၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးခြင်း၊ အမြဲတမ်း မသန်စွမ်းဖြစ်ခြင်းတို့အတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်း(ရန်ကင်း)၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် အလုပ်ခွင်အတွင်း (သို့မဟုတ်) အလုပ်ခွင်ပြင်ပနှင့် အလုပ်ခွင်သို့ အသွား၊ အပြန်လမ်းခရီးတို့တွင် မတော်တဆသေဆုံးခဲ့သည့် အလုပ်သမား (၃) ဦးနှင့် မတော်တဆ ထိခိုက်ဒဏ်ရာရခဲ့သည့် အလုပ်သမား (၄) ဦး၊ စုစုပေါင်း (၇) ဦးတို့အတွက် အကျိုးခံစားခွင့် ခွင့်ပြုငွေကျပ် ၄၃,၃၂၈,၅၂၀ ကို ကာယကံရှင် အလုပ်သမားများနှင့် ကျန်ရစ်သူ မိသားစုများထံသို့ လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့တွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း အကျုံးဝင်မြို့နယ်ပေါင်း ၁၁၆ မြို့နယ်၌ မှတ်ပုံတင်အလုပ်ဌာန (၃၃,၇၇၆) ဌာနနှင့် အာမခံအလုပ်သမားပေါင်း (၁,၀၈၇,၁၁၃) ဦးရှိကာ နိုင်ငံတစ်ဝန်းတွင် မြို့နယ်လူမှုဖူလုံရေးရုံး (၇၈) ရုံး ဖွင့်လှစ်ထားပြီး ရန်ကုန်တိုင်းဒေသကြီး၌ အလုပ်ဌာန (၁၃,၄၀၇) ဌာနနှင့် အာမခံအလုပ်သမား (၇၅၈,၃၂၄) ဦးရှိ၍ အာမခံအလုပ်သမားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရမှုများအတွက် အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိသည်။

၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပုဒ်မ ၂ (စ) နှင့်အညီ အာမခံအလုပ်သမား တစ်ဦးသည် အလုပ်ရှင်၏ အကျိုးငှာအလုပ်ခွင်အတွင်း (သို့မဟုတ်) အလုပ်ခွင်ပြင်ပနှင့် အလုပ်ခွင်သို့ အသွား၊ အပြန်၊ လမ်းခရီးတို့တွင် မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းတို့ ဖြစ်ပေါ်သည့်အခါ အလုပ်ခွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းများအတွက် အမြဲတမ်းမသန်စွမ်းမှု တစ်လုံးတစ်ခဲတည်း ငွေလုံးငွေရင်း အကျိုးခံစားခွင့်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

#mhtnews

္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္

(Zawgyi)

“အလုပ္ခြင္အတြင္း (သို႔မဟုတ္) အလုပ္ခြင္ျပင္ပႏွင့္ အလုပ္ခြင္သို႔ အသြား၊ အျပန္လမ္းခရီးတို႔တြင္ မေတာ္တဆေသဆုံး၊ ထိခိုက္ဒဏ္ရာရခဲ့သည့္ အလုပ္သမား (၇) ဦးတို႔အတြက္ အက်ိဳးခံစားခြင့္ ခြင့္ျပဳေငြက်ပ္ သိန္း ၄၀၀ ေက်ာ္ထုတ္ေပး”

၂၀၁၂ ခုႏွစ္၊ လူမႈဖူလုံေရးဥပေဒႏွင့္အညီ အလုပ္ခြင္ထိခိုက္မႈေၾကာင့္ေသဆုံးျခင္း၊ အၿမဲတမ္း မသန္စြမ္းျဖစ္ျခင္းတို႔အတြက္ က်န္ရစ္သူအက်ိဳးခံစားခြင့္ႏွင့္ ေငြလုံးေငြရင္း ခြင့္ျပဳထုတ္ေပးသည့္ အခမ္းအနားကို ယေန႕နံနက္ပိုင္းက ရန္ကုန္တိုင္းေဒသႀကီး၊ ကြၽမ္းက်င္မႈ ေလ့က်င့္ေရးသင္တန္း ေက်ာင္း(ရန္ကင္း)၌ က်င္းပခဲ့သည္။

