နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ တာဝန်ရှိသူများဟာ ယမန်နေ့ (မတ်လ ၁၈ ရက်) နေ့လယ်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ရှိ တပ်နယ်ခန်းမမှာ ကလောတပ်နယ်မှ အရာရှိ/စစ်သည် မိသားစုဝင်များနဲ့ တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါတယ်။

 အဲဒီလို အမှာစကားပြောကြားရာမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အရေးပေါ်ကာလ ၁ နှစ်ကျော်အတွင်း တွေ့ကြုံခဲ့ရတဲ့ စိန်ခေါ်မှုအမျိုးမျိုးနဲ့ အခက်အခဲအမျိုးမျိုးတို့ကို တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများ၊ သစ္စာရှိကြတဲ့နိုင်ငံ့ဝန်ထမ်းများနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ စုပေါင်းစွမ်းအားဖြင့် အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပါတယ်။ နိုင်ငံကြီးအချို့နဲ့ ပြည်တွင်းအကြမ်းဖက်အဖွဲ့များပူးပေါင်းပြီး တည်ဆဲအစိုးရ အချိန်တိုအတွင်းပြုတ်ကျအောင် နိုင်ငံရေး၊ စီးပွားရေးကို ပိတ်ဆို့တဲ့နည်းလမ်းများ အပါအဝင် နည်းလမ်းမျိုးစုံနဲ့ သွေးထိုးလှုံ့ဆော်ကာ ဆူပူအကြမ်းဖက်မှုများ ပြုလုပ်စေခြင်း၊ အစိုးရယန္တရားရပ်တန့်အောင် ဝန်ထမ်းများကို CDM လှုပ်ရှားမှုများပြုလုပ်စေခြင်း၊ ဘဏ်စနစ်ပြိုလဲ၍ ငွေကြေးကမောက်ကမ ဖြစ်စေရန်ဖန်တီးခြင်း၊ ခရီးသွားလာမှုနဲ့ ကုန်စည်စီးဆင်းမှုရပ်တန့်ပြတ်တောက်အောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းခြင်းအပါအဝင် လက်နက်နဲ့ ဆူပူအကြမ်းဖက်မှုမှတစ်ဆင့် အလုံးစုံပျက်သုဉ်းရေးတို့ကို ဦးတည်ပြုလုပ်ခဲ့ပါတယ်။

အဲဒီ အန္တရာယ်အမျိုးမျိုးတို့ကို နိုင်ငံတော်အစိုးရ အနေနဲ့ စည်းလုံးညီညာအောင်ကြောင်းဖြာဆိုတဲ့အတိုင်း တည်ငြိမ်အေးချမ်းမှုကို လိုလားတောင့်တကြတဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးတို့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဖြတ်ကျော်ခဲ့ပါတယ်။ ရှေ့ဆက်လက်ပြီးလည်း စုပေါင်းအားနဲ့ အန္တရာယ်အမျိုးမျိုး ကို ရင်ဆိုင်ဖြတ်သန်းကျော်လွှားကြရမှာဖြစ်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးနဲ့ပတ်သက်လို့ ဒို့တာဝန်အရေးသုံးပါးကို အခိုင်အမာရပ်တည်ပြီး နိုင်ငံရဲ့အချုပ်အခြာအာဏာကိုမထိပါးစေဘဲ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး လွတ်လပ်၍တက်ကြွတဲ့ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးရှေးရှုတဲ့မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူနဲ့ ရပ်တည်ဆောင်ရွက်လျက်ရှိပါတယ်။” လို့ ပြောကြားခဲ့တာပါ။

