အိန္ဒိယနိုင်ငံက ရုရှာနိုင်ငံထံမှ မီးသင့်ကျောက်မီးသွေး (coking coal) တင်သွင်းမှုပမာဏကို ယခုထက် တစ်ဆထပ်တိုး၍ တင်သွင်းသွားမည်ဖြစ်ကြောင်း အိန္ဒိယသံ၊ သံမဏိကဏ္ဍဝန်ကြီးဌာန ဝန်ကြီး Ramchandra Prasad Singh က မတ်၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းက ဖော်ပြသည်။

Ramchandra Prasad Singh က မြို့တော်နယူးဒေလီရှိ အစည်းအဝေးတစ်ခုတွင် အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။

အိန္ဒိယသည် ရုရှားကုန်စည်များ၏အဓိကဝယ်လက်ဖြစ်ရာ ယင်းတို့ထဲတွင် စစ်လက်နက်ပစ္စည်းများလည်း ပါဝင်ပြီး ရုရုားသည် အိန္ဒိယလိုအပ်သည့် သံ၊ သံမဏိလုပ်ငန်း၏ အဓိကကုန်ကြမ်းပစ္စည်းဖြစ်သော မီးသင့်ကျောက်မီးသွေးနှင့် လျှပ်စစ်ဓါတ်အားသုံး ကျောက်မီးသွေး တင်ပို့သည့် ဆဋ္ဌမမြောက်အကြီးဆုံးနိုင်ငံဖြစ်သည်။

ယခုလတွင် ကြိုတင်မှာယူထားသော အိန္ဒိယဆိပ်ကမ်းအသီးသီးသို့ ပို့ဆောင်မည့် မီးသင့်ကျောက်မီးသွေးနှင့် လျှပ်စစ်ဓါတ်အားသုံး ကျောက်မီးသွေးပမာဏသည် အနည်းဆုံး တန်ချိန် ၁.၀၆ သန်းရှိရာ ၎င်းမှာ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း ပြင်သစ်အတိုင်ပင်ခံကုမ္ပဏီ KEPLER၏ကိန်းဂဏန်းများကို ကိုးကား၍ ရိုက်တာက ဖော်ပြထားသည်။

#mhtnews

(Zawgyi)

“အိႏၵိယနိုင္ငံက ႐ုရွားထံမွ ေက်ာက္မီးေသြးတင္သြင္းမႈ ယခုထက္ တစ္ဆတိုး၍ တင္သြင္းရန္စီစဥ္ေန”

အိႏၵိယနိုင္ငံက ႐ုရွာနိုင္ငံထံမွ မီးသင့္ေက်ာက္မီးေသြး (coking coal) တင္သြင္းမႈပမာဏကို ယခုထက္ တစ္ဆထပ္တိုး၍ တင္သြင္းသြားမည္ျဖစ္ေၾကာင္း အိႏၵိယသံ၊ သံမဏိက႑ဝန္ႀကီးဌာန ဝန္ႀကီး Ramchandra Prasad Singh က မတ္၂၇ ရက္တြင္ ေျပာၾကားခဲ့သည္ဟု ဆင္ဟြာသတင္းက ေဖာ္ျပသည္။

Ramchandra Prasad Singh က ၿမိဳ႕ေတာ္နယူးေဒလီရွိ အစည္းအေဝးတစ္ခုတြင္ အထက္ပါအတိုင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

အိႏၵိယသည္ ႐ုရွားကုန္စည္မ်ား၏အဓိကဝယ္လက္ျဖစ္ရာ ယင္းတို႔ထဲတြင္ စစ္လက္နက္ပစၥည္းမ်ားလည္း ပါဝင္ၿပီး ႐ု႐ုားသည္ အိႏၵိယလိုအပ္သည့္ သံ၊ သံမဏိလုပ္ငန္း၏ အဓိကကုန္ၾကမ္းပစၥည္းျဖစ္ေသာ မီးသင့္ေက်ာက္မီးေသြးႏွင့္ လွ်ပ္စစ္ဓါတ္အားသုံး ေက်ာက္မီးေသြး တင္ပို႔သည့္ ဆ႒မေျမာက္အႀကီးဆုံးနိုင္ငံျဖစ္သည္။

ယခုလတြင္ ႀကိဳတင္မွာယူထားေသာ အိႏၵိယဆိပ္ကမ္းအသီးသီးသို႔ ပို႔ေဆာင္မည့္ မီးသင့္ေက်ာက္မီးေသြးႏွင့္ လွ်ပ္စစ္ဓါတ္အားသုံး ေက်ာက္မီးေသြးပမာဏသည္ အနည္းဆုံး တန္ခ်ိန္ ၁.၀၆ သန္းရွိရာ ၎မွာ ၂၀၂၀ျပည့္ႏွစ္ ဇန္နဝါရီလေနာက္ပိုင္း အျမင့္ဆုံးျဖစ္ေၾကာင္း ျပင္သစ္အတိုင္ပင္ခံကုမၸဏီ KEPLER၏ကိန္းဂဏန္းမ်ားကို ကိုးကား၍ ရိုက္တာက ေဖာ္ျပထားသည္။

#mhtnews