အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပေးပို့လာသည့် အချက်အလက်များနှင့် စာရင်းဇယားများအပေါ်အခြေခံ၍ (၅)နှစ်အမျိုးသားစီမံကိန်း အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ပျမ်းမျှ ၄ ဒသမ ၃ ရာခိုင်နှုန်းခန့်ရည်မှန်ထားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ၏ MRCRO စီးပွားရေးအခြေအနေနှင့် စီးပွားရေးမျှော်မှန်း ချက်အနေဖြင့် နှစ်လယ်လူဦးရေပျမ်းမျှ ခန့်မှန်း ၅၅ ဒသမ ၈ သန်းပေါ်မူတည်၍ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို ကျပ်သန်း ၁၂၃ ၉၃၃ ၇၄၁ ဒသမ ၉၊ ဂျီဒီပီတိုးတက်နှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ကဏ္ဍကြီးအလိုက် ပုံမှန်ဈေးနှုန်းများအရ တိုးတက်မှုနှုန်းအနေဖြင့် လယ်ယာကဏ္ဍကြီး ၂ ဒသမ ၃ ရာခိုင် နှုန်း၊ စက်မှုကဏ္ဍကြီး ၄ ဒသမ ၀ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍကြီး ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ရေး စီးပွားရေးပုံသဏ္ဍာန်ပြောင်းလဲမှုအနေဖြင့် ဂျီဒီပီ၌ ကဏ္ဍကြီး များ၏နှစ်အလိုက် ဈေးနှုန်းများအရပါဝင်မှု အချိုးအစားကို လယ်ယာကဏ္ဍကြီး ၂၂ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၂ ဒသမ ၇ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီး ၃၇ ဒသမ ၁ ရာခိုင်နှုန်းမှ ၃၇ ဒသမ ၁ ရာခိုင်နှုန်းမှ ၃၇ ဒသမ ၄ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၄၀ ဒသမ ၀ ရာခိုင်နှုန်းမှ ၃၉ ဒသမ ၉ ရာခိုင်နှုန်း အသီးသီးပြောင်းလဲဖြစ်ပေါ်ရန် ရည်မှန်း လျာထားသည်ကို တွေ့ရကြောင်း အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)၌ ပြောကြားသည်။
ဆက်လက်၍လည်း ဒုတ်ယဗိုလ်ချုပ်မှူးကြီးက အမျိုးသားစီမံကိန်းရည်မှန်းချက်များ အပြည့်အဝအကောင်အထည်ဖော်ရာတွင် နိုင်ငံ၏ လူမှုစီးပွားအခြေအနေများသာမက ပြည်ပသက်ရောက်မှု၊ ကုန်သွယ်ဘက် မိတ်ဆွေနိုင်ငံများ၏ စီးပွားရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်သတိပြုကြရန် လိုအပ်သကဲ့သို့ FDI ပိုမိုစီးဝင်စေရေး၊ ကုန်သွယ်မှု တိုးမြှင့်စေရေးအပါအဝင် မိတ်ဘက်နိုင်ငံများနှင့် ဆက်ဆံမှုပြုရာတွင် ဥပဒေ၊ စည်းမျည်း၊ စည်းကမ်းခိုင်မာအားကောင်းစေရေးနှင့် လုံခြုံတည်ငြိမ်ရေးသည်လည်း အရေးပါသည့် အဓိကအကျုံးဝင်သော အချက်ဖြစ်သည်ကို ဂရုပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်းတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
#mhtnews
(Zawgyi)