ဆက်လက်ပြီးတော့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက

“တစ်ဖက်မှာလည်း တပ်မတော်ပြိုကွဲစေရန် နည်းမျိုးစုံအသုံးပြု လုပ်ဆောင်လာပြီး တပ်မတော်အတွင်း ပြဿနာအမျိုးမျိုးချိုးဖောက်ကျူးလွန်ကာ အရေးယူခံရမှာကြောက်လို့ စစ်ပြေးမှုကျူးလွန်သူ အရာရှိ၊ စစ်သည်များကို ဒီမိုကရေစီ သူရဲကောင်းအဖြစ် မြှောက်ပင့်၍ မီဒီယာနည်းလမ်းနဲ့ တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုပြိုကွဲနေသယောင်၊ စစ်ဆင်ရေးရှုံးနိမ့်နေသယောင် လုပ်ကြံဖန်တီးပြီး တပ်မတော်ပြိုကွဲရေး စည်းလုံးညီညွတ်မှု ပြိုကွဲရေးကို ဦးတည်လျက် ဝါဒဖြန့်မှုများ လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင်လည်း အကြမ်းဖက်အဖွဲ့များအနေနဲ့ နယ်မြေအလိုက် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ လုံခြုံ ရေးတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်၍ စစ်ရေးအရ ဖိအားပေးခြိမ်းခြောက်ဖို့ ကြိုးစားလာကြပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ဟာ တပ်မတော်ပြိုကွဲရေးပင်ဖြစ်ပါတယ်။ ထိုကဲ့သို့ အကြမ်းဖက်သူများရဲ့ သွေးခွဲမှုများရှိစေကာမူ တပ်မတော်အနေနဲ့ တပ်တွင်းစည်းလုံးညီညွတ်မှုမှာ ခိုင်မြဲလျက်ရှိပြီး “ဘယ်သူ ခွဲခွဲဒို့မကွဲ အမြဲစည်းလုံး မည်”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျစ်လစ်သော စည်းလုံးညီညွတ်မှုနဲ့ ရပ်တည်လျက်ရှိပါတယ်။ အူမတောင့်မှ သီလစောင့်မည်ဖြစ်ရာ တပ်မတော်သားများနဲ့ မိသားစုဝင်များရဲ့ စားရေး၊ နေရေး၊ ဝတ်ရေး၊ သွားလာရေး၊ ကျန်းမားရေး၊ ပညာရေးတို့ အဆင်ပြေချောမွေ့စေဖို့ တာဝန်ရှိသူအဆင့်ဆင့်အနေနဲ့ ဝတ္တရားအရ၊ တာဝန်အရ ကြိုးစား ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တပ်မတော်သားများအနေနဲ့ လုပ်ငန်းတာဝန်ကို စိတ်လက်အေးချမ်းစွာဖြင့် နိုင်ငံ့ အရေးကို အပြည့်အဝ အကောင်အထည်ဖော် ထမ်းဆောင်နိုင်မည်ဖြစ်ပါတယ်။

တပ်မတော်သားများရဲ့ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ပင်ဖြစ်ရာ ထိုသို့ အမြဲတမ်း အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ရန်မှာလည်း ကျန်းမာ ကြံ့ခိုင်မှုရှိမှသာ ပေးအပ်တဲ့တာဝန်ကို ရာနှုန်းပြည့် ကျေပွန်စွာထမ်းဆောင်နိုင်မှာဖြစ်လို့ အရာရှိ၊ စစ်သည်များအပါအဝင် မိသားစုများ အားလုံး ကျန်းမာကြံ့ခိုင်အောင် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များမှ တပ်နယ်အလိုက် အသိပညာပေးဟောပြောမှု၊ ဆေးစစ်ပေးမှုတို့ကိုလည်း အပြည့်အဝလိုက်နာကြဖို့ လိုအပ်သလို တပ်ဌာနချုပ် လုံခြုံရေးကိုလည်း မလစ်လပ်စေဘဲ ကျေပြွန်စွာ တာဝန်ထမ်းဆောင်ကြဖို့ လိုအပ်ကြောင်း” ပြောကြားခဲ့တယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“အေရးေပၚကာလ ၁ ႏွစ္ေက်ာ္အတြင္း ေတြ႕ႀကဳံခဲ့ရတဲ့ စိန္ေခၚမႈအမ်ိဳးမ်ိဳးနဲ႕ အခက္အခဲအမ်ိဳးမ်ိဳးတို႔ကို တည္ၿငိမ္ေအးခ်မ္းမႈကိုလိုလားတဲ့ ျပည္သူမ်ား၊ သစၥာရွိၾကတဲ့နိုင္ငံ့ဝန္ထမ္းမ်ားနဲ႕ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားရဲ႕ စုေပါင္းစြမ္းအားနဲ႕ ေအာင္ျမင္စြာျဖတ္ေက်ာ္နိုင္ခဲ့ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းေျပာၾကား”

