“အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်တင်ပိုမှု ယခုဘဏ္ဍာနှစ်၌ သိသိသာသာမြင့်တက်ခဲ့”

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း အိန္ဒိယနိုင်ငံ၏ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်တင်ပိုမှုသည် ယခု ဘဏ္ဍာနှစ် (၂၀၂၁ ခုနှစ် ဧပြီလမှစတင် သည့် ဘဏ္ဍာနှစ်)၏ ပထမ ၁၀ လတာကာလအတွင်း ၂၃ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း အိန္ဒိယစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မတ် ၇ ရက်တွင် ပြောကြားသည်။

အိန္ဒိယနိုင်ငံ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်တင်ပိုမှု ဖွံဖြိုး တိုးတက်ရေးအာဏာပိုင်အဖွဲ၏ ထွက်ကုန်များတင်ပိုမှုသည် ၂၀၂၀-၂၀၂၁ ခုနှစ် ဧပြီလ မှ ဇန်နဝါရီလအတွင်းက အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၉ ဘီလီယံရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ ခုနှစ် အဆိုပါကာလအတွင်း အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၇ ဘီလီယံ အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သိုဖြစ်သဖြင့် ယခုဘဏ္ဍာနှစ်တစ်နှစ်တာ ကာလအတွက် အိန္ဒိယနိုင်ငံ၏လယ်ယာ ထွက်ကုန်နှင့် ပြုပြင်ပြီးစားသောက်ကုန် တင်ပိုမှုသည် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၇ ဘီလီယံအထိရှိလာမည်ဟု မျှော်လင့်ထားကြောင်း အိန္ဒိယစီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။
#mhtnews

(Zawgyi)
“အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်တင်ပို့မှု ယခုဘဏ္ဍာနှစ်၌ သိသိသာသာမြင့်တက်ခဲ့”

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း အိန္ဒိယနိုင်ငံ၏ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်တင်ပို့မှုသည် ယခု ဘဏ္ဍာနှစ် (၂၀၂၁ ခုနှစ် ဧပြီလမှစတင် သည့် ဘဏ္ဍာနှစ်)၏ ပထမ ၁၀ လတာကာလအတွင်း ၂၃ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း အိန္ဒိယစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မတ် ၇ ရက်တွင် ပြောကြားသည်။

အိန္ဒိယနိုင်ငံ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်တင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေးအာဏာပိုင်အဖွဲ့၏ ထွက်ကုန်များတင်ပို့မှုသည် ၂၀၂၀-၂၀၂၁ ခုနှစ် ဧပြီလ မှ ဇန်နဝါရီလအတွင်းက အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၉ ဘီလီယံရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ ခုနှစ် အဆိုပါကာလအတွင်း အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၇ ဘီလီယံ အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်သဖြင့် ယခုဘဏ္ဍာနှစ်တစ်နှစ်တာ ကာလအတွက် အိန္ဒိယနိုင်ငံ၏လယ်ယာ ထွက်ကုန်နှင့် ပြုပြင်ပြီးစားသောက်ကုန် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၇ ဘီလီယံအထိရှိလာမည်ဟု မျှော်လင့်ထားကြောင်း အိန္ဒိယစီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။
#mhtnews