လာမည့်ဧပြီ ၁၇ ရက်မှစ၍ နိုင်ငံတကာလေကြောင်းခရီးစဉ်များကို သတ်မှတ်စည်းကမ်းများအတိုင်း ပြန်လည်ပြေးဆွဲမည်ဖြစ်သဖြင့် မိမိတို့ဌာနဝန်ထမ်းများကလည်း နိုင်ငံခြားခရီးသွားများ၏ လူဝင်မှုစစ်ဆေးရေးကို စနစ်တကျပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မှာကြားသည်။

ယနေ့ (မတ်လ ၂၁ ရက်) မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းတို့တွင် တာဝန်ထမ်းဆောင် နေကြသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံစဥ် မှာကြားပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းအင်အားအခြေအနေနှင့် ကွန်ပျူတာစက်ကိရိယာများ ကြံ့ခိုင်ကောင်းမွန်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကို ကြိုတင်မျှော်တွေးကာ လိုအပ်သည်များ ဖြည့်ဆည်းစီစဉ်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အပြင် ခရီးသည်များနှင့် ဆက်ဆံဆောင်ရွက်ရာတွင်လည်း ထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ယဉ်ကျေးပျူငှာစွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

#mhtnews

(Zawgyi)

“ဧၿပီ ၁၇ ရက္မွစ၍ နိုင္ငံတကာေလေၾကာင္းခရီးစဥ္မ်ား ျပန္လည္ေျပးဆြဲမည္ျဖစ္သျဖင့္ နိုင္ငံျခားခရီးသြားမ်ား၏ လူဝင္မႈစစ္ေဆးေရးကို စနစ္တက်ျပန္လည္ေဆာင္႐ြက္နိုင္ေရး ႀကိဳတင္ျပင္ဆင္ထားၾကရန္ လဝကဝန္ထမ္းမ်ားအား ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီမွာၾကား”

လာမည့္ဧၿပီ ၁၇ ရက္မွစ၍ နိုင္ငံတကာေလေၾကာင္းခရီးစဥ္မ်ားကို သတ္မွတ္စည္းကမ္းမ်ားအတိုင္း ျပန္လည္ေျပးဆြဲမည္ျဖစ္သျဖင့္ မိမိတို႔ဌာနဝန္ထမ္းမ်ားကလည္း နိုင္ငံျခားခရီးသြားမ်ား၏ လူဝင္မႈစစ္ေဆးေရးကို စနစ္တက်ျပန္လည္ေဆာင္႐ြက္နိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ထားၾကရန္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီက မွာၾကားသည္။

ယေန႕ (မတ္လ ၂၁ ရက္) မြန္းလြဲပိုင္းတြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ အစည္းအေဝးခန္းမ၌ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ ဆိပ္ကမ္းတို႔တြင္ တာဝန္ထမ္းေဆာင္ ေနၾကသည့္ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ ဝန္ထမ္းမ်ားႏွင့္ေတြ႕ဆုံစဥ္ မွာၾကားေျပာဆိုခဲ့ျခင္းျဖစ္သည္။

ဆက္လက္၍လည္း ျပည္ေထာင္စုဝန္ႀကီးက လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ ဝန္ထမ္းအင္အားအေျခအေနႏွင့္ ကြန္ပ်ဴတာစက္ကိရိယာမ်ား ႀကံ့ခိုင္ေကာင္းမြန္ေရး၊ က်န္းမာေရးဆိုင္ရာ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္နိုင္ေရးတို႔ကို ႀကိဳတင္ေမွ်ာ္ေတြးကာ လိုအပ္သည္မ်ား ျဖည့္ဆည္းစီစဥ္ေဆာင္႐ြက္ထားၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည့္အျပင္ ခရီးသည္မ်ားႏွင့္ ဆက္ဆံေဆာင္႐ြက္ရာတြင္လည္း ထိေရာက္ေသာ ဝန္ေဆာင္မႈေပးနိုင္ေရးအတြက္ ယဥ္ေက်းပ်ဴငွာစြာျဖင့္ ေဆာင္႐ြက္ၾကရန္ လိုအပ္ေၾကာင္းတို႔ကိုလည္း ထည့္သြင္းေျပာၾကားခဲ့သည္ဟု သိရသည္။

#mhtnews