ဧပြီ(၁)ရက်မှစ၍ မှတ်ပုံတင် စစ်ဆေးမည့် လုပ်ငန်းစဉ်သည် နိုင်ငံသားကတ်၏ အသုံးဝင်တန်ဖိုးကို သိရှိနားလည်ပြီး စနစ်တကျကိုင်ဆောင်ကြရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။

ယနေ့ပြုလုပ်တဲ့ မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ပေါင်းစပ်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီးက ဧပြီ(၁)ရက်ကပြီး စစ်ဆေးဆောင်ရွက်မယ့် မိဘပြည်သူများသို့ အသိပေးကြေညာထားတဲ့ နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးမယ့် လုပ်ငန်းစဉ်ဟာလည်း စနစ်တကျဆောင်ရွက်နိုင်ဖို့ အရေးကြီးကြောင်း၊ ယင်းလုပ်ငန်းစဉ်ရဲ့ ရည်ရွယ်ချက်မှာ နိုင်ငံသားအားလုံး နိုင်ငံသားကတ် (မှတ်ပုံတင်) ကိုင်ဆောင်နိုင်ရေးနဲ့ မရှိသေးသူများ မဖြစ်မနေဆောင်ရွက်နိုင်ရေးအတွက် ဖြစ်ကြောင်း၊ ရှိပြီးသူများအနေနဲ့ ပျောက်ဆုံး/ ပျက်စီးပါကလည်း ပြန်လည်လျှောက်ထား ရယူကြဖို့ဖြစ်ကြောင်း၊ နိုင်ငံသားကတ်ရဲ့ အသုံးဝင်တန်ဖိုးကို သိရှိနားလည်ပြီး စနစ်တကျကိုင်ဆောင်ကြဖို့ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သတ်မှတ်နေရာများ၌ နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးတဲ့အခါမှာလည်း လုပ်နည်းလုပ်ဟန် မှန်ကန်စေရေးအတွက် အလေးဂရုပြု ဆောင်ရွက်ကြဖို့နဲ့ ယခုလုပ်ငန်းစဉ်အပေါ် အများပြည်သူသိရှိနားလည်ကာ ရရှိပြီးတဲ့ ကတ်ပြားအပေါ် အလေးထား ကိုင်ဆောင်နိုင်ရေး မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ဆက်လက်ပြီးတော့လည်း ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနမှဆောင်ရွက်နေတဲ့ ပန်းခင်းစီမံချက်နဲ့ ဆက်စပ်ပြီး မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာန အဖွဲ့အစည်းများအားလုံးနဲ့ ညှိနှိုင်းပေါင်းစပ်ကာ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်က သုံးသပ်ကြံဆဆောင်ရွက်ကြဖို့လိုကြောင်းနဲ့ လုပ်ငန်းလိုအပ်ချက်များကိုလည်း အချိန်နဲ့တစ်ပြေးညီ တင်ပြဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းမှာကြားခဲ့တယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“ဧၿပီ(၁)ရက္ကစၿပီး မွတ္ပုံတင္ စစ္ေဆးမယ့္ လုပ္ငန္းစဥ္ဟာ နိုင္ငံသားကတ္ရဲ႕ အသုံးဝင္တန္ဖိုးကို သိရွိနားလည္ၿပီး စနစ္တက်ကိဳင္ေဆာင္ၾကဖို႔ ရည္႐ြယ္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီေျပာ”

ဧၿပီ(၁)ရက္မွစ၍ မွတ္ပုံတင္ စစ္ေဆးမည့္ လုပ္ငန္းစဥ္သည္ နိုင္ငံသားကတ္၏ အသုံးဝင္တန္ဖိုးကို သိရွိနားလည္ၿပီး စနစ္တက်ကိဳင္ေဆာင္ၾကရန္ ရည္႐ြယ္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီက ေျပာပါတယ္။

