အိန္ဒိယနိုင်ငံမှ ဒုံးကျည်တစ်စင်းကို မတ်လ ၉ ရက်နေ့တွင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်နေစဉ်အတွင်း နည်းပညာဆိုင်ရာချွတ်ယွင်းမှုကြောင့် ဒုံးကျည်ထွက်သွားခဲ့ကာ ပါကစ္စတန်နိုင်ငံအတွင်းသို မတော်တဆ ကျရောက်ခဲ့သည့်ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါဒုံးကျည်သည် အသံထက် ၃ ဆခန့်မြန်ဆန်သောနှုန်းဖြင့် အမြင့်ပေ ၄ သောင်းခန့်မှ ပျံသန်းလာကာ ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘဒ်မြိုမှ ကီလိုမီတာ ၅၀၀ ခန့်အကွာရှိ မီယန်ချနူမြိုအနီးတွင် ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်တာဝန်ရှိသူများကပြောသည်။
ယင်းဒုံးကျည်တွင် တိုက်ခိုက်ရေးထိပ်ဖူးတပ်မထားသဖြင့် ပေါက်ကွဲမှုမဖြစ်ပွားခဲ့သလို လူသေဆုံးမှု နှင့် အခြားထိခိုက်ပျက်စီးမှုလည်း မရှိခဲ့သည့်အတွက် ပြဿနာမှာ ပြီးစီးသွားခဲ့ကြောင်းသိရသည်။
#mhtnews
(Zawgyi)
“အိန္ဒိယမှ ဒုံးကျည်တစ်စင်း ပြုပြင်ထိန်းသိမ်းမှုပြုလုပ်စဉ် နည်းပညာပိုင်းချွတ်ယွင်းမှုကြောင့် ထွက်သွားခဲ့ပြီး ပါကစ္စတန်နိုင်ငံအတွင်းသို့ မတော်တဆကျရောက်မှုဖြစ်ပွား”
အိန္ဒိယနိုင်ငံမှ ဒုံးကျည်တစ်စင်းကို မတ်လ ၉ ရက်နေ့တွင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်နေစဉ်အတွင်း နည်းပညာဆိုင်ရာချွတ်ယွင်းမှုကြောင့် ဒုံးကျည်ထွက်သွားခဲ့ကာ ပါကစ္စတန်နိုင်ငံအတွင်းသို့ မတော်တဆ ကျရောက်ခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
#mhtnews
Recent Comments