၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာကျောင်းများနှင့်စာစစ်ဌာနများ၌ မတ်လ ၂၄ ရက်မှစတင်ကာ ထုတ်ယူနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

တိုင်းနှင့်ပြည်နယ်များရှိ စာစစ်ဌာနအသီးသီး၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများသည် မိမိတို့ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား(Identity Card)များကို ထုတ်ယူရမည်ဖြစ်သည်။

ထိုသို့ ထုတ်ယူရာတွင် အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲနှင့် တွဲဖက်အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ အနေဖြင့် မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်ပြီး ပြင်ပဖြေဆိုသူများအနေဖြင့် စားမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုမည့် စာစစ်ဌာနများတွင် ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲများကို ယခုမတ်လ ၃၁ ရက်နေ့တွင်စတင်ဖြေဆိုကြရမည်ဖြစ် ပြီး နိုင်ငံခြားစာစစ်ဌာန ၂၀ ခုအပါအဝင် နိုင်ငံတစ်ဝန်းစာစစ်ဌာနပေါင်း ၁၂၅၆ ခုထိစီစဉ်ဆောင်ရွက်ထားကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန်အတွက် ကျောင်းသား၊ ကျောင်းသူဦးရေပေါင်း ၃၁၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ား မတ္ ၂၄ ရက္မွစတင္ထုတ္ယူနိုင္”

၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို သက္ဆိုင္ရာေက်ာင္းမ်ားႏွင့္စာစစ္ဌာနမ်ား၌ မတ္လ ၂၄ ရက္မွစတင္ကာ ထုတ္ယူနိုင္ေၾကာင္း ပညာေရးဝန္ႀကီးဌာန၊ ျမန္မာနိုင္ငံစာစစ္ဦးစီးဌာနမွ သိရသည္။

တိုင္းႏွင့္ျပည္နယ္မ်ားရွိ စာစစ္ဌာနအသီးသီး၌ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား၊ေက်ာင္းသူမ်ားသည္ မိမိတို႔ ဓာတ္ပုံကပ္ထားသည့္ ခုံအမွတ္စဥ္ပါေသာ စာေမးပြဲေျဖဆိုခြင့္ကတ္ျပား(Identity Card)မ်ားကို ထုတ္ယူရမည္ျဖစ္သည္။

ထိုသို႔ ထုတ္ယူရာတြင္ အေျခခံပညာအထက္တန္းေက်ာင္း၊ ေက်ာင္းခြဲႏွင့္ တြဲဖက္အေျခခံပညာအထက္တန္းေက်ာင္း၊ ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းသားေက်ာင္းသူမ်ား အေနျဖင့္ မိမိတို႔ ေက်ာင္းအုပ္ႀကီးမ်ားထံမွ ထုတ္ယူၾကရမည္ျဖစ္ၿပီး ျပင္ပေျဖဆိုသူမ်ားအေနျဖင့္ စားေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို မိမိတို႔ေျဖဆိုမည့္ စာစစ္ဌာနမ်ားတြင္ ထုတ္ယူၾကရမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၂၂ ခုႏွစ္၏ တကၠသိုလ္ဝင္စာေမးပြဲမ်ားကို ယခုမတ္လ ၃၁ ရက္ေန႕တြင္စတင္ေျဖဆိုၾကရမည္ျဖစ္ ၿပီး နိုင္ငံျခားစာစစ္ဌာန ၂၀ ခုအပါအဝင္ နိုင္ငံတစ္ဝန္းစာစစ္ဌာနေပါင္း ၁၂၅၆ ခုထိစီစဥ္ေဆာင္႐ြက္ထားေၾကာင္း၊ တကၠသိုလ္ဝင္စာေမးပြဲဝင္ေရာက္ေျဖဆိုရန္အတြက္ ေက်ာင္းသား၊ ေက်ာင္းသူဦးေရေပါင္း ၃၁၀၀၀၀ ေက်ာ္ရွိေၾကာင္း သိရသည္။

#mhtnews