တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံမှ ဥပဒေစိုးမိုးရေးအာဏာပိုင်များက ၁၁၅ ကြိမ်မြောက် မဲခေါင်မြစ် အတွင်းပူးတွဲကင်းလှည့်ခြင်း စတင်ရန်အတွက် မတ် ၂၂ ရက်က တပ်ဖွဲများ ပါဝင်ချိတ်ဆက်ခဲ့ကြကြောင်း ဆင်ဟွာသတင်း၏ဖော်ပြမှုအရ သိရသည်။
အဆိုပါ စစ်ဆင်ရေးတွင် နိုင်ငံ ၄ နိုင်ငံမှ သင်္ဘောလေးစင်းပါဝင်ခဲ့ပြီး တရုတ်နိုင်ငံမှ သင်္ဘောနှစ်စင်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၊ Jingha ဆိပ်ကမ်းမှ မတ် ၂၂ ရက် နံနက် ၉ နာရီ၌ ထွက်ခွာသွားခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ပြည်သူ့လုံခြုံရေးဗျူရိုက ပြောကြားခဲ့သည်။
ကင်းလှည့်နေစဉ် လေးနိုင်ငံတိုသည် မြစ်ဝှမ်းတစ်လျှောက် ဘေးကင်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန် ထိတွေ့မှုမရှိစေဘဲ ဆောင်ရွက်ကာ နယ်စပ်ဖြတ်ကျော် မှုခင်းများ ချေမှုန်းရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံမှ ဥပဒေစိုးမိုးရေးအာဏာပိုင်များက ၁၁၅ ကြိမ်မြောက် မဲခေါင်မြစ် အတွင်းပူးတွဲကင်းလှည့်ခြင်း စတင်ရန်အတွက် မတ် ၂၂ ရက်က တပ်ဖွဲ့များ ပါဝင်ချိတ်ဆက်ခဲ့ကြကြောင်း ဆင်ဟွာသတင်း၏ဖော်ပြမှုအရ သိရသည်။
အဆိုပါ စစ်ဆင်ရေးတွင် နိုင်ငံ ၄ နိုင်ငံမှ သင်္ဘောလေးစင်းပါဝင်ခဲ့ပြီး တရုတ်နိုင်ငံမှ သင်္ဘောနှစ်စင်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၊ Jingha ဆိပ်ကမ်းမှ မတ် ၂၂ ရက် နံနက် ၉ နာရီ၌ ထွက်ခွာသွားခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ပြည်သူ့လုံခြုံရေးဗျူရိုက ပြောကြားခဲ့သည်။
ကင်းလှည့်နေစဉ် လေးနိုင်ငံတို့သည် မြစ်ဝှမ်းတစ်လျှောက် ဘေးကင်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန် ထိတွေ့မှုမရှိစေဘဲ ဆောင်ရွက်ကာ နယ်စပ်ဖြတ်ကျော် မှုခင်းများ ချေမှုန်းရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments