အာဆီယံ-အမေရိကန် အစည်းအဝေးကို တရုတ်နိုင်ငံက ဖိအားပေးလို့ ကမ္ဘောဒီးယားနိုင်ငံက ဖျက်သိမ်းလိုက်တာဖြစ်ကြောင်း ဆန်းစစ်လေ့လာသူတချို့က ပြောဆိိုလိုက်ပြီးတဲ့နောက်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က “အာဆီယံ-အမေရိကန် အထူးအစည်းအဝေး ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တာဟာ အစီအစဉ်အငြင်းပွားမှုကြောင့်ဖြစ်တယ်”လို့ ပြောဆိုရှင်းလင်းလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ၊ ပရေးဗန်မြို့မှာ ယနေ့ မတ်လ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ SOS children’s village လို့ခေါ်တဲ့ INGO အဖွဲ့တစ်ဖွဲ့ ဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားရင်း ထည့်သွင်းပြောဆိုခဲ့တာပါ။
“အာဆီယံအလှည့်ကျဥက္ကဋ္ဌက အာဆီယံ-အမေရိကန် အထူးအစည်းအဝေးကို မတက်ရောက်ဘူးဆိုလို့ အထင်မလွဲလိုက်ကြပါနဲ့ဦး။ အစည်းအဝေးက အစီအစဉ်အငြင်းပွားမှုကြောင့် ယာယီရွှေ့ဆိုင်းလိုက်တာပါ။ အမေရိကန်ဘက်က အဆိုပြုထားတဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂၈/ ၂၉ ရက်နေ့တွေမှာ အာဆီယံအဖွဲ့ဝင်လေးနိုင်ငံ က အစည်းအဝေးမတက်ရောက်နိုင်ပါဘူး။ ဒါပေမဲ့ အာဆီယံအဖွဲ့က အဆိုပြုထားတဲ့ မတ်လ ၂၆/ ၂၇ ရက်နေ့ တွေမှာကျင်းပဖို့ကျတော့လည်း အမေရိကန်က အဲဒီရက်တွေမှာ မတက်ရောက်နိုင်ဘူးလို့ပြောပါတယ်။” လို့ ဝန်ကြီးချုပ်ဟွန်ဆန်ကရှင်းပြပြီး အဲဒီလိုအခြေအနေတွေကြောင့် အစည်းအဝေးကို ရက်ရွှေ့ဆိုင်းလိုက်တာဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။
ဒါ့အပြင် ဟွန်ဆန်က “အစည်းအဝေးကျင်းပမယ့်ရက် သတ်မှတ်ဖို့က ပေါင်းစပ်ညှိနှိုင်းရေးမှူးတာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ တာဝန်ဖြစ်ပါတယ်။ အာဆီယံဥက္ကဋ္ဌက အဲဒီအစည်းအဝေးကျင်းပမယ့်ရက် သတ်မှတ်ပိုင်ခွင့်မရှိပါဘူး။” လို့လည်း ပြောဆိုခဲ့သေးတယ်လို့ သိရပါတယ်။
#mhtnews
(Zawgyi)
“အာဆီယံ-အေမရိကန္ အထူးအစည္းအေဝး က်င္းပမယ့္ရက္ကို ေ႐ႊ႕ဆိုင္းလိုက္တာဟာ အစီအစဥ္အျငင္းပြားမႈေၾကာင့္ျဖစ္ေၾကာင္း အလွည့္က်ဥကၠ႒ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ ေျပာ”
အာဆီယံ-အေမရိကန္ အစည္းအေဝးကို တ႐ုတ္နိုင္ငံက ဖိအားေပးလို႔ ကေမၻာဒီးယားနိုင္ငံက ဖ်က္သိမ္းလိုက္တာျဖစ္ေၾကာင္း ဆန္းစစ္ေလ့လာသူတခ်ိဳ႕က ေျပာဆိိုလိုက္ၿပီးတဲ့ေနာက္မွာ အာဆီယံအလွည့္က်ဥကၠ႒ျဖစ္တဲ့ ကေမၻာဒီးယား ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က “အာဆီယံ-အေမရိကန္ အထူးအစည္းအေဝး က်င္းပမယ့္ရက္ကို ေ႐ႊ႕ဆိုင္းလိုက္တာဟာ အစီအစဥ္အျငင္းပြားမႈေၾကာင့္ျဖစ္တယ္”လို႔ ေျပာဆိုရွင္းလင္းလိုက္ပါတယ္။
ကေမၻာဒီးယားနိုင္ငံ၊ ပေရးဗန္ၿမိဳ႕မွာ ယေန႕ မတ္လ ၁၇ ရက္ေန႕က က်င္းပခဲ့တဲ့ SOS childrens village လို႔ေခၚတဲ့ INGO အဖြဲ႕တစ္ဖြဲ႕ ဖြင့္ပြဲအခမ္းအနားမွာ မိန႔္ခြန္းေျပာၾကားရင္း ထည့္သြင္းေျပာဆိုခဲ့တာပါ။
အာဆီယံအလွည့္က်ဥကၠ႒က အာဆီယံ-အေမရိကန္ အထူးအစည္းအေဝးကို မတက္ေရာက္ဘူးဆိုလို႔ အထင္မလြဲလိုက္ၾကပါနဲ႕ဦး။ အစည္းအေဝးက အစီအစဥ္အျငင္းပြားမႈေၾကာင့္ ယာယီေ႐ႊ႕ဆိုင္းလိုက္တာပါ။ အေမရိကန္ဘက္က အဆိုျပဳထားတဲ့ ၂၀၂၂ ခုႏွစ္ မတ္လ ၂၈/ ၂၉ ရက္ေန႕ေတြမွာ အာဆီယံအဖြဲ႕ဝင္ေလးနိုင္ငံ က အစည္းအေဝးမတက္ေရာက္နိုင္ပါဘူး။ ဒါေပမဲ့ အာဆီယံအဖြဲ႕က အဆိုျပဳထားတဲ့ မတ္လ ၂၆/ ၂၇ ရက္ေန႕ ေတြမွာက်င္းပဖို႔က်ေတာ့လည္း အေမရိကန္က အဲဒီရက္ေတြမွာ မတက္ေရာက္နိုင္ဘူးလို႔ေျပာပါတယ္။ လို႔ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကရွင္းျပၿပီး အဲဒီလိုအေျခအေနေတြေၾကာင့္ အစည္းအေဝးကို ရက္ေ႐ႊ႕ဆိုင္းလိုက္တာျဖစ္တဲ့အေၾကာင္း ေျပာဆိုခဲ့တာပါ။
ဒါ့အျပင္ ဟြန္ဆန္က အစည္းအေဝးက်င္းပမယ့္ရက္ သတ္မွတ္ဖို႔က ေပါင္းစပ္ညွိႏွိုင္းေရးမႉးတာဝန္ယူထားတဲ့ အင္ဒိုနီးရွားနိုင္ငံရဲ႕ တာဝန္ျဖစ္ပါတယ္။ အာဆီယံဥကၠ႒က အဲဒီအစည္းအေဝးက်င္းပမယ့္ရက္ သတ္မွတ္ပိုင္ခြင့္မရွိပါဘူး။ လို႔လည္း ေျပာဆိုခဲ့ေသးတယ္လို႔ သိရပါတယ္။
#mhtnews
Recent Comments