အာဖဂန်၏ ပိုင်ဆိုင်မှုများကို အမေရိကန်က ထိန်းချုပ်ထားခြင်းနှင့်ပတ်သက်ပြီး ပြည်သူများ၏ အကျပ်အတည်း ဓာတ်ပုံပြခန်းမှတစ်ဆင့် အာဖဂန်ပြည်သူများက ဆန္ဒပြခဲ့ကြတယ်လို နိုင်ငံတကာသတင်းများအရ သိရပါတယ်။
“ကျွန်တော်တို ဓာတ်ပုံပြခန်းရဲ့ ရည်ရွယ်ချက်ကတော့ ဖိနှိပ်ချုပ်ခြယ်ခံရတဲ့ အာဖဂန်ပြည်သူများရဲ့ အကျပ်အတည်းကို ကမ္ဘာ့အသိုင်းအဝိုင်းထံ ခင်းကျင်းပြသဖိုနဲ့ အမေရိကန်ကထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်ရဲ့ ပိုင်ဆိုင်မှုတွေ ပြန်ပေးရေး အကူအညီပေးဖို ကမ္ဘာ့အသိုင်းအဝိုင်းကို တိုက်တွန်းဖိုပဲ ဖြစ်ပါတယ်” လို အာဖဂန် ဓာတ်ပုံဆရာ Zirak Malyar က ဆင်ဟွာသတင်းဌာနကို ပြောခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံနဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ စီးပွားရေးဒုက္ခတွေကို “ဆင်းရဲနွမ်းပါးမှုနှင့် မျှော်လင့်ချက်” ဆိုတဲ့ခေါင်းစဥ်နဲ့ ဓာတ်ပုံပေါင်းများစွာပါဝင်တဲ့ ဓာတ်ပုံပြပွဲမှတစ်ဆင့် ဖော်ပြခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံအနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံ ဗဟိုဘဏ်ကပိုင်တဲ့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါး ထိန်းချုပ်ထားတာကိုပြန်ပေးဖို အာဖဂန်ပြည်သူများက တောင်းဆိုခဲ့ကြတာပါ။
လွန်ခဲ့တဲ့ ဩဂုတ်လက အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်နိုင်ငံဦးဆောင်တဲ့ တပ်ဖွဲဝင်တွေ နောက်ဆုတ်သွားတဲ့အခါ တာလီဘန်က တိုင်းပြည်အာဏာကို လွှပြောင်းရယူပြီးနောက် အမေရိကန်က အာဖဂန်ရဲ့ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်တဲ့အတွက် စစ်မက်ဒဏ်ခံရလို ချွတ်ခြုံကျနေတဲ့ နိုင်ငံ့စီးပွားရေးဟာ ပိုမိုဆိုးရွားလာခဲ့တယ်လို ဆိုပါတယ်။
အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်က ထိန်းချုပ်ထားတဲ့ ငွေကြေးများရဲ့ ဒေါ်လာ ၃.၅ ဘီလီယံကို ၉/၁၁ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများရဲ့ မိသားစုဝင်များအား ခွဲဝေခြင်းနဲ့ နောက်ထပ် ဒေါ်လာ ၃.၅ ဘီလီယံကိုတော့ အာဖဂန်နစ္စတန်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ခြင်း ဆောင်ရွက်မယ့် အမိန့်ဒီဂရီတစ်ရပ်ကို ဖေဖော်ဝါရီလ က ထုတ်ပြန်ခဲ့ပြီး အဲဒီဆုံးဖြတ်ချက်ကို အာဖဂန်နစ္စတန်နိုင်ငံက ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့ လူဦးရေ ၃၅ သန်းအနက် ၂၂ သန်းကျော်ဟာ အစားအစာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး အကယ်၍ အကူအညီမရရှိခဲ့ပါက လူသားချင်းစာနာထောက်ထားမှုကပ်ဘေးနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို အကူအညီပေးရေး အေဂျင်စီများရဲ့ အစီရင်ခံစာများအရ သိရပါတယ်။
#mhtnews
(Zawgyi)
“အာဖဂန်၏ ပိုင်ဆိုင်မှုများကို အမေရိကန်က ထိန်းချုပ်ထားခြင်းနှင့်ပတ်သက်၍ ပြည်သူများ၏ အကျပ်အတည်း ဓာတ်ပုံပြခန်းမှတစ်ဆင့် အာဖဂန်ပြည်သူများ ဆန္ဒပြ”