အဆိုပါအခမ္းအနားတြင္ အလုပ္ခြင္အတြင္း (သို႔မဟုတ္) အလုပ္ခြင္ျပင္ပႏွင့္ အလုပ္ခြင္သို႔ အသြား၊ အျပန္လမ္းခရီးတို႔တြင္ မေတာ္တဆေသဆုံးခဲ့သည့္ အလုပ္သမား (၃) ဦးႏွင့္ မေတာ္တဆ ထိခိုက္ဒဏ္ရာရခဲ့သည့္ အလုပ္သမား (၄) ဦး၊ စုစုေပါင္း (၇) ဦးတို႔အတြက္ အက်ိဳးခံစားခြင့္ ခြင့္ျပဳေငြက်ပ္ ၄၃,၃၂၈,၅၂၀ ကို ကာယကံရွင္ အလုပ္သမားမ်ားႏွင့္ က်န္ရစ္သူ မိသားစုမ်ားထံသို႔ လက္ေရာက္ေပးအပ္ခဲ့ေၾကာင္း သိရသည္။

အလုပ္သမားဝန္ႀကီးဌာန၊ လူမႈဖူလုံေရးအဖြဲ႕တြင္ ျပည္ေထာင္စုနယ္ေျမ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အတြင္း အက်ဳံးဝင္ၿမိဳ႕နယ္ေပါင္း ၁၁၆ ၿမိဳ႕နယ္၌ မွတ္ပုံတင္အလုပ္ဌာန (၃၃,၇၇၆) ဌာနႏွင့္ အာမခံအလုပ္သမားေပါင္း (၁,၀၈၇,၁၁၃) ဦးရွိကာ နိုင္ငံတစ္ဝန္းတြင္ ၿမိဳ႕နယ္လူမႈဖူလုံေရး႐ုံး (၇၈) ႐ုံး ဖြင့္လွစ္ထားၿပီး ရန္ကုန္တိုင္းေဒသႀကီး၌ အလုပ္ဌာန (၁၃,၄၀၇) ဌာနႏွင့္ အာမခံအလုပ္သမား (၇၅၈,၃၂၄) ဦးရွိ၍ အာမခံအလုပ္သမားမ်ား အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈေပးျခင္းႏွင့္ မက်န္းမာမႈ၊ မီးဖြားမႈ၊ ေသဆုံးမႈႏွင့္ လုပ္ငန္းခြင္တြင္ ထိခိုက္ဒဏ္ရာရမႈမ်ားအတြက္ အက်ိဳးခံစားခြင့္မ်ား ခြင့္ျပဳထုတ္ေပးလ်က္ရွိသည္။

၂၀၁၂ခုႏွစ္၊ လူမႈဖူလုံေရး ဥပေဒပုဒ္မ ၂ (စ) ႏွင့္အညီ အာမခံအလုပ္သမား တစ္ဦးသည္ အလုပ္ရွင္၏ အက်ိဳးငွာအလုပ္ခြင္အတြင္း (သို႔မဟုတ္) အလုပ္ခြင္ျပင္ပႏွင့္ အလုပ္ခြင္သို႔ အသြား၊ အျပန္၊ လမ္းခရီးတို႔တြင္ မေတာ္တဆ ထိခိုက္ဒဏ္ရာရျခင္း၊ ေသဆုံးျခင္းတို႔ ျဖစ္ေပၚသည့္အခါ အလုပ္ခြင္ ထိခိုက္မႈေၾကာင့္ ေသဆုံးျခင္းအတြက္ က်န္ရစ္သူအက်ိဳးခံစားခြင့္ႏွင့္ မေတာ္တဆ ထိခိုက္ဒဏ္ရာရျခင္းမ်ားအတြက္ အၿမဲတမ္းမသန္စြမ္းမႈ တစ္လုံးတစ္ခဲတည္း ေငြလုံးေငြရင္း အက်ိဳးခံစားခြင့္မ်ား ထုတ္ေပးလ်က္ရွိေၾကာင္း သိရသည္။

#mhtnews