အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ယမန်နေ့ (မတ် ၂၈ ရက်) နံနက်ပိုင်းတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ခိုင်အောင်စိုးသန်းနှင့် ဗဟိုကော်မတီဝင် ခိုင်အောင်ဟိန်း၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)မှ ဒုတိယစစ်ဦးစီးချုပ်အဆင့်ရှိ စောတာ့ခူးနှင့် ဗဟို ဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးနှင့် ဗဟိုကော်မတီဝင် စောအောင်ကောင်းရွှေ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ခွန်မင်းသိန်းနှင့် ဗဟိုကော်မတီဝင် ခွန်ဇွဲထိုရ်၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) မှ အတွင်းရေးမှူး-၁ စဝ်စိုင်းငင်းနှင့် ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် စဝ်ဆောင်းဟန်တို့ တက်ရောက်ကြသည်။

     ရှေးဦးစွာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိုင်ငံတော်အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအခြေအနေ၊ ပဋိပက္ခများ လျှော့ချနိုင်ရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေး၊ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိငြိမ်းချမ်းရေး အခြေ အနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များက တစ်ဖွဲ့ချင်းစီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် သဘောထားများကို အလွတ်သဘော ဆွေးနွေးပြောကြားကြသည်။

ယင်းနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌက ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးအတွက် အခြေခံလိုအပ်ချက်များနှင့် ဆက်လက် ဆောင်ရွက်သွားမည့် သဘောထားများကို ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် တက်ရောက်လာကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်ဖွဲ့ချင်းစီ သီးခြားတွေ့ဆုံ၍ လက်ရှိငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေး ဆောင်ရွက်နိုင်မှုများ၊ ဆက်လက်လုပ်ဆောင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ် များ၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

(Zawgyi)

“အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညွိႏွိုင္းေရးေကာ္မတီႏွင့္NCAလက္မွတ္ေရးထိုးထာေသာတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားေတြ႕ဆုံေဆြးႏြေး”

အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညွိႏွိုင္းေရးေကာ္မတီ ႏွင့္ NCA လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားသည္ ေနျပည္ေတာ္ရွိ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈဗဟိုဌာန၌ ယမန္ေန႕ (မတ္ ၂၈ ရက္) နံနက္ပိုင္းတြင္ အလြတ္သေဘာ ေတြ႕ဆုံေဆြးႏြေးၾကသည္။

ေတြ႕ဆုံေဆြးႏြေးပြဲသို႔ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္၊ ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန(၁) ျပည္ေထာင္စုဝန္ႀကီး၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညွိႏွိုင္းေရးေကာ္မတီ ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ႏွင့္ ေကာ္မတီအဖြဲ႕ဝင္မ်ား၊ NCA လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားျဖစ္သည့္ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP)မွ တြဲဖက္အေထြေထြ အတြင္းေရးမႉး ခိုင္ေအာင္စိုးသန္းႏွင့္ ဗဟိုေကာ္မတီဝင္ ခိုင္ေအာင္ဟိန္း၊ ဒီမိုကေရစီ အက်ိဳးျပဳ ကရင္တပ္မေတာ္ (DKBA)မွ ဒုတိယစစ္ဦးစီးခ်ဳပ္အဆင့္ရွိ ေစာတာ့ခူးႏွင့္ ဗဟို ဆက္ဆံေရးဌာနမႉး ေစာေက်ာ္သန္းေဌး၊ ကရင္အမ်ိဳးသားအစည္းအ႐ုံး/ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္- ၿငိမ္းခ်မ္းေရးေကာင္စီ (KNU/ KNLA-PC)မွ ဒုတိယဥကၠ႒ ေဒါက္တာေနာ္ကေပၚထူးႏွင့္ ဗဟိုေကာ္မတီဝင္ ေစာေအာင္ေကာင္းေ႐ႊ၊ ပအိုဝ္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO)မွ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္ ခြန္မင္းသိန္းႏွင့္ ဗဟိုေကာ္မတီဝင္ ခြန္ဇြဲထိုရ္၊ သွ်မ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ (RCSS) မွ အတြင္းေရးမႉး-၁ စဝ္စိုင္းငင္းႏွင့္ ဗဟိုအလုပ္အမႈ ေဆာင္ ေကာ္မတီဝင္ စဝ္ေဆာင္းဟန္တို႔ တက္ေရာက္ၾကသည္။

 ေရွးဦးစြာ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညွိႏွိုင္းေရး ေကာ္မတီဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က နိုင္ငံေတာ္အစိုးရမွ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို ၿငိမ္းခ်မ္းေရးဖိတ္ေခၚမႈအေျခအေန၊ ပဋိပကၡမ်ား ေလွ်ာ့ခ်နိဳင္ေရး၊ ယုံၾကည္မႈ တည္ေဆာက္ေရး၊ နိုင္ငံေရးေဆြးႏြေးပြဲမ်ားက်င္းပနိုင္ေရး၊ နယ္ေျမ တည္ၿငိမ္ေအးခ်မ္းေရး၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လက္ရွိၿငိမ္းခ်မ္းေရး အေျခ အေနမ်ားကို ရွင္းလင္းေျပာၾကားသည္။

ထို႔ေနာက္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္း ကိုယ္စားလွယ္မ်ားက တစ္ဖြဲ႕ခ်င္းစီ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ပတ္သက္သည့္ သေဘာထားမ်ားကို အလြတ္သေဘာ ေဆြးႏြေးေျပာၾကားၾကသည္။

ယင္းေနာက္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညွိႏွိုင္းေရးေကာ္မတီဥကၠ႒က ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးရရွိေရးအတြက္ အေျခခံလိုအပ္ခ်က္မ်ားႏွင့္ ဆက္လက္ ေဆာင္႐ြက္သြားမည့္ သေဘာထားမ်ားကို ရွင္းလင္း ေဆြးႏြေးသည္။

ဆက္လက္၍ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ ညွိႏွိုင္းေရးေကာ္မတီသည္ တက္ေရာက္လာၾကေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ တစ္ဖြဲ႕ခ်င္းစီ သီးျခားေတြ႕ဆုံ၍ လက္ရွိၿငိမ္းခ်မ္းေရးဆိုင္ရာ ေဆြးႏြေး ေဆာင္႐ြက္နိုင္မႈမ်ား၊ ဆက္လက္လုပ္ေဆာင္မည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဆိုင္ရာ ကိစၥရပ္ မ်ား၊ က်န္းမာေရးႏွင့္ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာကိစၥမ်ားကို ညွိႏွိုင္းေဆြးႏြေးခဲ့ၾကေၾကာင္း သိရွိရသည္။