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠဌ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းနဲ႕ တာဝန္ရွိသူမ်ားဟာ ယမန္ေန႕ (မတ္လ ၁၈ ရက္) ေန႕လယ္ပိုင္းက ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကေလာၿမိဳ႕ရွိ တပ္နယ္ခန္းမမွာ ကေလာတပ္နယ္မွ အရာရွိ/စစ္သည္ မိသားစုဝင္မ်ားနဲ႕ ေတြ႕ဆုံအမွာစကား ေျပာၾကားခဲ့ပါတယ္။

အဲဒီလို အမွာစကားေျပာၾကားရာမွာ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း က

“နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႕ အေရးေပၚကာလ ၁ ႏွစ္ေက်ာ္အတြင္း ေတြ႕ႀကဳံခဲ့ရတဲ့ စိန္ေခၚမႈအမ်ိဳးမ်ိဳးနဲ႕ အခက္အခဲအမ်ိဳးမ်ိဳးတို႔ကို တည္ၿငိမ္ေအးခ်မ္းမႈကို လိုလားတဲ့ ျပည္သူမ်ား၊ သစၥာရွိၾကတဲ့နိုင္ငံ့ဝန္ထမ္းမ်ားနဲ႕ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားရဲ႕ စုေပါင္းစြမ္းအားျဖင့္ ေအာင္ျမင္စြာျဖတ္ေက်ာ္နိုင္ခဲ့ပါတယ္။ နိုင္ငံႀကီးအခ်ိဳ႕နဲ႕ ျပည္တြင္းအၾကမ္းဖက္အဖြဲ႕မ်ားပူးေပါင္းၿပီး တည္ဆဲအစိုးရ အခ်ိန္တိုအတြင္းျပဳတ္က်ေအာင္ နိုင္ငံေရး၊ စီးပြားေရးကို ပိတ္ဆို႔တဲ့နည္းလမ္းမ်ား အပါအဝင္ နည္းလမ္းမ်ိဳးစုံနဲ႕ ေသြးထိုးလႈံ႕ေဆာ္ကာ ဆူပူအၾကမ္းဖက္မႈမ်ား ျပဳလုပ္ေစျခင္း၊ အစိုးရယႏၱရားရပ္တန႔္ေအာင္ ဝန္ထမ္းမ်ားကို CDM လႈပ္ရွားမႈမ်ားျပဳလုပ္ေစျခင္း၊ ဘဏ္စနစ္ၿပိဳလဲ၍ ေငြေၾကးကေမာက္ကမ ျဖစ္ေစရန္ဖန္တီးျခင္း၊ ခရီးသြားလာမႈနဲ႕ ကုန္စည္စီးဆင္းမႈရပ္တန႔္ျပတ္ေတာက္ေအာင္ နည္းမ်ိဳးစုံနဲ႕ ႀကိဳးပမ္းျခင္းအပါအဝင္ လက္နက္နဲ႕ ဆူပူအၾကမ္းဖက္မႈမွတစ္ဆင့္ အလုံးစုံပ်က္သုဥ္းေရးတို႔ကို ဦးတည္ျပဳလုပ္ခဲ့ပါတယ္။

