ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။

မှားယွင်စုဆောင်မိခဲ့သည့် အသက်မပြည့် စစ်သည် ၁၀၂၉ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ မိဘရပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဆက်လက်စိစစ်တွေ့ရှိသည့် အသက်မပြည့် စစ်သည် ၂၈ ဦးကိုလည်း မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီအစည်းအဝေး (၁/၂၀၂၂) တွင် ပြောကြားခဲ့သည်။

ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (Country Task Force on Monitoring and Reporting-CTFMR) တို့အကြား “အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးလုပ်ငန်းစီမံချက်” ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ Plan of Action သက်တမ်းကာလ ၁၈ လ ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် Plan of Action သက်တမ်းကာလ ၁၈ လ ပြည့်မြောက်ခဲ့သော်လည်း လုပ်ငန်းကိစ္စများ မပြီးပြတ်သဖြင့် ၆ လနှစ်ကြိမ် သက်တမ်းတိုးမြှင့်ခဲ့ကြောင်း။

ဒုတိယအကြိမ်သက်တမ်း ၆ လ ကုန်ဆုံးသည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် နောက်ပိုင်းမှစ၍ Plan of Action အား ထပ်မံသက်တမ်းတိုးမြှင့်ခြင်း မရှိတော့ဘဲ Indicator 21 ချက်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် CTFMR နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ ပြုလုပ်သော အစည်းအဝေး ဆုံးဖြတ်ချက်အရ Indicator 21 ချက်မှ Indicator 11 ချက်အထိ လျှော့ချကာ ဆောင်ရွက်ခဲ့ကြောင်း၊ Plan of Action စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လမှ ယနေ့အချိန်အထိ အဆိုပါ လုပ်ငန်းစီမံချက်အပေါ် လိုက်နာဆောင်ရွက်မှု အနေဖြင့် CTFMR နှင့် ပူးပေါင်းပြီး တပ်မတော်မှ အရွယ်မရောက်မီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့် စစ်သည် ၁၀၂၉ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုပြီး မိဘရပ်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း။

ဆက်လက်၍လည်း မှားယွင်းစုဆောင်းခြင်းခံခဲ့ရသည်ဟု စိစစ်တွေ့ရှိရသည့် အသက်မပြည့် စစ်သည် ၂၈ ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များနှင့် ဆန္ဒမပါသူများကို မှားယွင်း စုဆောင်းခဲ့သည့် တာဝန်ရှိသူအရာရှိ ၊ စစ်သည်များကို အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ တပ်မတော်နှင့် CTFMR တို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၂၀ ပြည့်နှစ် ဇွန် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ၂၀၁၉ ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲပါ ကလေးစစ်သည် စုဆောင်းမှုနှင့် အသုံးပြုမှုစာရင်းမှ မြန်မာ့တပ်မတော်ကို ပယ်ဖျက်ခဲ့ပြီး အပြီးသတ်ပယ်ဖျက် နိုင်ရေး စောင့်ကြည့်ကာလတစ်နှစ် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“အသက္မျပည့္ စစ္သည္ ၁၀၂၉ ဦးကို တပ္မေတာ္မွ ႏုတ္ထြက္ခြင့္ျပဳကာ မိဘရပ္ထံ ျပန္လည္လႊဲေျပာင္းေပးခဲ့ၿပီး ဆက္လက္စိစစ္ေတြ႕ရွိသည့္ အသက္မျပည့္ စစ္သည္ ၂၈ ဦးကို မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းေပးနိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးေျပာ”

မွားယြင္စုေဆာင္မိခဲ့သည့္ အသက္မျပည့္ စစ္သည္ ၁၀၂၉ ဦးကို တပ္မေတာ္မွ ႏုတ္ထြက္ခြင့္ျပဳကာ မိဘရပ္ထံ ျပန္လည္လႊဲေျပာင္းေပးခဲ့ၿပီး ဆက္လက္စိစစ္ေတြ႕ရွိသည့္ အသက္မျပည့္ စစ္သည္ ၂၈ ဦးကိုလည္း မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းေပးနိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း အ႐ြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားအား စစ္မႈထမ္းေဆာင္ျခင္းမွ ကာကြယ္တားဆီးထိန္းသိမ္းေရး ေကာ္မတီဥကၠ႒ ကာကြယ္ေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက အ႐ြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားအား စစ္မႈထမ္းေဆာင္ျခင္းမွ ကာကြယ္တားဆီး ထိန္းသိမ္းေရး ေကာ္မတီအစည္းအေဝး (၁/၂၀၂၂) တြင္ ေျပာၾကားခဲ့သည္။

