“(၁၉) ကြိမ်မြောက်အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးနှင့် (၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးများသို့ တက်ရောက်ရန် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ”

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး(ACDFM-19)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စားတက်ရောက်ရန် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူး လေယာဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့သို့ ထွက်ခွာကြသည်။

အဆိုပါ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့တွင် (၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော်စစ်ဆင်ရေး မှူးချုပ်များ အစည်းအဝေးတက်ရောက်မည့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးသို့ တက်ရောက်မည့် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များပါဝင်ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့်တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့သို့ ဒေသစံတော်ချိန်နံနက် ၁၁ နာရီတွင် ရောက်ရှိကြရာ ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ဒုတိယစစ်ဦးစီး ချုပ်၊ သုတေသနနှင့် ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး Lieutenant General. Hann Sovann နှင့်တာဝန်ရှိသူများ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းဦး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် သူရလှမင်းနှင့် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(Zawgyi)

(၁၉) ႀကိမ္ေျမာက္အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအစည္းအေဝး (၁၂)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ား အစည္းအေဝးႏွင့္ (၁၉)ႀကိမ္ေျမာက္ အာဆီယံ တပ္မေတာ္ ေထာက္လွမ္းေရးမႉးခ်ဳပ္မ်ား အစည္းအေဝးမ်ားသို႔ တက္ေရာက္ရန္ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ ကေမၻာဒီးယားနိုင္ငံသို႔ ထြက္ခြာ”

ကေမၻာဒီးယားနိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ (၁၉)ႀကိမ္ေျမာက္ အာဆီယံ တပ္မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္မ်ား အစည္းအေဝး(ACDFM-19)သို႔ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ကိုယ္စားတက္ေရာက္ရန္ ညွိႏွိုင္းကြပ္ကဲေရးမႉး (ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး ဦးေဆာင္ေသာ ျမန္မာ့ တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕သည္ ယမန္ေန႕ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ေလဆိပ္မွ အထူး ေလယာဥ္ျဖင့္ ကေမၻာဒီးယားနိုင္ငံ၊ ဖေနာင္ပင္ၿမိဳ႕သို႔ ထြက္ခြာၾကသည္။

အဆိုပါ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕တြင္ (၁၂)ႀကိမ္ေျမာက္ အာဆီယံ တပ္မေတာ္စစ္ဆင္ေရး မႉးခ်ဳပ္မ်ား အစည္းအေဝးတက္ေရာက္မည့္ စစ္ဦးစီးအရာရွိခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းႏွင့္ အဖြဲ႕ဝင္မ်ား၊ (၁၉) ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ေထာက္လွမ္းေရးမႉးခ်ဳပ္မ်ား အစည္းအေဝးသို႔ တက္ေရာက္မည့္ တပ္မေတာ္စစ္ဘက္ေရးရာလုံၿခဳံေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ ႀကီး ရဲဝင္းဦးႏွင့္ အဖြဲ႕ဝင္မ်ားပါဝင္ၾကၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းထြန္းဦး၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ႏွင့္တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕သည္ ကေမၻာဒီးယားနိုင္ငံ၊ ဖေနာင္ပင္ၿမိဳ႕သို႔ ေဒသစံေတာ္ခ်ိန္နံနက္ ၁၁ နာရီတြင္ ေရာက္ရွိၾကရာ ကေမၻာဒီးယား ဘုရင့္တပ္မေတာ္ ဒုတိယစစ္ဦးစီး ခ်ဳပ္၊ သုေတသနႏွင့္ ေထာက္လွမ္းေရးဌာန ၫႊန္ၾကားေရးမႉး Lieutenant General. Hann Sovann ႏွင့္တာဝန္ရွိသူမ်ား ကေမၻာဒီးယားနိုင္ငံဆိုင္ရာ ျမန္မာနိုင္ငံသံအမတ္ႀကီး ဦးသစ္လင္းဦး၊ ျမန္မာစစ္သံ (ၾကည္း၊ ေရ၊ ေလ) ဗိုလ္မႉးခ်ဳပ္ သူရလွမင္းႏွင့္ ကေမၻာဒီးယားနိုင္ငံမွ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။