အဲဒီ အႏၱရာယ္အမ်ိဳးမ်ိဳးတို႔ကို နိုင္ငံေတာ္အစိုးရ အေနနဲ႕ စည္းလုံးညီညာေအာင္ေၾကာင္းျဖာဆိုတဲ့အတိုင္း တည္ၿငိမ္ေအးခ်မ္းမႈကို လိုလားေတာင့္တၾကတဲ့ တိုင္းရင္းသားျပည္သူတစ္ရပ္လုံးတို႔ရဲ႕ ပူးေပါင္းပါဝင္မႈနဲ႕ ျဖတ္ေက်ာ္ခဲ့ပါတယ္။ ေရွ႕ဆက္လက္ၿပီးလည္း စုေပါင္းအားနဲ႕ အႏၱရာယ္အမ်ိဳးမ်ိဳး ကို ရင္ဆိုင္ျဖတ္သန္းေက်ာ္လႊားၾကရမွာျဖစ္ပါတယ္။ နိုင္ငံတကာ ဆက္ဆံေရးနဲ႕ပတ္သက္လို႔ ဒို႔တာဝန္အေရးသုံးပါးကို အခိုင္အမာရပ္တည္ၿပီး နိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာကိုမထိပါးေစဘဲ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ၿပီး လြတ္လပ္၍တက္ႂကြတဲ့ ဘက္မလိုက္ေသာ နိုင္ငံျခားေရးမူဝါဒ၊ ကမၻာ့ၿငိမ္းခ်မ္းေရးနဲ႕ နိုင္ငံအခ်င္းခ်င္း မိတ္ဝတ္မပ်က္ ေပါင္းဖက္ဆက္ဆံေရးေရွးရႈတဲ့မူဝါဒ၊ ကမၻာ့နိုင္ငံအခ်င္းခ်င္း ၿငိမ္းခ်မ္းစြာအတူ ယွဥ္တြဲေနထိုင္ေရးမူနဲ႕ ရပ္တည္ေဆာင္႐ြက္လ်က္ရွိပါတယ္။” လို႔ ေျပာၾကားခဲ့တာပါ။