အာဖဂန်၏ ပိုင်ဆိုင်မှုများကို အမေရိကန်က ထိန်းချုပ်ထားခြင်းနှင့်ပတ်သက်ပြီး ပြည်သူများ၏ အကျပ်အတည်း ဓာတ်ပုံပြခန်းမှတစ်ဆင့် အာဖဂန်ပြည်သူများက ဆန္ဒပြခဲ့ကြတယ်လို့ နိုင်ငံတကာသတင်းများအရ သိရပါတယ်။
ကျွန်တော်တို့ ဓာတ်ပုံပြခန်းရဲ့ ရည်ရွယ်ချက်ကတော့ ဖိနှိပ်ချုပ်ခြယ်ခံရတဲ့ အာဖဂန်ပြည်သူများရဲ့ အကျပ်အတည်းကို ကမ္ဘာ့အသိုင်းအဝိုင်းထံ ခင်းကျင်းပြသဖို့နဲ့ အမေရိကန်ကထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်ရဲ့ ပိုင်ဆိုင်မှုတွေ ပြန်ပေးရေး အကူအညီပေးဖို့ ကမ္ဘာ့အသိုင်းအဝိုင်းကို တိုက်တွန်းဖို့ပဲ ဖြစ်ပါတယ် လို့ အာဖဂန် ဓာတ်ပုံဆရာ Zirak Malyar က ဆင်ဟွာသတင်းဌာနကို ပြောခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံနဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ စီးပွားရေးဒုက္ခတွေကို ဆင်းရဲနွမ်းပါးမှုနှင့် မျှော်လင့်ချက် ဆိုတဲ့ခေါင်းစဉ်နဲ့ ဓာတ်ပုံပေါင်းများစွာပါဝင်တဲ့ ဓာတ်ပုံပြပွဲမှတစ်ဆင့် ဖော်ပြခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံအနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံ ဗဟိုဘဏ်ကပိုင်တဲ့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါး ထိန်းချုပ်ထားတာကိုပြန်ပေးဖို့ အာဖဂန်ပြည်သူများက တောင်းဆိုခဲ့ကြတာပါ။
လွန်ခဲ့တဲ့ ဩဂုတ်လက အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်နိုင်ငံဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေ နောက်ဆုတ်သွားတဲ့အခါ တာလီဘန်က တိုင်းပြည်အာဏာကို လွှဲပြောင်းရယူပြီးနောက် အမေရိကန်က အာဖဂန်ရဲ့ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်တဲ့အတွက် စစ်မက်ဒဏ်ခံရလို့ ချွတ်ခြုံကျနေတဲ့ နိုင်ငံ့စီးပွားရေးဟာ ပိုမိုဆိုးရွားလာခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံသမ္မတ ဂျိးဘိုင်ဒန်က ထိန်းချုပ်ထားတဲ့ ငွေကြေးများရဲ့ ဒေါ်လာ ၃.၅ ဘီလီယံကို ၉/၁၁ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများရဲ့ မိသားစုဝင်များအား ခွဲဝေခြင်းနဲ့ နောက်ထပ် ဒေါ်လာ ၃.၅ ဘီလီယံကိုတော့ အာဖဂန်နစ္စတန်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ခြင်း ဆောင်ရွက်မယ့် အမိန့်ဒီဂရီတစ်ရပ်ကို ဖေဖော်ဝါရီလ က ထုတ်ပြန်ခဲ့ပြီး အဲဒီဆုံးဖြတ်ချက်ကို အာဖဂန်နစ္စတန်နိုင်ငံက ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့ လူဦးရေ ၃၅ သန်းအနက် ၂၂ သန်းကျော်ဟာ အစားအစာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး အကယ်၍ အကူအညီမရရှိခဲ့ပါက လူသားချင်းစာနာထောက်ထားမှုကပ်ဘေးနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ အကူအညီပေးရေး အေဂျင်စီများရဲ့ အစီရင်ခံစာများအရ သိရပါတယ်။
#mhtnews
Recent Comments