(၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးဥက္ကဋ္ဌ ကမ္ဘောဒီးယားဘုရင့် တပ်မတော် သုတေသနနှင့် ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Lieutenant General Hun Manith က အဖွင့် မိန့်ခွန်းပြောကြားသည်။ ထို့နောက် ဟန်ချက်ညီ လုံခြုံရေးအတွက် စည်းလုံးညီညွတ်မှုဟူသည့် ခေါင်း စဉ်အပေါ် အမြင်များအား နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးကြသည်။ ဆက်လက်၍ အာဆီယံထောက်လှမ်း ရေးအရာရှိငယ်များ အပြန်အလှန်ခရီးစဉ်ဖလှယ်ရေးဆိုင်ရာကိစ္စများ၊ အာဆီယံစစ်ဘက်ဆိုင်ရာ ထောက်လှမ်း ရေးအသိုက်အဝန်း တည်ထောင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ပူးတွဲထုတ်ပြန်ကြေညာ ချက်နှင့်ပတ်သက်၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေးဥက္ကဋ္ဌက အပိတ်မိန့်ခွန်းပြောကြားပြီး (၂၀)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်း အဝေးအား အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် အင်ဒိုနီးရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ထံသို့ ဥက္ကဋ္ဌတာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့သည်။
(၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးဥက္ကဋ္ဌ ကမ္ဘောဒီးယားဘုရင့် တပ်မတော်မှ Major General Pen Sokrethvithyeaက အဖွင့်မိန့် ခွန်းပြောကြားပြီး ယခုနှစ်အစည်းအဝေး၏ ဟန်ချက်ညီသော လုံခြုံရေးအတွက် စည်းလုံးညီညွတ်မှုအမြင်ခြင်းဖလှယ် ခေါင်းစဉ်အပေါ် အမြင်များအား နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးကြကာ အာဆီယံတပ်မတော်များ၏ ၂ နှစ်တာလုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၄) အား ဆွေးနွေးအတည်ပြုခြင်း အပါအဝင် အခြားကိစ္စ ရပ်များအား ဆွေးနွေးကြကြောင်း သိရသည်။
ယင်းနောက် (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေးဥက္ကဋ္ဌက အပိတ် မိန့်ခွန်းပြောကြားပြီး (၁၃) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေးအား အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် အင်ဒိုနီးရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ထံ သို့ ဥက္ကဋ္ဌတာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးများကို မြန်မာ့တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့မှ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
(Zawgyi)
“(၁၉) ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ေထာက္လွမ္းေရးမႉးခ်ဳပ္မ်ားအစည္းအေဝးႏွင့္ (၁၂) ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ားအစည္းအေဝးမ်ား က်င္းပ”
(၁၉) ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ေထာက္လွမ္းေရးမႉးခ်ဳပ္မ်ား အစည္းအေဝးႏွင့္ (၁၂) ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ား အစည္းအေဝးကို ယမန္ေန႕နံနက္ပိုင္းတြင္ ကေမၻာဒီးယားနိုင္ငံ၊ ဖေနာင္ပင္ၿမိဳ႕ရွိ အမ်ိဳးသားကာကြယ္ေရးဝန္ႀကီးဌာန အစည္းအေဝးခန္း၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
(၁၉) ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ေထာက္လွမ္းေရးမႉးခ်ဳပ္မ်ား အစည္းအေဝးဥကၠ႒ ကေမၻာဒီးယားဘုရင့္ တပ္မေတာ္ သုေတသနႏွင့္ ေထာက္လွမ္းေရးၫႊန္ၾကားေရးမႉးခ်ဳပ္ Lieutenant General Hun Manith က အဖြင့္ မိန႔္ခြန္းေျပာၾကားသည္။ ထို႔ေနာက္ ဟန္ခ်က္ညီ လုံၿခဳံေရးအတြက္ စည္းလုံးညီၫြတ္မႈဟူသည့္ ေခါင္း စဥ္အေပၚ အျမင္မ်ားအား နိုင္ငံအလိုက္ အလွည့္က်ေဆြးႏြေးၾကသည္။ ဆက္လက္၍ အာဆီယံေထာက္လွမ္း ေရးအရာရွိငယ္မ်ား အျပန္အလွန္ခရီးစဥ္ဖလွယ္ေရးဆိုင္ရာကိစၥမ်ား၊ အာဆီယံစစ္ဘက္ဆိုင္ရာ ေထာက္လွမ္း ေရးအသိုက္အဝန္း တည္ေထာင္ေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ေဆြးႏြေးျခင္း၊ ပူးတြဲထုတ္ျပန္ေၾကညာ ခ်က္ႏွင့္ပတ္သက္၍ ေဆြးႏြေးျခင္းမ်ား ေဆာင္႐ြက္ခဲ့ၾကသည္။
ယင္းေနာက္ (၁၉) ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ေထာက္လွမ္းေရးမႉးခ်ဳပ္မ်ားအစည္းအေဝးဥကၠ႒က အပိတ္မိန႔္ခြန္းေျပာၾကားၿပီး (၂၀)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ေထာက္လွမ္းေရးမႉးခ်ဳပ္မ်ား အစည္း အေဝးအား အလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူေဆာင္႐ြက္မည့္ အင္ဒိုနီးရွားတပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ ေခါင္းေဆာင္ထံသို႔ ဥကၠ႒တာဝန္မ်ားအား လႊဲေျပာင္းေပးအပ္ခဲ့သည္။
(၁၂) ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ား အစည္းအေဝးဥကၠ႒ ကေမၻာဒီးယားဘုရင့္ တပ္မေတာ္မွ Major General Pen Sokrethvithyeaက အဖြင့္မိန႔္ ခြန္းေျပာၾကားၿပီး ယခုႏွစ္အစည္းအေဝး၏ ဟန္ခ်က္ညီေသာ လုံၿခဳံေရးအတြက္ စည္းလုံးညီၫြတ္မႈအျမင္ျခင္းဖလွယ္ ေခါင္းစဥ္အေပၚ အျမင္မ်ားအား နိုင္ငံအလိုက္ အလွည့္က်ေဆြးႏြေးၾကကာ အာဆီယံတပ္မေတာ္မ်ား၏ ၂ ႏွစ္တာလုပ္ငန္းစီမံခ်က္ (၂၀၂၂-၂၀၂၄) အား ေဆြးႏြေးအတည္ျပဳျခင္း အပါအဝင္ အျခားကိစၥ ရပ္မ်ားအား ေဆြးႏြေးၾကေၾကာင္း သိရသည္။
ယင္းေနာက္ (၁၂) ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ားအစည္းအေဝးဥကၠ႒က အပိတ္ မိန႔္ခြန္းေျပာၾကားၿပီး (၁၃) ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ားအစည္းအေဝးအား အလွည့္က်ဥကၠ႒အျဖစ္တာဝန္ယူေဆာင္႐ြက္မည့္ အင္ဒိုနီးရွားတပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ ေခါင္းေဆာင္ထံ သို႔ ဥကၠ႒တာဝန္မ်ားအား လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ အစည္းအေဝးမ်ားကို ျမန္မာ့တပ္မေတာ္မွ ညွိႏွိုင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕မွ တက္ေရာက္ခဲ့ျခင္းျဖစ္သည္။
Recent Comments