ဆက္လက္ၿပီးေတာ့လည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးက

“တစ္ဖက္မွာလည္း တပ္မေတာ္ၿပိဳကြဲေစရန္ နည္းမ်ိဳးစုံအသုံးျပဳ လုပ္ေဆာင္လာၿပီး တပ္မေတာ္အတြင္း ျပႆနာအမ်ိဳးမ်ိဳးခ်ိဳးေဖာက္က်ဴးလြန္ကာ အေရးယူခံရမွာေၾကာက္လို႔ စစ္ေျပးမႈက်ဴးလြန္သူ အရာရွိ၊ စစ္သည္မ်ားကို ဒီမိုကေရစီ သူရဲေကာင္းအျဖစ္ ျမႇောက္ပင့္၍ မီဒီယာနည္းလမ္းနဲ႕တပ္မေတာ္အတြင္း စည္းလုံးညီၫြတ္မႈၿပိဳကြဲေနသေယာင္၊ စစ္ဆင္ေရးရႈံးနိမ့္ေနသေယာင္ လုပ္ႀကံဖန္တီးၿပီး တပ္မေတာ္ၿပိဳကြဲေရး စည္းလုံးညီၫြတ္မႈ ၿပိဳကြဲေရးကို ဦးတည္လ်က္ ဝါဒျဖန႔္မႈမ်ား လုပ္ေဆာင္လ်က္ရွိပါတယ္။ ဒါ့အျပင္လည္းအၾကမ္းဖက္အဖြဲ႕မ်ားအေနနဲ႕ နယ္ေျမအလိုက္ ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္ဖို႔ လုံၿခဳံ ေရးတာဝန္ထမ္းေဆာင္ေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို အလစ္အငိုက္ ေခ်ာင္းေျမာင္းတိုက္ခိုက္၍ စစ္ေရးအရ ဖိအားေပးၿခိမ္းေျခာက္ဖို႔ ႀကိဳးစားလာၾကပါတယ္။ သူတို႔ရဲ႕ အဓိကရည္႐ြယ္ခ်က္ဟာ တပ္မေတာ္ၿပိဳကြဲေရးပင္ျဖစ္ပါတယ္။ ထိုကဲ့သို႔ အၾကမ္းဖက္သူမ်ားရဲ႕ ေသြးခြဲမႈမ်ားရွိေစကာမူ တပ္မေတာ္အေနနဲ႕ တပ္တြင္းစည္းလုံးညီၫြတ္မႈမွာ ခိုင္ၿမဲလ်က္ရွိၿပီး ဘယ္သူ ခြဲခြဲဒို႔မကြဲ အၿမဲစည္းလုံး မည္ဆိုတဲ့ ေဆာင္ပုဒ္နဲ႕အညီ က်စ္လစ္ေသာ စည္းလုံးညီၫြတ္မႈနဲ႕ ရပ္တည္လ်က္ရွိပါတယ္။ အူမေတာင့္မွ သီလေစာင့္မည္ျဖစ္ရာ တပ္မေတာ္သားမ်ားနဲ႕ မိသားစုဝင္မ်ားရဲ႕ စားေရး၊ ေနေရး၊ ဝတ္ေရး၊ သြားလာေရး၊ က်န္းမားေရး၊ ပညာေရးတို႔ အဆင္ေျပေခ်ာေမြ႕ေစဖို႔ တာဝန္ရွိသူအဆင့္ဆင့္အေနနဲ႕ ဝတၱရားအရ၊ တာဝန္အရ ႀကိဳးစား ျဖည့္ဆည္းေဆာင္႐ြက္ေပးဖို႔ လိုအပ္ပါတယ္။ ထိုသို႔ေဆာင္႐ြက္ျခင္းျဖင့္ တပ္မေတာ္သားမ်ားအေနနဲ႕ လုပ္ငန္းတာဝန္ကို စိတ္လက္ေအးခ်မ္းစြာျဖင့္ နိုင္ငံ့ အေရးကို အျပည့္အဝ အေကာင္အထည္ေဖာ္ ထမ္းေဆာင္နိုင္မည္ျဖစ္ပါတယ္။

တပ္မေတာ္သားမ်ားရဲ႕ အဓိကတာဝန္မွာ နိုင္ငံေတာ္ကာကြယ္ေရးတာဝန္ပင္ျဖစ္ရာ ထိုသို႔ အၿမဲတမ္း အင္တိုက္အားတိုက္ ေဆာင္႐ြက္နိုင္ရန္မွာလည္း က်န္းမာ ႀကံ့ခိုင္မႈရွိမွသာ ေပးအပ္တဲ့တာဝန္ကို ရာႏႈန္းျပည့္ ေက်ပြန္စြာထမ္းေဆာင္နိုင္မွာျဖစ္လို႔ အရာရွိ၊ စစ္သည္မ်ားအပါအဝင္ မိသားစုမ်ား အားလုံး က်န္းမာႀကံ့ခိုင္ေအာင္ တပ္မေတာ္ေဆးတပ္ဖြဲ႕ဝင္မ်ားမွ တပ္နယ္အလိုက္ အသိပညာေပးေဟာေျပာမႈ၊ ေဆးစစ္ေပးမႈတို႔ကိုလည္း အျပည့္အဝလိုက္နာၾကဖို႔ လိုအပ္သလို တပ္ဌာနခ်ဳပ္ လုံၿခဳံေရးကိုလည္း မလစ္လပ္ေစဘဲ ေက်ႁပြန္စြာ တာဝန္ထမ္းေဆာင္ၾကဖို႔ လိုအပ္ေၾကာင္း” ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

#mhtnews