ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ (၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး၊ (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးနဲ့ (၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ ယမန်နေ့ (မတ်လ ၁၈ ရက်) ညနေပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်လေဆိပ်မှ နေပြည်တော်လေဆိပ်သို့ တပ်မတော် အထူးလေယာဉ်နဲ့ ပြန်လည်ထွက်ခွာကြတယ်လို့ သိရပါတယ်။
အဆိုပါ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ကို ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ ဒုတိယပူးတွဲစစ်ဦးစီးမှူးဖြစ်သူ Lt. Gen. Meas VANNA နဲ့ တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် သူရလှမင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ရှိသူများ က လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။
မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ ညနေ ၆ နာရီမှာ နေပြည်တော်၊ တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ တာဝန်ရှိသူများက လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။
#mhtnews
(Zawgyi)
(၁၉) ႀကိမ္ေျမာက္အာဆီယံတပ္မေတာ္ကာကြယ္ေရးဉီးစီးခ်ဳပ္မ်ားအစည္းအေဝး (၁၂)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ား အစည္းအေဝးႏွင့္ (၁၉)ႀကိမ္ေျမာက္အာဆီယံတပ္မေတာ္ေထာက္လွမ္းေရးမႉးခ်ဳပ္မ်ား အစည္းအေဝးမ်ားသို႔ တက္ေရာက္ခဲ့ၾကတဲ့ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ ကေမၻာဒီးယားနိုင္ငံ မွ ျပန္လည္ေရာက္ရွိ
ကေမၻာဒီးယားနိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့တဲ့ (၁၉)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အစည္းအေဝး၊(၁၂)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ား အစည္းအေဝးနဲ႕ (၁၉)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ေထာက္လွမ္းေရးမႉးခ်ဳပ္မ်ား အစည္းအေဝးမ်ားသို႔ တက္ေရာက္ခဲ့ၾကတဲ့ညွိႏွိုင္းကြပ္ကဲေရးမႉး (ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းနဲ႕ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး တို႔ဦးေဆာင္တဲ့ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ဟာ ယမန္ေန႕ (မတ္လ ၁၈ ရက္) ညေနပိုင္းက ကေမၻာဒီးယားနိုင္ငံ၊ ဖေနာင္ပင္ေလဆိပ္မွေနျပည္ေတာ္ေလဆိပ္သို႔ တပ္မေတာ္ အထူးေလယာဥ္နဲ႕ ျပန္လည္ထြက္ခြာၾကတယ္လို႔ သိရပါတယ္။
အဆိုပါ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ကို ကေမၻာဒီးယားဘုရင့္တပ္မေတာ္မွ ဒုတိယပူးတြဲစစ္ဦးစီးမႉးျဖစ္သူ Lt. Gen. Meas VANNA နဲ႕ တာဝန္ရွိသူမ်ား၊ ကေမၻာဒီးယားနိုင္ငံဆိုင္ရာ ျမန္မာနိုင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ ေလ) ဗိုလ္မႉးခ်ဳပ္ သူရလွမင္းနဲ႕ ကေမၻာဒီးယားနိုင္ငံမွ တာဝန္ရွိသူမ်ား က ေလဆိပ္သို႔ ပို႔ေဆာင္ႏႈတ္ဆက္ခဲ့ၾကပါတယ္။
ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ဟာ ညေန ၆ နာရီမွာ ေနျပည္ေတာ္၊ တပ္မေတာ္ေလဆိပ္သို႔ ျပန္လည္ေရာက္ရွိၾကရာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းထြန္းဦး၊ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္း၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးနဲ႕ တာဝန္ရွိသူမ်ားက ေလဆိပ္မွာ ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကတယ္လို႔ သိရပါတယ္။
#mhtnews
Recent Comments