ယေန႕ျပဳလုပ္တဲ့ မဲဆႏၵရွင္စာရင္းမွန္ကန္ေရးအတြက္ ပန္းခင္းစီမံခ်က္ျဖင့္ ေပါင္းစပ္ေဆာင္႐ြက္ေရး ညွိႏွိုင္းအစည္းအေဝးမွာ ေျပာၾကားခဲ့တာပါ။

ျပည္ေထာင္စုဝန္ႀကီးက ဧၿပီ(၁)ရက္ကၿပီး စစ္ေဆးေဆာင္႐ြက္မယ့္ မိဘျပည္သူမ်ားသို႔ အသိေပးေၾကညာထားတဲ့ နိုင္ငံသားကတ္ (မွတ္ပုံတင္) စစ္ေဆးမယ့္ လုပ္ငန္းစဥ္ဟာလည္း စနစ္တက်ေဆာင္႐ြက္နိုင္ဖို႔ အေရးႀကီးေၾကာင္း၊ ယင္းလုပ္ငန္းစဥ္ရဲ႕ ရည္႐ြယ္ခ်က္မွာ နိုင္ငံသားအားလုံး နိုင္ငံသားကတ္ (မွတ္ပုံတင္) ကိုင္ေဆာင္နိုင္ေရးနဲ႕ မရွိေသးသူမ်ား မျဖစ္မေနေဆာင္႐ြက္နိုင္ေရးအတြက္ ျဖစ္ေၾကာင္း၊ ရွိၿပီးသူမ်ားအေနနဲ႕ ေပ်ာက္ဆုံး/ ပ်က္စီးပါကလည္း ျပန္လည္ေလွ်ာက္ထား ရယူၾကဖို႔ျဖစ္ေၾကာင္း၊ နိုင္ငံသားကတ္ရဲ႕ အသုံးဝင္တန္ဖိုးကို သိရွိနားလည္ၿပီး စနစ္တက်ကိဳင္ေဆာင္ၾကဖို႔ ရည္႐ြယ္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း၊ သတ္မွတ္ေနရာမ်ား၌ နိုင္ငံသားကတ္ (မွတ္ပုံတင္) စစ္ေဆးတဲ့အခါမွာလည္း လုပ္နည္းလုပ္ဟန္ မွန္ကန္ေစေရးအတြက္ အေလးဂ႐ုျပဳ ေဆာင္႐ြက္ၾကဖို႔နဲ႕ ယခုလုပ္ငန္းစဥ္အေပၚ အမ်ားျပည္သူသိရွိနားလည္ကာ ရရွိၿပီးတဲ့ ကတ္ျပားအေပၚ အေလးထား ကိုင္ေဆာင္နိုင္ေရး ေမွ်ာ္မွန္းေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့တာပါ။

ဆက္လက္ၿပီးေတာ့လည္း ျပည္ေထာင္စုဝန္ႀကီးက မိမိတို႔ဌာနမွေဆာင္႐ြက္ေနတဲ့ ပန္းခင္းစီမံခ်က္နဲ႕ ဆက္စပ္ၿပီး မဲစာရင္းမွန္ကန္စြာျပဳစုနိုင္ေရးအတြက္ ေဒသအာဏာပိုင္မ်ား၊ ဆက္စပ္ဌာန အဖြဲ႕အစည္းမ်ားအားလုံးနဲ႕ ညွိႏွိုင္းေပါင္းစပ္ကာ စနစ္တက် ေဆာင္႐ြက္နိုင္ေရးအတြက္ အဘက္ဘက္က သုံးသပ္ႀကံဆေဆာင္႐ြက္ၾကဖို႔လိုေၾကာင္းနဲ႕ လုပ္ငန္းလိုအပ္ခ်က္မ်ားကိုလည္း အခ်ိန္နဲ႕တစ္ေျပးညီ တင္ျပေဆာင္႐ြက္ၾကေစလိုေၾကာင္း ရွင္းလင္းမွာၾကားခဲ့တယ္လို႔ သိရပါတယ္။

#mhtnews