ယင္းအစည္းအေဝးတြင္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္အစိုးရႏွင့္ ျမန္မာနိုင္ငံ ေစာင့္ၾကည့္ေလ့လာေရးႏွင့္ အစီရင္ခံတင္ျပေရးလုပ္ငန္းအဖြဲ႕ (Country Task Force on Monitoring and Reporting-CTFMR) တို႔အၾကား အ႐ြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားအား စစ္မႈထမ္းေဆာင္ျခင္းမွ ကာကြယ္တားဆီး ထိန္းသိမ္းေရးလုပ္ငန္းစီမံခ်က္ ကို ၂၀၁၂ ခုႏွစ္ ဇြန္ ၂၇ ရက္တြင္ လက္မွတ္ေရးထိုးခဲ့ေၾကာင္း၊ Plan of Action သက္တမ္းကာလ ၁၈ လ ျဖစ္ေၾကာင္း၊ ၂၀၁၃ ခုႏွစ္ ဒီဇင္ဘာလ ၂၇ ရက္တြင္ Plan of Action သက္တမ္းကာလ ၁၈ လ ျပည့္ေျမာက္ခဲ့ေသာ္လည္း လုပ္ငန္းကိစၥမ်ား မၿပီးျပတ္သျဖင့္ ၆ လႏွစ္ႀကိမ္ သက္တမ္းတိုးျမႇင့္ခဲ့ေၾကာင္း။

ဒုတိယအႀကိမ္သက္တမ္း ၆ လ ကုန္ဆုံးသည့္ ၂၀၁၄ ခုႏွစ္ ဒီဇင္ဘာ ၂၇ ရက္ ေနာက္ပိုင္းမွစ၍ Plan of Action အား ထပ္မံသက္တမ္းတိုးျမႇင့္ျခင္း မရွိေတာ့ဘဲ Indicator 21 ခ်က္ျဖင့္ ဆက္လက္ေဆာင္႐ြက္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ဇူလိုင္ ၂၆ ရက္တြင္ CTFMR ႏွင့္ ျမန္မာအစိုးရ ကိုယ္စားလွယ္အဖြဲ႕တို႔ ျပဳလုပ္ေသာ အစည္းအေဝး ဆုံးျဖတ္ခ်က္အရ Indicator 21 ခ်က္မွ Indicator 11 ခ်က္အထိ ေလွ်ာ့ခ်ကာ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ Plan of Action စတင္ခဲ့သည့္ ၂၀၁၂ ခုႏွစ္ ဇြန္လမွ ယေန႕အခ်ိန္အထိ အဆိုပါ လုပ္ငန္းစီမံခ်က္အေပၚ လိုက္နာေဆာင္႐ြက္မႈ အေနျဖင့္ CTFMR ႏွင့္ ပူးေပါင္းၿပီး တပ္မေတာ္မွ အ႐ြယ္မေရာက္မီ မွားယြင္းစုေဆာင္းခဲ့သည့္ အသက္မျပည့္ စစ္သည္ ၁၀၂၉ ဦးကို တပ္မေတာ္မွ ႏုတ္ထြက္ခြင့္ျပဳၿပီး မိဘရပ္ထံ ျပန္လည္ လႊဲေျပာင္းေပးခဲ့ေၾကာင္း။

ဆက္လက္၍လည္း မွားယြင္းစုေဆာင္းျခင္းခံခဲ့ရသည္ဟု စိစစ္ေတြ႕ရွိရသည့္ အသက္မျပည့္ စစ္သည္ ၂၈ ဦးကို မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းေပးနိုင္ေရး စီစဥ္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း၊ အ႐ြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားႏွင့္ ဆႏၵမပါသူမ်ားကို မွားယြင္း စုေဆာင္းခဲ့သည့္ တာဝန္ရွိသူအရာရွိ ၊ စစ္သည္မ်ားကို အေရးယူ ေဆာင္႐ြက္ခဲ့ေၾကာင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထိုကဲ့သို႔ တပ္မေတာ္ႏွင့္ CTFMR တို႔၏ ပူးေပါင္းေဆာင္႐ြက္မႈေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္ ဇြန္ ၁၅ ရက္တြင္ ထုတ္ျပန္ခဲ့သည့္ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္၏ ၂၀၁၉ ခုႏွစ္အတြက္ ကေလးသူငယ္မ်ားႏွင့္ လက္နက္ကိုင္ ပဋိပကၡဆိုင္ရာ ႏွစ္စဥ္အစီရင္ခံစာ၏ ေနာက္ဆက္တြဲပါ ကေလးစစ္သည္ စုေဆာင္းမႈႏွင့္ အသုံးျပဳမႈစာရင္းမွ ျမန္မာ့တပ္မေတာ္ကို ပယ္ဖ်က္ခဲ့ၿပီး အၿပီးသတ္ပယ္ဖ်က္ နိုင္ေရး ေစာင့္ၾကည့္ကာလတစ္ႏွစ္ သတ္မွတ္ေပးခဲ့ေၾကာင္း သိရသည္။

#mhtnews