ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်တွင်း စားသုံးမှုဖူလုံရေးအပြင် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးတို့အတွက် ငါးသားပေါက်မျိုးမဖားကို နှစ်စဥ်စိုက်ထည့်ပေးလျှက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း (၂)လက်မအရွယ် ငါးသားပေါက်ကောင်ရေ သိန်းပေါင်း (၁၁၀၀)ကျော်ကို သဘာဝမြစ်ချောင်းများအတွင်း မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ငါးလုပ်ငန်းဦးစီးဌာန၏ ရေထွက် ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုကဏ္ဍမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၇၈၆)သန်းကျော် ရရှိခဲ့ပြီး လက်ရှိတွင်လည်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် မြစ်၊ ချောင်း၊ ဆည်၊ ကန်နှင့် သဘာဝရေပြင်ကျယ်များတွင် ငါးမွေးမြူခြင်းကို ဒေသနေပြည်သူများ လက်တွေ့လုပ်ကိုင်နိုင်ရေးအတွက် နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် သားငါးကဏ္ဍအတွက်အရေးပါသည့် မွေးမြူရေး ဆိုင်ရာသုတေသနဦးစီးဌာန အသစ်တစ်ခုကို တိုးချဲ့ဖွဲစည်းပေးခဲ့ပြီး သုတေသနလုပ်ငန်းများ ဖွံဖြိုးတိုး တက်စေရေးနှင့် သုတေသနကို အခြေခံသော ငါးလုပ်ငန်း စီမံခန့်ခွဲမှု လုပ်ငန်းများထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့အကြား သုတေသနရန်ပုံငွေထူထောင်ရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တိုအကြား ပထမဦးဆုံး အကြိမ် Public-Private-Partnership (PPP)ဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည့် ငါးလုပ်ငန်းဦးစီးဌာန၏ နှစ်(၅၀)ပြည့် ရွှေရတုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြင္း (၂)လက္မအ႐ြယ္ ငါးသားေပါက္ ေကာင္ေရ သိန္းေပါင္း (၁၁၀၀)ေက်ာ္ကို သဘာဝျမစ္ေခ်ာင္းမ်ားအတြင္း မ်ိဳးစိုက္ထည့္ေပးခဲ့”

ငါးလုပ္ငန္းဦးစီးဌာနအေနျဖင့္ ျပည္တြင္း စားသုံးမႈဖူလုံေရးအျပင္ ျပည္ပတင္ပို႔မႈ တိုးျမႇင့္နိုင္ေရးတို႔အတြက္ ငါးသားေပါက္မ်ိဳးမဖားကို ႏွစ္စဥ္စိုက္ထည့္ေပးလွ်က္ရွိရာ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြင္း (၂)လက္မအ႐ြယ္ ငါးသားေပါက္ေကာင္ေရ သိန္းေပါင္း (၁၁၀၀)ေက်ာ္ကို သဘာဝျမစ္ေခ်ာင္းမ်ားအတြင္း မ်ိဳးစိုက္ထည့္ေပးခဲ့ေၾကာင္း သိရသည္။

အလားတူ ငါးလုပ္ငန္းဦးစီးဌာန၏ ေရထြက္ ကုန္ပစၥည္းမ်ား ျပည္ပတင္ပို႔မႈက႑မွ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ (၇၈၆)သန္းေက်ာ္ ရရွိခဲ့ၿပီး လက္ရွိတြင္လည္း ေရေပၚေလွာင္အိမ္စနစ္ျဖင့္ ျမစ္၊ ေခ်ာင္း၊ ဆည္၊ ကန္ႏွင့္ သဘာဝေရျပင္က်ယ္မ်ားတြင္ ငါးေမြးျမဴျခင္းကို ေဒသေနျပည္သူမ်ား လက္ေတြ႕လုပ္ကိုင္နိုင္ေရးအတြက္ နည္းပညာႏွင့္ အကူအညီမ်ား ေဆာင္႐ြက္ေပးလ်က္ရွိသည္။

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီလက္ထက္တြင္ သားငါးက႑အတြက္အေရးပါသည့္ ေမြးျမဴေရး ဆိုင္ရာသုေတသနဦးစီးဌာန အသစ္တစ္ခုကို တိုးခ်ဲ့ဖြဲစည္းေပးခဲ့ၿပီး သုေတသနလုပ္ငန္းမ်ား ဖြံၿဖိဳးတိုး တက္ေစေရးႏွင့္ သုေတသနကို အေျခခံေသာ ငါးလုပ္ငန္း စီမံခန႔္ခြဲမႈ လုပ္ငန္းမ်ားထိေရာက္စြာ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္နိုင္ရန္ ရည္႐ြယ္၍ ငါးလုပ္ငန္းဦးစီးဌာနႏွင့္ တနသၤာရီတိုင္းေဒသႀကီး ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္တို႔အၾကား သုေတသနရန္ပုံေငြထူေထာင္ေရးစာခ်ဳပ္ ခ်ဳပ္ဆိုနိုင္ခဲ့ျခင္းသည္အစိုးရႏွင့္ ပုဂၢလိကလုပ္ငန္းရွင္တိုအၾကား ပထမဦးဆုံး အႀကိမ္ Public-Private-Partnership (PPP)ေဆာင္႐ြက္ နိုင္ခဲ့ျခင္းျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြဋ္ဦး က ယေန႕နံနက္ပိုင္းတြင္ ျပဳလုပ္သည့္ ငါးလုပ္ငန္းဦးစီးဌာန၏ ႏွစ္(၅၀)ျပည့္ ေ႐ႊရတုေန႕ ဂုဏ္ျပဳအခမ္းအနားတြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

#mhtnews