာသနာျပန႔္ပြားမႈကို မ်ားစြာအေထာက္အကူျပဳေစပါေၾကာင္း၊
အလားတူ ကမၻာ့အႀကီးဆုံးထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျဖစ္လာမည့္ မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ကို လည္း ထုဆစ္တည္ေဆာက္လ်က္ရွိၿပီး ပိဋကတ္သုံးပုံ ပါဠိေတာ္ အ႒ကထာဋီကာ က်မ္းစာ မ်ားကို စက်င္ေက်ာက္ေတာ္မ်ား၌ ပါဠိအကၡရာ၊ Romanize Language တို႔ျဖင့္ ေရးထိုးပူေဇာ္သြားမည္ျဖစ္ေၾကာင္း၊ ထိုသို႔ ေဆာင္႐ြက္ေနျခင္းမွာ ေထရဝါဒဗုဒၶ သာသနာ ေတာ္ႀကီး ကမၻာတည္သေ႐ြ႕ တည္တံ့ခိုင္ၿမဲေရးအတြက္ မိမိတို႔အေနျဖင့္ တတ္နိုင္သည့္ဘက္မွ ႀကိဳးပမ္းေဆာင္႐ြက္ေနျခင္း ျဖစ္ပါေၾကာင္းျဖင့္ ေလွ်ာက္ထား သည္။
ထို႔ေနာက္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ႏွင့္ဇနီးတို႔က ဆရာေတာ္ႀကီးမ်ားထံ လႉဖြယ္ဝတၳဳပစၥည္းမ်ား ဆက္ကပ္လႉဒါန္းၿပီး ဆရာေတာ္ႀကီးက ဓမၼလက္ေဆာင္အား ျပန္လည္ေပးအပ္ခဲ့ေၾကာင္းသတင္းရရွိသည္။
Recent Comments