ဧပြီလကုန်အတွင်း တစ်နိုင်ငံလုံးကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးမှု ရာနှုန်းပြည့်ပြီးစီးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများလည်း အလုံအလောက် ရရှိပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ယမန်နေ့ကပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၃/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြားမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးက “မိမိတို့အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ၂၀၂၁ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ၅၀ ရာခိုင်နှုန်းထိုးနှံပြီးစီးရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၅၁ ရာခိုင်နှုန်းကျော်ထိုးနှံပြီးစီးခဲ့ကြောင်း၊ ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၇၀ ရာခိုင်နှုန်းကျော် ထိုးနှံပြီးဖြစ်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နနဲ့ ကယားပြည်နယ်တို့မှာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးတာကို တွေ့ရှိရကြောင်း၊ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ကာကွယ်ဆေးထိုးနှံဖို့အတွက် တာဝန်ပေးအပ်ခြင်းခံရတဲ့ တာဝန်ခံများ အနေနဲ့ ကာကွယ်ဆေးများ အပြည့်အဝထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း” ပြောကြားခဲ့တယ်လို့ သိရပါတယ်။
#mhtnews
(Zawgyi)
“ဧပြီလကုန်အတွင်း တစ်နိုင်ငံလုံးကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးမှု ရာနှုန်းပြည့်ပြီးစီးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများလည်း အလုံအလောက် ရရှိပြီးဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော”
#mhtnews
Recent Comments