“အမ်ိဳးသားစီမံကိန္းအတြက္ စီးပြားေရးတိုးတက္မႈႏႈန္းကို ပ်မ္းမွ် ၄ ဒသမ ၃ ရာခိုင္ႏႈန္းခန႔္ ရည္မွန္ထားေၾကာင္း န.စ.က ဒုတိယဥကၠ႒ ေျပာၾကား”
အမ်ိဳးသားစီမံကိန္းေကာ္မရွင္ ဒုတိယဥကၠ႒၊ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနအေနျဖင့္ သက္ဆိုင္ရာ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ားႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားမွ ေပးပို႔လာသည့္ အခ်က္အလက္မ်ားႏွင့္ စာရင္းဇယားမ်ားအေပၚအေျခခံ၍ (၅)ႏွစ္အမ်ိဳးသားစီမံကိန္း အတြက္ စီးပြားေရးတိုးတက္မႈႏႈန္းကို ပ်မ္းမွ် ၄ ဒသမ ၃ ရာခိုင္ႏႈန္းခန႔္ရည္မွန္ထားၿပီး ၂၀၂၂-၂၀၂၃ ဘ႑ာေရးႏွစ္ ျမန္မာနိုင္ငံ၏ MRCRO စီးပြားေရးအေျခအေနႏွင့္ စီးပြားေရးေမွ်ာ္မွန္း ခ်က္အေနျဖင့္ ႏွစ္လယ္လူဦးေရပ်မ္းမွ် ခန႔္မွန္း ၅၅ ဒသမ ၈ သန္းေပၚမူတည္၍ စုစုေပါင္းျပည္တြင္းထုတ္လုပ္မႈႏွင့္ ဝန္ေဆာင္မႈတန္ဖိုးကို က်ပ္သန္း ၁၂၃ ၉၃၃ ၇၄၁ ဒသမ ၉၊ ဂ်ီဒီပီတိုးတက္ႏႈန္း ၃ ဒသမ ၇ ရာခိုင္ႏႈန္း၊ က႑ႀကီးအလိုက္ ပုံမွန္ေဈးႏႈန္းမ်ားအရ တိုးတက္မႈႏႈန္းအေနျဖင့္ လယ္ယာက႑ႀကီး ၂ ဒသမ ၃ ရာခိုင္ ႏႈန္း၊ စက္မႈက႑ႀကီး ၄ ဒသမ ၀ ရာခိုင္ႏႈန္းႏွင့္ ဝန္ေဆာင္မႈက႑ႀကီး ၄ ဒသမ ၁ ရာခိုင္ႏႈန္းတိုးတက္ေရး စီးပြားေရးပုံသ႑ာန္ေျပာင္းလဲမႈအေနျဖင့္ ဂ်ီဒီပီ၌ က႑ႀကီး မ်ား၏ႏွစ္အလိုက္ ေဈးႏႈန္းမ်ားအရပါဝင္မႈ အခ်ိဳးအစားကို လယ္ယာက႑ႀကီး ၂၂ ဒသမ ၉ ရာခိုင္ႏႈန္းမွ ၂၂ ဒသမ ၇ ရာခိုင္ႏႈန္း၊ စက္မႈက႑ႀကီး ၃၇ ဒသမ ၁ ရာခိုင္ႏႈန္းမွ ၃၇ ဒသမ ၁ ရာခိုင္ႏႈန္းမွ ၃၇ ဒသမ ၄ ရာခိုင္ႏႈန္းႏွင့္ ဝန္ေဆာင္မႈက႑ႀကီးတြင္ ၄၀ ဒသမ ၀ ရာခိုင္ႏႈန္းမွ ၃၉ ဒသမ ၉ ရာခိုင္ႏႈန္း အသီးသီးေျပာင္းလဲျဖစ္ေပၚရန္ ရည္မွန္း လ်ာထားသည္ကို ေတြ႕ရေၾကာင္း အမ်ိဳးသားစီမံကိန္းေကာ္မရွင္ အစည္းအေဝးအမွတ္စဥ္ (၁/၂၀၂၂)၌ ေျပာၾကားသည္။
ဆက္လက္၍လည္း ဒုတ္ယဗိုလ္ခ်ဳပ္မႉးႀကီးက အမ်ိဳးသားစီမံကိန္းရည္မွန္းခ်က္မ်ား အျပည့္အဝအေကာင္အထည္ေဖာ္ရာတြင္ နိုင္ငံ၏ လူမႈစီးပြားအေျခအေနမ်ားသာမက ျပည္ပသက္ေရာက္မႈ၊ ကုန္သြယ္ဘက္ မိတ္ေဆြနိုင္ငံမ်ား၏ စီးပြားေရးႏွင့္ နိုင္ငံေရးတည္ၿငိမ္မႈတို႔ကို ထည့္သြင္းစဥ္းစား ေဆာင္႐ြက္ရန္သတိျပဳၾကရန္ လိုအပ္သကဲ့သို႔ FDI ပိုမိုစီးဝင္ေစေရး၊ ကုန္သြယ္မႈ တိုးျမႇင့္ေစေရးအပါအဝင္ မိတ္ဘက္နိုင္ငံမ်ားႏွင့္ ဆက္ဆံမႈျပဳရာတြင္ ဥပေဒ၊ စည္းမ်ည္း၊ စည္းကမ္းခိုင္မာအားေကာင္းေစေရးႏွင့္ လုံၿခဳံတည္ၿငိမ္ေရးသည္လည္း အေရးပါသည့္ အဓိကအက်ဳံးဝင္ေသာ အခ်က္ျဖစ္သည္ကို ဂ႐ုျပဳေဆာင္႐ြက္ၾကရန္ လိုအပ္ေၾကာင္းတို႔ကိုလည္း ထည့္သြင္းေျပာၾကားခဲ့သည္ဟု သိရသည္။
#mhtnews
Recent Comments