အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ခေါင်းဆောင်များအကြား မတ် ၂၈ ရက်နှင့် ၂၉ ရက်တိုတွင် သတ်မှတ်ထားသည့် ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sounry က ယနေ့ (မတ်လ ၁၀ ရက်)တွင် တယ်လီဂရမ်မှတစ်ဆင့် ထုတ်ပြန် ပြောကြားခဲ့သည်။
အာဆီယံနှင့် အမေရိကန်တိုက အဆိုပြုထားသည့်ရက်များမှာ ခေါင်းဆောင်များအတွက် များပြားလှသည့် သက်ဆိုင်ရာအလုပ်တာဝန်များကြောင့် အဆင်မပြေဖြစ်ခဲ့ရသဖြင့် ခေါင်းဆောင်များ အဆင်ပြေပြေနှင့် တက်ရောက်နိုင်စေရန် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံအဖွဲဝင်နိုင်ငံများနှင့်အတူ အစည်းအဝေးကို ရွှေ့ဆိုင်းရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး ပြန်လည်ကျင်းပမည့်ရက်အသစ်ကို ညှိနှိင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#mhtnews
(Zawgyi)
“အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး ရက်ရွှေ့ဆိုင်း”
အမေရိကန်နိုင်ငံ သမ္မတ ဂျိးဘိုင်ဒန် နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ခေါင်းဆောင်များအကြား မတ် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် သတ်မှတ်ထားသည့် ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sounry က ယနေ့ (မတ်လ ၁၀ ရက်)တွင် တယ်လီဂရမ်မှတစ်ဆင့် ထုတ်ပြန် ပြောကြားခဲ့သည်။
အာဆီယံနှင့် အမေရိကန်တို့က အဆိုပြုထားသည့်ရက်များမှာ ခေါင်းဆောင်များအတွက် များပြားလှသည့် သက်ဆိုင်ရာအလုပ်တာဝန်များကြောင့် အဆင်မပြေဖြစ်ခဲ့ရသဖြင့် ခေါင်းဆောင်များ အဆင်ပြေပြေနှင့် တက်ရောက်နိုင်စေရန် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ အစည်းအဝေးကို ရွှေ့ဆိုင်းရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး ပြန်လည်ကျင်းပမည့်ရက်အသစ်ကို ညှိနှိင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#mhtnews
Recent Comments