(၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 12th ASEAN Military Operation Meeting (12th AMOM) ကို (၁၄.၃.၂၀၂၂)ရက်နေ့နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာရှိတဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီအစည်းအဝေးကို မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တတ်ရောက်ခဲ့ကြပြီး အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနိုင်ငံမှ Major General Pen Sokrethvithyea နှင့်ကိုယ်စားလှယ်အဖွဲ့များ၊ ဘရူနိုင်းနိုင်ငံမှ Brigadier General Haji Abdul Razak bin Haji Abdul Kadir နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အင်ဒိုနီးရှားနိုင်ငံမှ Major General Syaffrudin နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လာအိုနိုင်ငံမှ Brigadier General Sonethong Keolokham နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံမှ Major General Hashim bin Aman Shah နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဖိလစ်ပိုင်နိုင်ငံမှ Major General Alex S Rillera Pa နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ စင်္ကာပူနိုင်ငံမှ Brigadier General Ho Kum Luem နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ဗီယက်နမ်နိုင်ငံမှ Major General Nguyen Duc Can နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တတ်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

အစည်းအဝေးမှာ (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး (12th AMOM ) ဥက္ကဌ ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ Major General Pen Sokrethvithyea ကအဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး (၁၂)ကြိမ်မြောက်အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သော ဟန်ချက်ညီသောလုံခြုံရေးအတွက် စည်းလုံးညီညွတ်မှု (Solidarity for Harmonised Security) ခေါင်းစဉ်အပေါ် နိုင်ငံအလိုက် အမြင်များကို တတ်ရောက်လာသော နိုင်ငံကိုယ်စားပြု တပ်မတော် ခေါင်းဆောင်များမှ ဆွေးနွေးကာ အာဆီယံတပ်မတော်များ၏ ၂နှစ်တာ လုပ်ငန်းစီမံချက်(၂၀၂၂- ၂၀၂၄) အား ဆွေးနွေးအတည်ပြုခြင်းအပါအဝင် အခြားသောကိစ္စရပ်များအား ဆွေးနွေးခဲ့ကြ ကြောင်းသိရပါတယ်။

အဲ့ဒီနောက် (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးဥက္ကဌ က အပိတ်မိန့်ခွန်းပြောကြားပြီး (၁၃)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးကို အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် အင်ဒိုနီးရှားတပ်မတော် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ထံသို့ ဥက္ကဌတာဝန်များအား လွှဲပြောင်းပေးအပ်ပြီး အင်ဒိုနီးရှား တပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က လွှဲပြောင်းလက်ခံမှု မိန့်ခွန်းပြောကြားပြီး အစည်း အဝေးကိုအောင်မြင်စွာရုတ်သိမ်းခဲ့ကြတယ်လို့သိရပါတယ်။

#mhtnews

(Zawgyi)

“(၁၂)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ား အစည္းအေဝးသို႔ ျမန္မာ့တပ္မေတာ္မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းႏွင့္ ကိုယ္စားလွယ္ အဖြဲ႕ဝင္မ်ား တတ္ေရာက္”

(၁၂)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ား အစည္းအေဝး 12th ASEAN Military Operation Meeting (12th AMOM) ကို (၁၄.၃.၂၀၂၂)ရက္ေန႕နံနက္ပိုင္းက ကေမၻာဒီးယားနိုင္ငံ ဖႏြမ္းပင္ၿမိဳ႕မွာရွိတဲ့ အမ်ိဳးသားကာကြယ္ေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမမွာ က်င္းပ ျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္။

အဲ့ဒီအစည္းအေဝးကို ျမန္မာ့တပ္မေတာ္မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းႏွင့္ ကိုယ္စားလွယ္ အဖြဲ႕ဝင္မ်ား တတ္ေရာက္ခဲ့ၾကၿပီး အျခားအာဆီယံအဖြဲ႕ဝင္နိုင္ငံမ်ားျဖစ္ေသာ ကေမၻာဒီးယားနိုင္ငံမွ Major General Pen Sokrethvithyea ႏွင့္ကိုယ္စားလွယ္အဖြဲ႕မ်ား၊ ဘ႐ူနိုင္းနိုင္ငံမွ Brigadier General Haji Abdul Razak bin Haji Abdul Kadir ႏွင့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ား၊ အင္ဒိုနီးရွားနိုင္ငံမွ Major General Syaffrudin ႏွင့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ား၊ လာအိုနိုင္ငံမွ Brigadier General Sonethong Keolokham ႏွင့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ား၊ မေလးရွားနိုင္ငံမွ Major General Hashim bin Aman Shah ႏွင့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ား၊ ဖိလစ္ပိုင္နိုင္ငံမွ Major General Alex S Rillera Pa ႏွင့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ား၊ စကၤာပူနိုင္ငံမွ Brigadier General Ho Kum Luem ႏွင့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားႏွင့္ ဗီယက္နမ္နိုင္ငံမွ Major General Nguyen Duc Can ႏွင့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ား တတ္ေရာက္ခဲ့ၾကတယ္လို႔သိရပါတယ္။

အစည္းအေဝးမွာ (၁၂)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ား အစည္းအေဝး (12th AMOM ) ဥကၠဌ ကေမၻာဒီးယားဘုရင့္တပ္မေတာ္မွ Major General Pen Sokrethvithyea ကအဖြင့္မိန႔္ခြန္းေျပာၾကားခဲ့ၿပီး (၁၂)ႀကိမ္ေျမာက္အစည္းအေဝး၏ ေဆာင္ပုဒ္ျဖစ္ေသာ ဟန္ခ်က္ညီေသာလုံၿခဳံေရးအတြက္ စည္းလုံးညီၫြတ္မႈ (Solidarity for Harmonised Security) ေခါင္းစဥ္အေပၚ နိုင္ငံအလိုက္ အျမင္မ်ားကို တတ္ေရာက္လာေသာ နိုင္ငံကိုယ္စားျပဳ တပ္မေတာ္ ေခါင္းေဆာင္မ်ားမွ ေဆြးႏြေးကာ အာဆီယံတပ္မေတာ္မ်ား၏ ၂ႏွစ္တာ လုပ္ငန္းစီမံခ်က္(၂၀၂၂- ၂၀၂၄) အား ေဆြးႏြေးအတည္ျပဳျခင္းအပါအဝင္ အျခားေသာကိစၥရပ္မ်ားအား ေဆြးႏြေးခဲ့ၾက ေၾကာင္းသိရပါတယ္။

အဲ့ဒီေနာက္ (၁၂)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ား အစည္းအေဝးဥကၠဌ က အပိတ္မိန႔္ခြန္းေျပာၾကားၿပီး (၁၃)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ား အစည္းအေဝးကို အလွည့္က်ဥကၠဌအျဖစ္ တာဝန္ယူေဆာင္႐ြက္မည့္ အင္ဒိုနီးရွားတပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ထံသို႔ ဥကၠဌတာဝန္မ်ားအား လႊဲေျပာင္းေပးအပ္ၿပီး အင္ဒိုနီးရွား တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္က လႊဲေျပာင္းလက္ခံမႈ မိန႔္ခြန္းေျပာၾကားၿပီး အစည္း အေဝးကိုေအာင္ျမင္စြာ႐ုတ္သိမ္းခဲ့ၾကတယ္လို႔သိရပါတယ္။

#mhtnews