ရုရှားနိုင်ငံအား ဥရောပကောင်စီ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ထုတ်ပယ်ရန် ဆောင်ရွက်မှုပြုလုပ်နေစဥ် နာရီပိုင်းအလို၌ အဆိုပါ ဥရောပကောင်စီမှ နုတ်ထွက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက မတ် ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နေတိုးအဖွဲ့နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ဥရောပကောင်စီတွင် နေရာအများစုရရှိထားခြင်းကို အသုံးချကာ ဥရောပကောင်စီအား ရုရှားဆန့်ကျင်ရေးကိရိယာအဖြစ် ပြောင်းလဲခဲ့ပြီး တန်းတူတွေ့ဆုံဆွေးနွေးရန်ငြင်းဆိုခဲ့ကြောင်းနှင့် လက်ရှိအခြေအနေအရ ရုရှားသည် ဥရောပကောင်စီတွင် အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိရန် အကြောင်းမရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် ရုရှားသည် အဆိုပါအဖွဲ့အစည်းမှ အဖွဲ့ဝင်နိုင်ငံများနှင့် အများဂရုပြုသည့် ကိစ္စရပ်များတွင် လက်တွေ့ကျပြီး တန်းတူညီတူ ပူးပေါင်းဆောင်ရွက်မှုကို တံခါးဖွင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ဥရောပကောင်စီအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ရုရှားနှုတ်ထွက်ခြင်းသည် ယင်းကောင်စီစတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ ကောင်စီကိုကျောခိုင်းသည့် ဒုတိယမြောက်နိုင်ငံဖြစ်လာခဲ့ကာ ဂရိနိုင်ငံက ပထမဆုံးနှုတ်ထွက်ခဲ့ဖူးသည့် နိုင်ငံဖြစ်သေည်လည်း နှုတ်ထွက်အပြီး ၅ နှစ်အကြာ၌ ပြန်လည်ဝင်ရောက်ခဲ့သည်။

#mhtnews

(Zawgyi)

“ဥေရာပေကာင္စီမွ ႐ုရွားႏႈတ္ထြက္၊ ၎ေကာင္စီမွႏႈတ္ထြက္သည့္ ဒုတိယေျမာက္နိုင္ငံျဖစ္လာ”

႐ုရွားနိုင္ငံအား ဥေရာပေကာင္စီ အဖြဲ႕ဝင္နိုင္ငံအျဖစ္မွ ထုတ္ပယ္ရန္ ေဆာင္႐ြက္မႈျပဳလုပ္ေနစဥ္ နာရီပိုင္းအလို၌ အဆိုပါ ဥေရာပေကာင္စီမွ ႏုတ္ထြက္ေၾကာင္း ႐ုရွားနိုင္ငံျခားေရးဝန္ႀကီးက မတ္ ၁၅ ရက္တြင္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။

ေနတိုးအဖြဲ႕ႏွင့္ အီးယူအဖြဲ႕ဝင္နိုင္ငံမ်ားသည္ ၎တို႔၏ဥေရာပေကာင္စီတြင္ ေနရာအမ်ားစုရရွိထားျခင္းကို အသုံးခ်ကာ ဥေရာပေကာင္စီအား ႐ုရွားဆန႔္က်င္ေရးကိရိယာအျဖစ္ ေျပာင္းလဲခဲ့ၿပီး တန္းတူေတြ႕ဆုံေဆြးႏြေးရန္ျငင္းဆိုခဲ့ေၾကာင္းႏွင့္ လက္ရွိအေျခအေနအရ ႐ုရွားသည္ ဥေရာပေကာင္စီတြင္ အဖြဲ႕ဝင္အျဖစ္ ဆက္လက္တည္ရွိရန္ အေၾကာင္းမရွိေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

တစ္ခ်ိန္တည္းမွာပင္ ႐ုရွားသည္ အဆိုပါအဖြဲ႕အစည္းမွ အဖြဲ႕ဝင္နိုင္ငံမ်ားႏွင့္ အမ်ားဂ႐ုျပဳသည့္ ကိစၥရပ္မ်ားတြင္ လက္ေတြ႕က်ၿပီး တန္းတူညီတူ ပူးေပါင္းေဆာင္႐ြက္မႈကို တံခါးဖြင့္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ယခုကဲ့သို႔ ဥေရာပေကာင္စီအဖြဲ႕ဝင္နိုင္ငံအျဖစ္မွ ႐ုရွားႏႈတ္ထြက္ျခင္းသည္ ယင္းေကာင္စီစတင္ဖြဲ႕စည္းခဲ့ခ်ိန္မွစ၍ ေကာင္စီကိုေက်ာခိုင္းသည့္ ဒုတိယေျမာက္နိုင္ငံျဖစ္လာခဲ့ကာ ဂရိနိုင္ငံက ပထမဆုံးႏႈတ္ထြက္ခဲ့ဖူးသည့္ နိုင္ငံျဖစ္ေသည္လည္း ႏႈတ္ထြက္အၿပီး ၅ ႏွစ္အၾကာ၌ ျပန္လည္ဝင္ေရာက္ခဲ့သည္။

#mhtnews